ပို့စ်အသစ်တွေမရေးရသေးတာလည်းတော်တော်ကြာသွားပြီ ဒီနေ့တော့ သစ္စာတရားနဲ့ပတ်သတ်တဲ့ အကြောင်းအရာအချက်အလက်တွေကို
တင်ပြလိုပါတယ်…
“ သစ္စာဟူသော စကားသည် ပါဠိမှဆင်းသက်လာသော ပါဠိသက်ဝေါဟာရစကားဖြစ်ပါသည်။ ထိုစကားနှင့်ပတ်သက်၍ ပါဠိအဘိဓာန်တွင် မဖောက်မပြန် အမှန်ဆုံးတရား၊ မှန်ကန်သောစကား၊ မှန်ကန်စွာဆိုအပ်သောကတိဟုဖွင့်ဆိုထားပါသည်။”
ဗုဒ္ဓ၀င်အဋ္ဌကထာ၌ မည်သည့်အချိန်အခါမဆို သောကြာပြိုလ်သည် မိမိ၏သွားမြဲလမ်းမှ တိမ်းစောင်းပြောင်းလွဲခြင်းမရှိ တည့်မတ်ဖြောင့်တမ်းစွာသာ သွားသည်။ ထို့အတူဖြောင့်မှတ်စွာပြောဆိုမှုသည် သစ္စာမည်၏ဟု ဖွင့်ဆိုပြထားပါသည်။
ရှင်မဟာသီလ၀ံသ မထေရ်သည် ပါရမီတော်ခန်းပျို့ ၊တွင်
စကားသစ္စာမှန်သော အခါကား သြဇာလေးနက်၊ ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏ဟု သစ္စာနှင့်ပတ်သက်၍ စပ်ဆိုထားခဲ့ပါသည်။။
အရှင်မဟာ ဗုဒ္ဓဃောသ ဆရာတော်သည်လည်း ပါဠိဇာတ်အဋ္ဌကထာ၌ သစ္စာကိုဖွင့်ဆိုပြသည်မှာ….
“သောက်ရှူးကြယ် မည်သည် အလုံးစုံသောဥတုတို့၌ မိမိသွားမြဲလမ်းကိုစွန့်ကာ အခြားလမ်းဖြင့်မသွားဘဲ မိမိသွားမြဲလမ်းဖြင့်သာ သွားသကဲ့သို့ မှန်ကန်စွာ ပြောဆိုခြင်း စကားအရာသည် သစ္စာမည်၏ဟုဖွင့်ဆိုပြသထားသည်ကိုတွေ့ရပါသည်။
မဟာသုတသောမဇာတ်၌ ပြုအပ်သောသစ္စာကို အကြောင်းခံကာ လိုအပ်သောအရာကိုတောင့်တလျှင် ရရှိပြည့်စုံနိုင်သော သတ္တိရှိခြင်းသည် ရှေးပါရမီတော်များထက် ထူးကဲလှပါသည်။ မြေပြင်တစ်ဝန်းလုံး၌ အလုံးစုံသောအရသာမျိုးတို့ ရှိကြရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံးသော အရသာဖြစ်သည်ဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတွင်။။။
(၁) မိမိအား အမျက်ထွက်သူကို မိမိကအမျက်မထွက် စိတ်မဆိုးဘဲနေခြင်းဖြင့် အနိုင်ယူပါ။
(၂) မိမိအားယုတ်မာစွာ နှိပ်စက်ပြုမှုသူကို မိမိကမယုတ်မာဘဲ ကောင်းစွာပြုမှုလျက် ပြန်လည်တုံ့ပြန်ခြင်းဖြင့် အနိုင်ယူပါ။
(၃) မပေး၇က် ၀န်တိုနှမြောသူကို မိမိက ပေးကမ်းခြင်းဖြင့် အနိုင်ယူပါ။
(၄) မဟုတ်မမှန် လိမ်ညာပြောဆိုသူကို မိမိက မှန်ကန်စွာပြောဆိုခြင်း ဟူသောသစ္စာဖြင့် အနိုင်ယူပါဟု ဟောကြားထားပါသည်။
မန်လည်ဆရာတော်ဘုရားကြီးကလည်း မဃဒေ၀လင်္ကာတွင်…
“သစ္စာနှုတ်သီး မန္တန်ကြီးက သေပြီးသော်မှ၊ ရှင်ပြန်ရ၏” ဟူ၍သစ္စာတန်ခိုးနှင့် ပတ်သက်၍
ဖွဲ့ဆိုညွှန်းပြထားပါသည်။
မိလိန္ဓပညာ၌ အရှင်နာဂသိန်က သစ္စာနှင့်ပတ်သက်၍ ဖြေကြားသည်မှာလည်း….
“ မှန်သော သစ္စာစကားဖြင့် ရေမျက်နှာပြင်ပေါ်သို့ ပြေးသွားနိုင်၏။ ပညာရှိတို့သည် မှန်သောသစ္စာစကားဖြင့် အဆိပ်ကိုသော်လည်းကောင်း ပျောက်နိုင်၏။ မှန်သောသစ္စာစကားဖြင့် မိုးသည်ထစ်ကြိုးလျက် ရွှာ၏။ မှန်သောသစ္စာစကား၌တည်သော ပညာရှိတို့သည် နိဗ္ဗာန်ကိုတောင့်တနိုင်ကုန်၏။ မြေအပြင်၌ အလုံးစုံကုန်သော ဤအရသာတို့သည်ရှိကုန်၏။ ထိုအရသာအပေါင်းတို့ထက် မှန်ကန်စွာပြောဆိုသော စကားသည်အလွန်တရာချိုမြိန်သော အရသာမည်၏” ဟူ၍ဖြေကြားခဲ့ပါသည်။။
သစ္စာတရား၏ ထူးမြတ်ပုံကိုဖွဲ့ဆိုရေးသားရန် ကုန်နိုင်တော့မည်မထင်ပါ။
ကျွန်တော်အနေဖြင့်လည်း…..သစ္စာတရားနှင့်ပတ်သက်၍ ထင်မြင်မိသည်မှာ
ခုလက်ရှိခေတ်ကာလနယ်ပယ်၌လည်း….
တစ်ဦးနှင့် တစ်ဦးအပေါ် အဖွဲ့အစည်းအချင်းချင်းအပေါ် သစ္စာစောင့်သိခြင်း၊
ကိုယ်ကျင့်သီလ ထိန်းသိမ်းခြင်းစသော အရည်အသွေးများအပြည့်ရှိပါက
မပျက်မစီးဘဲ ရေရှည်တည်တံ့နိုင်ပြီး အောင်မြင်သော ဘ၀လမ်းကိုတက်လမ်းနိုင်လိမ့်မည်ဟု
ထင်မြင်မိပါသည်..
စာဖတ်သူအဆွေသူတို့အနဖြင့် အမျိုး၊ ဘာသာ၊သာသနာအပေါ်သစ္စာစောင့်သိကြလျှက်
လောကီ ၊ လောကုတ္တရာနယ်ပယ်တွင်အောင်မြင်တိုးတက်လျက် မြတ်သောနိဗ္ဗာန်ဆီသို့ဦးတည်လျှောက်လှမ်းနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက်
တက္ကသိုလ်သျှင်သီရီ ရေးသားပူဇော်သော “သစ္စာတန်ခိုးတော်များ” စာအုပ်မှ မှီးငြမ်းကိုးကားတင်ပြလိုက်ပါတယ်။။။
ငြိမ်းအေးထွန်း(၀န်းသို)
www.nyeinayetun.blogspot.com
သစ္စာအမျိုးအစားများကို ဆက်လက်ရေးသားတင်ပြပေးသွားပါမယ်…
Monday, 30 March 2009
Sunday, 18 January 2009
ရေစက်ချအမျှဝေသံ ဘယ်အရပ်မှနေနာခံ
ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ၏ ဓမ္မဆောင်ပါးလေးတစ်ပုဒ်မှ မှတ်သားမိသည်များကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်...
" ဘ၀တစ်ခု၏အစကို ပဋိသန္ဓိ ဟုခေါ်သည်။ယင်းကိုမြန်မာတို့က ပဋိသန္ဓေ ဟုခေါ်ကြသည်။အဓိပ္ပာယ်က အဆက်အစပ် ဟူ၍ဖြစ်သည်။
ဘ၀ဟောင်းနှင့်ဘ၀သစ်ကြားအဆက်အစပ်ဖြစ်သည်။ဘ၀တစ်ခု၏အဆုံးကိုတော့စုတိဟုခေါ်သည်။စုတိဟူသည်ဘ၀ဟောင်းမှဘ၀သစ်သို့ရွေ့သွားခြင်းပြောင်းသွားခြင်းဖြစ်သည်။
အနိစ္စဟူသည် အမြဲမရှိခြင်း သို့မဟုတ် အရှိမမြဲခြင်းဖြစ်သည်။မြဲတာရယ်လို့ ဘာတစ်ခုမှမရှိသလို ရှိတာတွေလည်းဘာတစ်ခုမှမမြဲပါချေ။ထိုအနိစ္စသဘောကို ကောင်းစွာနှလုံးသွင်းဆင်ခြင်သင့်လှပါသည်. အနိစ္စသဘောကိုကျေကျေနပ်နပ်ကြီးနှလုံးသွင်းဆင်ခြင်နိုင်ခြင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်း၏လာဘ်ကြီးတစ်ပါး ၊ရတနာကြီးတစ်လုံး
အခွင့်ထူးကြီးတစ်ရပ်ပင်ဖြစ်ပါသည်။
ဘ၀မှာ ပြဿနာအခက်အခဲတွေ၊ စိတ်နှလုံးရှုပ်ထွေးမှုတွေနှင့်လေးလံနေကြရတာကအရာရာတိုင်းကိုနိစ္စ၊ သုခ၊အတ္တ ဟုနှလုံးသွင်းနေကြ၍ဖြစ်သည်။အမြဲဟူ၍ ဘာတစ်ခုမှမရှိပုံ၊ ရှိနေတာတွေလည်းဘာတစ်ခုမမြဲပုံကို နေ့စဉ်နှလုံးသွင်းဆင်ခြင်
နိုင်ပါက လွတ်လပ်မှု၊သက်သာမှု ၊အေးချမ်းမှုတွေအံ့သြဖွယ်ရာတွေ့ရှိရပါလိမ့်မယ်။
ဘုရားရှင်က အိုရခြင်းသဘော၊ နာရခြင်းသဘော၊သေရခြင်းသဘော၊ကောင်းကံ ဆိုးကံတို့၏ကောင်းကျိုး ဆိုးကျိုးပေးခြင်းသဘော၊
မိမိချစ်ခင်ရတာတွေအားလုံးကို စွန့်ပစ်ခွဲခွာရမည့်သဘောတို့ကိုရဟန်းရှင်လူအားလုံး နေ့စဉ်ဆင်ခြင်ရစ်ကြပါလေ ဟုမှာကြားသွားခဲ့ပါ
သည်။မိမိတို့ဘ၀မှာ အေးအေးချမ်းချမ်းနေလိုလျှင်ထိုမိန့်မှာချက်ကို လိုက်နာရမည်။
အနိစ္စာ ၀တ သင်္ခါရာ- သက်ရှိသက်မဲ့ ရုပ်နာမ်ဓမ္မသင်္ခါရဟူသမျှ ဘာတစ်ခုမှအမြဲမရှိပါတကား ဟုဘုရားရှင်မိန့်သည့်အတိုင်းအရာအားလုံးက အနိစ္စစက်ကွင်းမှ မလွတ်ကင်းနိုင်ကြချေ၊ အရာအားလုံးကရွှေ့လျားနေကြ၊ပြောင်းရွေ့နေကြသဖြင့်၊ အရာရာမှာအိတ်စပါယာဒိတ်ဟူ၍ရှိသည်။ ကမ္ဘာကြီးသော်မှ အိတ်စပါယာဒိတ်ရှိသည် ပျက်ချိန်တန်ပျက် ပြောင်းချိန်တန်ပြောင်းရလိမ့်ဦးမည်။။
သံသရာဟူသည်ရုပ်နာမ်နှစ်ပါးနှင့် အသက်ဆက်ရသည်။သတ္တ၀ါတွေနှင့်လည်ပတ်ရသည်။ လူသားဟူသည်လည်ပတ်နေသော သံသရာစက်ဘီးကြီး၏ ခွေးသွားစိတ်တစ်ခုမှသာပါဝင်ပတ်သက်ရသည်။ ဗုဒ္ဓဘာသာအရ(၄၁)ဘုံသံသရာထဲမှာ မိမိတို့ဘ၀တွေအမျိုးမျိုးပြောင်းလဲခဲ့ကြရသည်။အနာဂါမ်ရဟန္တာတို့သာ နေခွင့်ရှိသောသုဒ္ဓါ၀ါသငါးဘုံကလွဲ၍ ကျန်(၂၆)ဘုံအားလုံး မိမိတို့ရောက်ဖူးကြသည်။ ကမ္ဘာမြေပြင်ဝယ် မိမိရုပ်ခန္ဓာအလောင်းကောင်မမြုပ်နှံဖူးသောနေရာလွတ်သည်ဟူ၍မရှိ၊သံသရာက ထိုမျှရှည်လျားခဲ့လေပြီ။ မိမိတို့ဘ၀တွေ၊ ဘ၀တွေပြောင်းခဲ့၊ ပြောင်းခဲ့ရတာတွေလည်းထိုမျှများပြားခဲ့လှလေပြီ။
အရွေ့အပြောင်းနှင့်စပ်၍ "တစ်ရွှာမပြောင်းသူကောင်းမဖြစ်"ဟူသောအဆိုလည်းရှိသည်။"သေချင်တဲ့ကျားတောပြောင်း"ဟူသောအဆိုလည်းရှိသည်။ပထမအဆိုက အပြောင်းကိုအားပေးခြင်းအဓိပ္ပာယ်သက်ရောက်သည်။ ဒုတိယအဆိုကအပြောင်းကိုအားမပေးခြင်းအဓိပ္ပာယ်သက်ရောက်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဦးတည်ချက်ပန်းတိုင်ကားနိဗ္ဗာန်ဖြစ်သည်။ဗုဒ္ဓဘာသာဝင်တို့သည် နိဗ္ဗာန်ဘက်သို့ဦးတည်၍ တစ်တစ်ဘ၀ပြီးတစ်ဘ၀ရွေ့နေကြ၊ ပြောင်းနေကြရသည်။သိုရရာတွင် အပြောင်းကမတည့်ဘဲ လွဲလွဲသွားသဖြင့်ဤမျှသံသရာရှည်ခဲ့ခြင်း
ဖြစ်သည်။စင်စစ်ဘ၀၌နေခြင်းနှင့်သေခြင်းနှစ်ခုသာရှိသည်။ နေခြင်းအခန်းပြီးသွားရင်တော့ သေခြင်းအခန်းကိုရောက်လာပါလိမ့်မည်။ အမှန်တော့သေခြင်းဟူသည် အခြားမဟုတ်၊အဟောင်းနှင့်အသစ်နေခြင်ဒနှစ်ခု၏ စပ်ကူးမပ်ကူးကြားကာလသာဖြစ်သည်။
မိမိတို့သည် နောက်ဆုံးတစ်နေ့နီးစပ်ရာ သုသာန်သို့ဧကန်ရောက်ကြရမည်။ ထိုအခါရေစက်ချဘုန်းကြီးက "ဘ၀တစ်ပါးသို့ ပြောင်းသွားရှာသော ဦးဘယ်သူ၊ဒေါ်ဘယ်သူအားအမျှ..အမျှ..ပေးဝေပါ၏"စသည်ဖြင့် ရေစက်ချအမျှဝေသံ ကိုမိမိကဘယ်ဘုံ ဘယ်ဘ၀ကနေဘယ်ပုံ ဘယ်နည်းဖြင့်နာယူရပါမည်နည်း။ ဒါအရေးကြီးသည်။
ရက်ကန်းသည်မလေးကိုဘုရားက 'ဘယ်ကလာခဲ့လဲ'မေးတော့ "မသိပါဘုရား" ဘယ်ကိုသွားမှာလဲ မေးတော့လည်း မသိပါဘုရား
တဲ့ထို့အတူပါပဲ မိမိတို့လည်းဘယ်ကိုသွားရမည်၊ပြောင်းရမည်ဆိုတာတပ်အပ်သေချာမိသိရသေးပါ။ အရေးကြီးတာက မိမိတို့နောက်ဆုံးဘ၀အကူဒအပြောင်းမှာ အပြောင်းကအလွဲဖြစ်မသွားဖို့တော့လိုပေသည်။ဤဘ၀မှာစုတေလို့နောင်ဘ၀မှာ လူ့ပြည်နတ်ပြည်ရောက်ရလျှင် အပြော်ငးကတည့်သွားသည်ဟုဆိုနိုင်သည်။ထိုသို့မဟုတ် အပါယ်လေးဘုံများရောက်သွားခဲ့လျှင်
အပြောင်းကလွဲချေပြီ။ အပြောင်းလွဲလျှင်တော့ ကိုယ်ကျိုးနည်းရတော့မည်။ အပြောင်းမလွဲဖို့ကြိုတင်၍ဘုရားတရားအလုပ်၊ ဒါနကောင်းမှု ၊သီလကောင်းမှုအစရှိသော ကုသိုလ်ကောင်းမှုအလုပ်တွေ များများပြုကာ ပြင်ဆင်ထားကြပါစို့လို့ တိုက်တွန်းရင်း
တရားတော်ကို နိဂုန်းချုပ်ပါတယ်...
(အားလုံးပျော်ရွှင် ငြိမ်းအေးနိုင်ကြပါစေ....)

Thursday, 8 January 2009
အမိုက်ဆုံးလူ မဖြစ်စေနှင့်
ကိုယ်သိပ်ချစ်ရတဲ့ သူတွေနဲ့ အသက်ရှင်နေစဉ် ခေတ္တခဏ လမ်းခွဲရတဲ့
အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ် သို့မဟုတ် သူ တစ်ယောက်ယောက်က ကိုယ်ကို
စွန့်သွားတာပဲဖြစ်ဖြစ် ကိုယ် သိပ်ချစ်တဲ့လူတစ်ယောက် က လူ့လောကကို
အရင်စွန့်ခွာပြီး အပြီးအပိုင် လမ်းခွဲရတဲံ အခါ မျိုးမှာပဲဖြစ်ဖြစ်
ဝမ်းနည်းတတ်ကြတာဟာ သူသူ ကိုယ်ကိုယ် လူအများစုရဲ့ ဖြစ်ရိုးဖြစ်စဉ်
သဘာဝတစ်ခုပါပဲ။
သံယောဇဉ်ကြီးရင် ကြီးသလောက် ၊ အစွဲအလမ်း ပြင်းထန်ရင် ပြင်းထန်သလောက်
ဝမ်းနည်းမှု အတိုင်းအတာ မြင့်မားသွားပါတယ်။ သ့ယောဇဉ် ပိုကြီးရင်
ပိုဝမ်းနည်းရပါတယ်။ အစွဲအလမ်း ပိုပြင်းထန်ရင် ပို ၀မ်းနည်းရပါတယ်။
အချစ်ပိုကဲလေ ၊ အဖြစ်ပိုသည်းလေပါပဲ။ ၀မ်းနည်းရခြင်း ၊တမ်းတ
ပူဆွေးရခြင်းဆိုတဲ့ ခံစားမှုဟာ လက်ခံသိမ်းပိုက်ထားသင့်တဲ့ မြတ်နိုးစရာ
စည်းစိမ်ချမ်းသာတစ်မျိုးမဟုတ်ပါဘူး။ ငြင်းပယ်စွန့်လွတ်ပစ်သင့်တဲ့
မနှစ်မြို့စရာ အမှိုက်ရှုပ် ၊ အညစ်အကြေးပုပ်တစ်မျိုးပါ။ ရင်ကိုအေးမြစေတဲ့
အရာမျိုးမဟုတ်ပါဘူး၊ နှလုံးသားကို ပူလောင်စေတဲ့ အရာပါ။
ကိုယ်သိပ်ချစ်ရတဲ့သူတွေနဲ့ သေကွဲ၊ ရှင်ကွဲ၊ လမ်းခွဲ ရလို့ ၀မ်းနည်းတဲ့
ခံစားမှုမျိုါ် မခံစားချင်ဘူးဆိုရင်တော့ နည်းလမ်းက ဘာမှ မခက်ပါဘူး။
ဘယ်သူကိုမှ မချစ်ဘဲ နေရုံပါပဲ။ ဘယ်သူကိုမှ စွဲစွဲ လမ်းလမ်း
မချစ်မိခဲ့ဘူးဆိုရင် ဘယ်သူနဲ့ ပဲ လမ်းခွဲရ လမ်းခွဲရ ၀မ်းမနည်းတော့ပါဘူး။
စွဲလမ်းလို့ အသည်းကျွန်းရတာ မဟုတ်လား။
သိပ်ချစ်လို့ စိတ်ညစ်ရတာ မဟုတ်လား။
မစွဲလမ်းရင် အသည်းမကျွမ်းရတော့ဘူးပေါ့။ သိပ်မချစ်ရင်
စိတ်မညစ်ရတော့ဘူးပေါ့။ အသည်းမကျွမ်းချင်ရင် မစွဲလမ်းပါနဲ့။
စိတ်မညစ်ချင်ရင် သိပ်မချစ်ပါနဲ့။ မချစ်ရမနေနိုင်ရင်လည်း
နည်းနည်းလောက်တော့ လျှော့ချစ်ပါ။ ချွေတာရေးအချစ်နဲ့ ခြိုးခြိုးခြံခြံ ၊
ခြစ်ခြစ်ခြုတ်ခြုတ် ချစ်ပါ။ `မင်း ငါ့ကို လျှော့်ချစ်ပါလား´ လို့တောင်
သီးချင်းဆိုထား ပါသေးတယ်။ `လျှော့ချစ်´ ပြီး `ပေါ့ပစ်´ လိုက်ရင် `ကော့ကစ်
´ နေအောင် မခံစားရတော့ဘူး။
`ပိယ´ ဆိုတာ ချစ်ရတဲ့သူပါ။ `ပိယဟိသိပ္ပယောဂဒုက္ခ´ ဆိုတာ `ချစ်ရတဲ့သူတွေနဲ့
ခွဲခွာကွေကွင်းရခြင်း ဆင်းရဲပါ´။ ချစ်ရတဲ့ သူဆိုတာ မရှိမှတော့
ချစ်ရတဲ့သူနဲ့ ခွဲခွာကွေကွာင်းရရင် ဖြစ်လာမယ့် ၀မ်းနည်းရခြင်းဆင်းရဲ၊
တမ်းတပူဆွေးရခြင်း ဆင်းရဲ ဆိုတာတွေလည်း မရှိတော့ပါဘူး။
ဘယ်လောက်ကောင်းလိုက်ပါသလဲ။
ဒါပေမဲ့ လူဆိုတာ လူကလည်း ခက်တော့ အခက်သားကလား၊ `မချစ်ရင်
မနေနိုင်တာကလွဲလို့´ ဆိုတဲ့အတိုင်း အနည်းဆုံး တစ်ယောက်ယောက်ကိုမှ
မချစ်ရရင် ဘ၀က မပြည့်စုံသလိုပဲ၊ ဟာတာတာကြီးနဲ့။ အနည်းဆုံးတစ်ယောက်ယောက်
ကိုတော့ နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်း ချစ်နေရမှ နေသာထိုင်သာ ရှိသလိုလို၊
စိတ်ကျေနပ်မှု ရသလိုလို.....
ပိုးဖလံက မီးကို ပူမှန်းမသိလို့ မီးထဲ တိုးဝင်တာ..။ လူက အချစ်ကို
ပူမှန်းသိသိကြီးနဲ့ အချစ်မှာ ပျော်ဝင်နစ်မြုပ်ချင်တာ...။ ပိုးဖလံနဲ့ လူ
ဘယ်သူပိုမိုက်ပါသလဲ...။

Friday, 12 December 2008
ရိုးသားမှု၏ဂုဏ်
လူတစ်ယောက်ကို ကိုယ်ကျင့်တရားကို ထိုသူတယောက်၏
ရိုးသားမှုရှိခြင်းဆို သောအချင်းအရာနဲ့တိုင်းတာနိုင်ပါသည်။ ရိုးသားခြင်းကို ဘာနဲ့မှ
ဝယ်ယူ၍မရ ကိုယ်တိုင်ကျင့်ကြံမှရနိုင်သော အရာတစ်ခုဖြစ်ပါသည်။
ထိုရိုးသားမှုဆိုသောအရာကိုရယူဖို့ခက်သလို ထိန်းသိမ်းဖို့လည်းခက်ပါသည်။
ရိုးသားခြင်းဆိုသောဂုဏ်ကိုမနှစ်သက်သူ မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်မထင်ပါဘူး။Aလွန်
တရာကောက်ကျစ်ယုတ်မာသောသူတယောက် ဖြစ်နေရင်တောင်မှ ရိုးသားမှုကိုတော့
မြတ်နိုးမှာအမှန်ပါဘဲ..ရိုးသားမှုကိုရယူတက်ဖို့ ဆရာတော်ြဦးဇောတိက က....
"အမှန်တကယ်ဖြစ်နေတာတွေကို
အမှန်အတိုင်းလက်ခံနိုင်ဖို့အရေးကြီးတယ်။စိတ်ချမ်းသာအောင်
ကိုယ်ကိုကိုယ်လှည့်စားတာတွေရှိတယ်အဲဒီလိုလှည့်စားတာတွေ ဟာစိတ်ထဲမှာပင္ဋိပက္ခဖြစ်စေတယ်။ ထိုပင္ဋိပက္ခဟာ
စိတ်ဓာတ်အင်အားကိုကုန်ခန်းစေတယ်။လှည့်စားမှုထဲမှာပဲ အင်အားတော်တော်များများ
ကုန်သွားပြီး အသိအမြင်ရှင်းလင်းမှု လွတ်လပ်မူ ရဖို့
အရေးမှာအင်အားသုံးစရာမကျန်တော့ဘူး။ အမှန်ကိုလက်ခံဖို့ ကိုယ့်ကိုယ်ကိုယ်
မညာဖို့လိုတယ်။ ရိုးသားမှုရှိဖို့လိုတယ်။ ရိုးသားမှုရှိမှ အသိဥာဏ်ပွင့်လင်းမယ်။"
လို့ရေးသားသြ၀ါဒပေးထားတာကိုဖက်မိဖူးပါသည်..ယခုဖြစ်နေသောဘ၀ကိုကျေကျေနပ်နပ်
လက်ခံနိုင်ရမည်..တင်းတိမ်နိုင်ရပါမည်။။ဒီထက်သာလွန်မြင့်မြတ်သော ဘ၀ကိုပိုင်ဆိုင်လိုလျှင်
မှန်ကန်သောနည်းလမ်းဖြင့်ရှာဖွေကြိုးစားပါမှ
ရိုးသားခြင်းဆိုသော အခြင်းအရာကို ရယူနိုင်
ချီးမွမ်းခံရပေမည်..နေရာတော်တော်များများတွင်ရိုးသားမူရဲ့ ခိုင်းနှိုင်းဖွယ်မရှိတဲ့
အတုမဲ့ဂုဏ်ရည်တွေကို ကြားရမြင်တွေ့ရသည်မှာ
ကြည်နှုးမိပါသည်။။သူငယ်ချင်းတို့ကိုနောက်ဆုံးမှာလိုသည်မှာ "နေ့စဉ်မိမိဘ၀ရဲ့
တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေလေ့လာ အားထုတ်ပြီး
ရိုးရိုးသားသားနေထိုင်ကျင့်ကြံကာ အေးချမ်းပျော်ရွင်စွာဖြင့် ကိုယ်ရဲ့
အနာဂတ်ခရီးလမ်းကိုလျှောက်လှမ်းကြပါလို့ တိုက်တွန်းအားပေးရင်း
Type the rest of your post here.

Wednesday, 19 November 2008
လောကဓမ္မတိုးတက်ကြောင်းတရား
လောကဓမ္မတိုးတက်ဖို့ အတွက်နေ့စဉ်လုပ်သင့်တဲ့အလုပ်လေးတစ်ခုရှိတယ်။
ဘာအလုပ်လဲဆိုတော့ ငါဒီနေ့ဘာမကောင်းတာများ လုပ်ခဲ့မိသလဲ ဒါလေးပြန်ပြီး
စစ်ဆေးတဲ့အလုပ်ပါ။ ဒီအလုပ်ဟာ ဘ၀တိုးတက်ရေးအတွက် အင်မတန်အရေးကြီးတဲ့
အလုပ်ပါပဲ။ လောကရေးရာမှာဘဲဖြစ်ဖြစ်ဓ ဓမ္မရေးရာမှာပါ ကြီးပွားတိုးတက်လိုတဲ့ ပုဂ္ဂိုလ်တိုင်းမိမိရဲ့
ကာယကံ၊ ၀စီကံ၊ မနေကံတွေကို နေ့စဉ်နေ့တိုင်း၊ညနေတိုင်းညနေတိုင်း၊ ညတိုင်းညတိုင်းအမြဲတမ်း
အိပ်ရာဝင်ကာနီးတိုင်း အမြဲတမ်းစစ်ဆေးသင့်တယ်။ ဖြစ်နိုင်ရင်တော့ မကြာခဏဆိုသလို အချိန်တိုင်း
အချိန်တိုင်းစစ်ဆေးသင့်တယ်။
တစ်နေ့တာအတွင်း ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ (ကိုယ်၊ နှုတ်၊စိတ်) အလုပ်တွေကိုရော၊ မကောင်းတဲ့
(ကိုယ်၊ နှုတ်၊စိတ်) အလုပ်တွေကိုပါ သေသေချာချာစစ်ဆေးရမယ်။အားနည်းချက် -အားသာချက်၊ ကောင်းမှု-မကောင်းမှု၊ အပြုသဘော-အဖျက်သဘော၊ အကျိုးရှိ- အကျိုးမဲ့၊ဒါတွေကို စေ့စေ့စပ်စပ်သုံးသပ်ရမယ်။
သတိပညာနဲ့ စေ့စပ်သေချာစွာ စစ်ဆေးသုံးသပ်ပြီးပြီဆိုရင် အားနည်းချက်ကိုပြုပြင်ရမည်၊ အားသာချက်ကိုဖြည့်ဆည်းရမယ်၊ကောင်းမှုကို ခိုင်မြဲစေရမယ်၊ မကောင်းမှုကို ယိုင်လဲစေရမယ်၊ အပြုသဘောကိုဆောင်ရမယ်၊ အဖျက်သဘောကိုရှောင်ရမယ်၊ အကျိုးရှိကိုဆက်လုပ်ရမယ်၊ အကျိုးမဲ့ကို စွန့်လွတ်ရမယ်၊အဲဒီလိုဆိုရင် မိမိရဲ့အလုပ်၊ မိမိရဲ့ဘ၀၊ တိုးတက်အောင်မြင်လာမှာမလွဲပါဘူး။
ဒါကြောင့် လောကရေးရာမှာဘဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာဘဲဖြစ်ဖြစ်၊ မိမိရဲ့ ကိုယ်၊နှုတ်၊စိတ်အလုပ်တွေကို
အမြဲမပြတ်စစ်ဆေးနေခြင်းဟာ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းပါဘဲ။။
(အရှင်ဆန္ဒဓိက)

Wednesday, 12 November 2008
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။
ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာ
အလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။
သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့
သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။
ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံး
တွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။ ကထိန်ဟူသည်မှာ ''ကထိန''ဟူသော
ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟု
ချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။
ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။
ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ်သည်။ ကထိန်သင်္ကန်းကပ်လှူပွဲ
ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန်အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်
မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်
မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟု သတ်မှတ် ကျင်းပကြ
သည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်
ချပြ် ကီး တစခ်ုပငြ် ဖစသ် ည။် ကိုယ်ကျင့်သီလ ရှိသည်မရှိသည်ကို ဤသုတြ် ဖင့်
ထင်ဟပ်စေနိုင်သည်။
အရှင်ဒေဝဒတ်အား ကိုးကွယ်ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာ
တသတ်မင်းသားသည် ဖခင်ဘုရင် ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီး
မှားခရဲ့ာ ဖခငြ် ကီး အား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါ
ဝေဒနာစွဲကပ်တော့သည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမား
တော်၊ မည်သည့်ဆေးစွမ်းကောင်းကမျှ မကုသနိုင်တော့ပေ။ တန်ဆောင်မုန်း
လပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီစွာဖြင့်ညီလာခံ
သဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်း
လပြည့်ဝန်းက ထွန်းလင်းသာယာနေသည်။ ကြည်နူးသာယာဖွယ် ကောင်းလှ
သည့် တန်ဆောင်မုန်းလပြည့်ည၏ အလှကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေး
စေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။ မှူးကြီး မတ်ကြီးများ
အား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့
သည်။
ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်း
မှူးကြီးမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူ
သည်။ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံချဉ်းကပ်ဖို့ရန် ဆရာ
ဇီဝကကို စီစဉ်စေသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ရာဇဂြိုဟ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးနေသော ဘုရားကျောင်းတော်သို့ သွားရာ
လမ်းခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါးရိပ်ကြောင့် အမှောင်ကျနေခြင်း
တို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။
အဇာတသတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်
မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေသည်။
အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရား
တော်ကို နာကြားရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့
သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားလေသည်။ ပုထုဇဉ်
တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်းကိုပင်
ခံယူရရှိသည် ။အဇာတသတ်မင်း သည် ပထမသဂါင်္ ယနာတင် ဒကာအဖြစ်လည်းကောင်း
ခံယူခဲ့သည် ။ဘုရားရှုင်၏ ဓာတ်တော်များကို စုဆောင်း သမိး ဆည်း ၍ ဓာတ်ေ တာ်
တိုက်ကြီးကိုလည်း တည်ထားခဲ့သည။် ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာလဲပွဲကိုလည်း ကျင်းပကြသည်။
အရိမေတ္တေယျ ဘုရားအလောင်းနတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲ
မထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာ
ဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက
ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း၊
လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်
တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း
ခြင်းဖြင့် ရှင်မာလဲပွဲကို ဆင်ယင်ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့
သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။ ထို့ကြောင့်မဲဇလီပင်
သည် ဆေးပေါင်းခသည်။ ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး
၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါ
ရှိသည်။ ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ်
ကို စားသုံးကြသည်။
တနေ် ဆာငမ်ုန်း လတငွ် တနေ် ဆာငတိုငမ်ီး ထနွ်း ပ၊ွဲ ကထနိ ပ် ၊ွဲ မသိုးသကင်္န်း
ရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့
ပွဲများ ကျင်းပကြလေသည်။
တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။
ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊ အာဇဋာ
ကောင်းကင်ထက်တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊ ဆီးနှင်းမြူတိမ် သူရိန်
မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင်
ရခြင်း၊ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်း
တို့ကြောင့် မြန်မာတို့၏ သာယာပျော်ရွှင်ဖွယ် ကောင်းသော လတစ်လပင်
ဖြစ်ပါကြောင်းကို ပန်းတောင်းသန်းကြွယ်၏ ဆောင်းပါးအားဗဟုသုတအလိုဌာ တင်ပြလိုက်ပါသည်။။

Tuesday, 4 November 2008
အဝေးမှာမနေပါနှင့်
ကိုယ့်ရည်မှန်းချက်က
"စိတ်အေးချမ်းသာမှု"ဆိုတာကို မမေ့ရင်
ကိုယ့်ဝီရိယကလည်း
စိတ်ပူလောင်စေတဲ့
ဝီရိယမျိုးမဖြစ်တော့ဘဲ
စိတ်အေးချမ်းစေတဲ့
ဝီရိယတွေချည်းပဲ ဖြစ်သွားမှာပါ။
နိဗ္ဗာန်ရောက်ချင်ပါတယ်ပြောပြီး
စိတ်အေးချမ်းစေမယ့်
စိတ်ပူလောင်စေမဲ့
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေ ပြောနေမယ်၊
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
အတွေးတွေ တွေးနေမယ်ဆိုရင်
နိဗ္ဗာန်နဲ့ အဝေးကြီးဝေးနေအုံးမှာပါ။။။
Type the rest of your post here.
"စိတ်အေးချမ်းသာမှု"ဆိုတာကို မမေ့ရင်
ကိုယ့်ဝီရိယကလည်း
စိတ်ပူလောင်စေတဲ့
ဝီရိယမျိုးမဖြစ်တော့ဘဲ
စိတ်အေးချမ်းစေတဲ့
ဝီရိယတွေချည်းပဲ ဖြစ်သွားမှာပါ။
နိဗ္ဗာန်ရောက်ချင်ပါတယ်ပြောပြီး
စိတ်အေးချမ်းစေမယ့်
စိတ်ပူလောင်စေမဲ့
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေ ပြောနေမယ်၊
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
အတွေးတွေ တွေးနေမယ်ဆိုရင်
နိဗ္ဗာန်နဲ့ အဝေးကြီးဝေးနေအုံးမှာပါ။။။
Type the rest of your post here.
Saturday, 1 November 2008
သရဏဂုံ(၃)ပါးမှတ်ဖွယ်

သရဏဂုံ။ ။ သရဏ +ဂမန ဟူသောပါဠိမှ သရဏဂုံ ဟုမြန်မာစကားဖြစ်လာသည်။
(သရဏ= ကိုးကွယ်ရာဟူ၍ +ဂမန= အသိအမှတ်ပြုလျှက် ဆည်းကပ်ခြင်း) ဘုရား တရား
အရိယာ သံဃာသည် ကိုးကွယ်ရာ အစစ်ဖြစ်၏ ဟုအသိအမှတ်ပြုလျက် ရိုသေလေးမြတ်ဆည်းကပ်လိုသော
ကုသိုလ်စေတနာကို သရဏဂုံ ဟုခေါ်၏။ ၁- ဘုရားကိုးကွယ်မှု၊ ၂-တရားကိုးကွယ်မှု ၊၃- အရိယာသံဃာကိုးကွယ်မှုအားဖြင့် ၃ပါးရှိသည်။ သရဏဂုံသုံးပါးဟု ယခုကာလခေါ်ဆိုကြသည်မှာလည်း
ဤသုံးပါးပင်ဖြစ်ပါသည်။ မိမိသန္တာန်၌ ထိုရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်လိုသော စိတ်စေတနာဖြစ်နေကြောင်း ထင်ရှားပြဖို့ရာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသောပါဠိကိုဖြစ်စေ ။ဘုရားကိုးကွယ်ပါ၏
စသောမြန်မာစကားကိုဖြစ်စေ ၊ရွတ်ဆိုခြင်းသည် သရဏဂုံဆောက်တည်ခြင်းမည်၏။
ထိုသို့ဆောက်တည်ရာဝယ်........
ဗုဒ္ဓံ။ ။ ဗုဒ္ဓံ- အရဘုရားဟုဆိုရာ၌ရုပ်ပုံ ရုပ်ပွားဆင်းတုတော်များလောက်တွင် စိတ်မထားဘဲဘုရားဂုဏ်တော်
ဖွင့်၌ပြခဲ့သော ဘုရားရှင်ကို ရည်မှန်း၍ထားရာ၏။
ဓမ္မံ။ ။ဓမ္မံ-အရ တရားဟုဆိုရာ၌ ယခုကာလဓမ္မကတိကတွေ၊ သံရှည်သံတိုဆွဲ၍ ယပ်လှဲယပ်ထောင်တရားများနှင့် စာအုပ်စာပေတွေလောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ၊
အနတ္တလက္ခဏာသုတ် မဟာသတိပဋ္ဌာန် စသောဘုရားဟောပါဠိတော် ၊အဋ္ဌကထာကျမ်းစာအစဉ်နှင့်
မဂ်ဖိုလ် နိဗ္ဗာန်တရားများကို ရည်မှန်း၍ထားရာ၏။
သံဃံ။ ။သံဃံ- အရ သံဃာဟုဆိုရာ၌စိတ်မထားဘဲ သံဠာဂုဏ်တော်၌ပြခဲ့သော အရိယာသံဃာကိုရည်မှန်း
ထားရာ၏။ ဤသို့ရည်မှန်းနိုင်မှသာသရဏဂုံ အစစ်အမှန်ရမည်ဖြစ်ပါသည်။
ရတနာမြတ်သုံးပါးသည် အပ္ပါယ်ဆင်းရဲ ၊သံသရာဆင်းရဲတို့မှ မကျရောက်အောင်ဟောတော်မူသောအားဖြင့်
စောင့်ရှောက်တော်မှုပေရကား........
ကိုး =ရတနာသုံးပါးကို ကိုးစားရာ(အားကိုးစရာ)ဟူ၍လည်းကောင်း။
ကွယ်= ဘေးရန်ပေါ်လာလျင်ကာကွယ်ဖို့ရာ ဟူ၍လည်းကောင်း။
လဲလျောင်း=(မဘအပေါ်မှာယုံကြည်၍ သားသမီးများလဲလျောင်းအိပ်နေသလို) ရတနာသုံးပါးအပေါ်တွင်ကောင်းစွာယုံကြည်၍လဲလျောင်းဖိုရာ ဟူ၍လည်းကောင်း၊
ပုန်းအောင်း=အပ္ပါယ်ဘေး မရောက်အောင်ပုန်းအောင်းနေဖို့ရာ ဟူ၍ လည်းကောင်း။
မှီခို=မိဘကို သားသမီးကမှီခိုသကဲ့သို့ မှီခိုဖို့ရာ ဟူ၍လည်းကောင်း အသိအမှတ်ပြုလျက်
နှစ်နှစ်သက်သက်မှီဝဲဆည်းကပ်ပါ၏ ဟုဆိုလိုသည်။
တစ်ကြိမ်ဆောက်တည် တစ်သက်တည်။ ။ဤသို့ယုံကြည်လေးမြတ်စွာ တစ်ကြိမ်လောက်ဆောက်တည်ထားလျှင်ယုံကြည်စိတ်မပျက်သမျှ တသက်လုံး
သရဏဂုံတည်သူ မည်တော့၏။
Subscribe to:
Posts (Atom)