Wednesday, 19 November 2008

လောကဓမ္မတိုးတက်ကြောင်းတရား

လောကဓမ္မတိုးတက်ဖို့ အတွက်နေ့စဉ်လုပ်သင့်တဲ့အလုပ်လေးတစ်ခုရှိတယ်။
ဘာအလုပ်လဲဆိုတော့ ငါဒီနေ့ဘာမကောင်းတာများ လုပ်ခဲ့မိသလဒါလေးပြန်ပြီး
စစ်ဆေးတဲ့အလုပ်ပါ။ ဒီအလုပ်ဟာ ဘ၀တိုးတက်ရေးအတွက် အင်မတန်အရေးကြီးတဲ့
အလုပ်ပါပဲ။ လောကရေးရာမှာဘဲဖြစ်ဖြစ်ဓ ဓမ္မရေးရာမှာပါ ကြီးပွားတိုးတက်လိုတဲ့ ပုဂ္ဂိုလ်တိုင်းမိမိရဲ့
ကာယကံ၊ ၀စီကံ၊ မနေကံတွေကို နေ့စဉ်နေ့တိုင်း၊ညနေတိုင်းညနေတိုင်း၊ ညတိုင်းညတိုင်းအမြဲတမ်း
အိပ်ရာဝင်ကာနီးတိုင်း အမြဲတမ်းစစ်ဆေးသင့်တယ်။ ဖြစ်နိုင်ရင်တော့ မကြာခဏဆိုသလို အချိန်တိုင်း
အချိန်တိုင်းစစ်ဆေးသင့်တယ်။
တစ်နေ့တာအတွင်း ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ (ကိုယ်၊ နှုတ်၊စိတ်) အလုပ်တွေကိုရော၊ မကောင်းတဲ့
(ကိုယ်၊ နှုတ်၊စိတ်) အလုပ်တွေကိုပါ သေသေချာချာစစ်ဆေးရမယ်။အားနည်းချက် -အားသာချက်၊ ကောင်းမှု-မကောင်းမှု၊ အပြုသဘော-အဖျက်သဘော၊ အကျိုးရှိ- အကျိုးမဲ့၊ဒါတွေကို စေ့စေ့စပ်စပ်သုံးသပ်ရမယ်။
သတိပညာနဲ့ စေ့စပ်သေချာစွာ စစ်ဆေးသုံးသပ်ပြီးပြီဆိုရင် အားနည်းချက်ကိုပြုပြင်ရမည်၊ အားသာချက်ကိုဖြည့်ဆည်းရမယ်၊ကောင်းမှုကို ခိုင်မြဲစေရမယ်၊ မကောင်းမှုကို ယိုင်လဲစေရမယ်၊ အပြုသဘောကိုဆောင်ရမယ်၊ အဖျက်သဘောကိုရှောင်ရမယ်၊ အကျိုးရှိကိုဆက်လုပ်ရမယ်၊ အကျိုးမဲ့ကို စွန့်လွတ်ရမယ်၊အဲဒီလိုဆိုရင် မိမိရဲ့အလုပ်၊ မိမိရဲ့ဘ၀၊ တိုးတက်အောင်မြင်လာမှာမလွဲပါဘူး။
ဒါကြောင့် လောကရေးရာမှာဘဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာဘဲဖြစ်ဖြစ်၊ မိမိရဲ့ ကိုယ်၊နှုတ်၊စိတ်အလုပ်တွေကို
အမြဲမပြတ်စစ်ဆေးနေခြင်းဟာ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းပါဘဲ။။
(အရှင်ဆန္ဒဓိက)

Type the rest of your post here.

Wednesday, 12 November 2008

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။
ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာ
အလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။
သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့
သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။
ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံး
တွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။ ကထိန်ဟူသည်မှာ ''ကထိန''ဟူသော
ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟု
ချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။
ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။
ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ်သည်။ ကထိန်သင်္ကန်းကပ်လှူပွဲ
ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန်အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်
မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်
မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟု သတ်မှတ် ကျင်းပကြ
သည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်
ချပြ် ကီး တစခ်ုပငြ် ဖစသ် ည။် ကိုယ်ကျင့်သီလ ရှိသည်မရှိသည်ကို ဤသုတြ် ဖင့်
ထင်ဟပ်စေနိုင်သည်။
အရှင်ဒေဝဒတ်အား ကိုးကွယ်ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာ
တသတ်မင်းသားသည် ဖခင်ဘုရင် ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီး
မှားခရဲ့ာ ဖခငြ် ကီး အား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါ
ဝေဒနာစွဲကပ်တော့သည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမား
တော်၊ မည်သည့်ဆေးစွမ်းကောင်းကမျှ မကုသနိုင်တော့ပေ။ တန်ဆောင်မုန်း
လပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီစွာဖြင့်ညီလာခံ
သဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်း
လပြည့်ဝန်းက ထွန်းလင်းသာယာနေသည်။ ကြည်နူးသာယာဖွယ် ကောင်းလှ
သည့် တန်ဆောင်မုန်းလပြည့်ည၏ အလှကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေး
စေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။ မှူးကြီး မတ်ကြီးများ
အား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့
သည်။
ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်း
မှူးကြီးမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူ
သည်။ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံချဉ်းကပ်ဖို့ရန် ဆရာ
ဇီဝကကို စီစဉ်စေသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ရာဇဂြိုဟ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးနေသော ဘုရားကျောင်းတော်သို့ သွားရာ
လမ်းခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါးရိပ်ကြောင့် အမှောင်ကျနေခြင်း
တို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။
အဇာတသတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်
မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေသည်။
အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရား
တော်ကို နာကြားရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့
သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားလေသည်။ ပုထုဇဉ်
တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်းကိုပင်
ခံယူရရှိသည် ။အဇာတသတ်မင်း သည် ပထမသဂါင်္ ယနာတင် ဒကာအဖြစ်လည်းကောင်း
ခံယူခဲ့သည် ။ဘုရားရှုင်၏ ဓာတ်တော်များကို စုဆောင်း သမိး ဆည်း ၍ ဓာတ်ေ တာ်
တိုက်ကြီးကိုလည်း တည်ထားခဲ့သည။် ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာလဲပွဲကိုလည်း ကျင်းပကြသည်။
အရိမေတ္တေယျ ဘုရားအလောင်းနတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲ
မထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာ
ဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက
ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း၊
လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်
တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း
ခြင်းဖြင့် ရှင်မာလဲပွဲကို ဆင်ယင်ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့
သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။ ထို့ကြောင့်မဲဇလီပင်
သည် ဆေးပေါင်းခသည်။ ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး
၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါ
ရှိသည်။ ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ်
ကို စားသုံးကြသည်။
တနေ် ဆာငမ်ုန်း လတငွ် တနေ် ဆာငတိုငမ်ီး ထနွ်း ပ၊ွဲ ကထနိ ပ် ၊ွဲ မသိုးသကင်္န်း
ရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့
ပွဲများ ကျင်းပကြလေသည်။
တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။
ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊ အာဇဋာ
ကောင်းကင်ထက်တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊ ဆီးနှင်းမြူတိမ် သူရိန်
မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင်
ရခြင်း၊ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်း
တို့ကြောင့် မြန်မာတို့၏ သာယာပျော်ရွှင်ဖွယ် ကောင်းသော လတစ်လပင်
ဖြစ်ပါကြောင်းကို ပန်းတောင်းသန်းကြွယ်၏ ဆောင်းပါးအားဗဟုသုတအလိုဌာ တင်ပြလိုက်ပါသည်။။

Tuesday, 4 November 2008

အဝေးမှာမနေပါနှင့်

ကိုယ့်ရည်မှန်းချက်က
"စိတ်အေးချမ်းသာမှု"ဆိုတာကို မမေ့ရင်
ကိုယ့်ဝီရိယကလည်း
စိတ်ပူလောင်စေတဲ့
ဝီရိယမျိုးမဖြစ်တော့ဘဲ
စိတ်အေးချမ်းစေတဲ့
ဝီရိယတွေချည်းပဲ ဖြစ်သွားမှာပါ။
နိဗ္ဗာန်ရောက်ချင်ပါတယ်ပြောပြီး
စိတ်အေးချမ်းစေမယ့်
စိတ်ပူလောင်စေမဲ့
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေ ပြောနေမယ်၊
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
အတွေးတွေ တွေးနေမယ်ဆိုရင်
နိဗ္ဗာန်နဲ့ အဝေးကြီးဝေးနေအုံးမှာပါ။။။

Type the rest of your post here.

Saturday, 1 November 2008

သရဏဂုံ(၃)ပါးမှတ်ဖွယ်




သရဏဂုံ။ ။ သရဏ +ဂမန ဟူသောပါဠိမှ သရဏဂုံ ဟုမြန်မာစကားဖြစ်လာသည်။
(သရဏ= ကိုးကွယ်ရာဟူ၍ +ဂမန= အသိအမှတ်ပြုလျှက် ဆည်းကပ်ခြင်း) ဘုရား တရား
အရိယာ သံဃာသည် ကိုးကွယ်ရာ အစစ်ဖြစ်၏ ဟုအသိအမှတ်ပြုလျက် ရိုသေလေးမြတ်ဆည်းကပ်လိုသော
ကုသိုလ်စေတနာကို သရဏဂုံ ဟုခေါ်၏။ ၁- ဘုရားကိုးကွယ်မှု၊ ၂-တရားကိုးကွယ်မှု ၊၃- အရိယာသံဃာကိုးကွယ်မှုအားဖြင့် ၃ပါးရှိသည်။ သရဏဂုံသုံးပါးဟု ယခုကာလခေါ်ဆိုကြသည်မှာလည်း
ဤသုံးပါးပင်ဖြစ်ပါသည်။ မိမိသန္တာန်၌ ထိုရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်လိုသော စိတ်စေတနာဖြစ်နေကြောင်း ထင်ရှားပြဖို့ရာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသောပါဠိကိုဖြစ်စေ ။ဘုရားကိုးကွယ်ပါ၏
စသောမြန်မာစကားကိုဖြစ်စေ ၊ရွတ်ဆိုခြင်းသည် သရဏဂုံဆောက်တည်ခြင်းမည်၏။
ထိုသို့ဆောက်တည်ရာဝယ်........

ဗုဒ္ဓံ။ ။ ဗုဒ္ဓံ- အရဘုရားဟုဆိုရာ၌ရုပ်ပုံ ရုပ်ပွားဆင်းတုတော်များလောက်တွင် စိတ်မထားဘဲဘုရားဂုဏ်တော်
ဖွင့်၌ပြခဲ့သော ဘုရားရှင်ကို ရည်မှန်း၍ထားရာ၏။
ဓမ္မံ။ ။ဓမ္မံ-အရ တရားဟုဆိုရာ၌ ယခုကာလဓမ္မကတိကတွေ၊ သံရှည်သံတိုဆွဲ၍ ယပ်လှဲယပ်ထောင်တရားများနှင့် စာအုပ်စာပေတွေလောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ၊
အနတ္တလက္ခဏာသုတ် မဟာသတိပဋ္ဌာန် စသောဘုရားဟောပါဠိတော် ၊အဋ္ဌကထာကျမ်းစာအစဉ်နှင့်
မဂ်ဖိုလ် နိဗ္ဗာန်တရားများကို ရည်မှန်း၍ထားရာ၏။
သံဃံ။ ။သံဃံ- အရ သံဃာဟုဆိုရာ၌စိတ်မထားဘဲ သံဠာဂုဏ်တော်၌ပြခဲ့သော အရိယာသံဃာကိုရည်မှန်း
ထားရာ၏။ ဤသို့ရည်မှန်းနိုင်မှသာသရဏဂုံ အစစ်အမှန်ရမည်ဖြစ်ပါသည်။
ရတနာမြတ်သုံးပါးသည် အပ္ပါယ်ဆင်းရဲ ၊သံသရာဆင်းရဲတို့မှ မကျရောက်အောင်ဟောတော်မူသောအားဖြင့်
စောင့်ရှောက်တော်မှုပေရကား........
ကိုး =ရတနာသုံးပါးကို ကိုးစားရာ(အားကိုးစရာ)ဟူ၍လည်းကောင်း။
ကွယ်= ဘေးရန်ပေါ်လာလျင်ကာကွယ်ဖို့ရာ ဟူ၍လည်းကောင်း။
လဲလျောင်း=(မဘအပေါ်မှာယုံကြည်၍ သားသမီးများလဲလျောင်းအိပ်နေသလို) ရတနာသုံးပါးအပေါ်တွင်ကောင်းစွာယုံကြည်၍လဲလျောင်းဖိုရာ ဟူ၍လည်းကောင်း၊
ပုန်းအောင်း=အပ္ပါယ်ဘေး မရောက်အောင်ပုန်းအောင်းနေဖို့ရာ ဟူ၍ လည်းကောင်း။
မှီခို=မိဘကို သားသမီးကမှီခိုသကဲ့သို့ မှီခိုဖို့ရာ ဟူ၍လည်းကောင်း အသိအမှတ်ပြုလျက်
နှစ်နှစ်သက်သက်မှီဝဲဆည်းကပ်ပါ၏ ဟုဆိုလိုသည်။
တစ်ကြိမ်ဆောက်တည် တစ်သက်တည်။ ။ဤသို့ယုံကြည်လေးမြတ်စွာ တစ်ကြိမ်လောက်ဆောက်တည်ထားလျှင်ယုံကြည်စိတ်မပျက်သမျှ တသက်လုံး
သရဏဂုံတည်သူ မည်တော့၏။

Thursday, 16 October 2008

ကံ ၊ဥာဏ် ၊၀ီရိယအကြောင်း

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရေးသားဆုံးမတော်မှုတဲ့ ရတနာဂုဏ်ရည်စာအုပ်မှ မှတ်သားမိတာလေးတွေကို ပြင်ဆင်ဖြည့်စွတ်ရေးသားလိုက်ပါသည်။ဆရာတော်ဘုရားက ကံဥာဏ်ဝိရိယအကြောင်းကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်တော်မှုပါသည်။။။။
ကံအကြောင်း။ ။ကမ္မ - ဟူသောပါဠိစကားကို မြန်မာလို ကံဟုခေါ်ပါတယ်။ ထိုကြောင့်ကိုယ်ဖြင့်လုပ်မှု ၊နှုတ်ဖြင့်ပြောဆိုမှု၊ စိတ်ဖြင့်ကြံစည်မှုများကိုကံဟုသတ်မှတ်ပါ။ ထိုကံသည် ရှေးရှေးဘ၀ကပြုခဲ့သောကံ၊
ယခုဘ၀မှပြုအပ်သောကံ ဟုနှစ်မျိုးရှိပါတယ်။ ထိုနှစ်မျိုးတို့တွင် အကျိုးတစ်ခုကိုပေးရာ၌ ရှေးရှေးကံသည်
လိုရင်းအကြောင်းတည်း။ ယခုဘ၀ကံမှာ ယခုဘ၀အတွက်ရှေးက အခွင့်ရအောင်၊ သို့မဟုတ် အားရှိအောင်ကူညီထောက်ပံ့ရုံသာဖြစ်တယ်။ နောက်ဘ၀၌ကားဆိုင်ရာအကျိုးကို ကိုယ်တိုင်ပေးခွင့်
ရှိနိုင်ပါတယ်။
ထိုရှေးကံများသည် အလွန်အားကောင်းသောကံ၊ သာမန်လောက်သာရှိသောကံ ဟုနှစ်မျိုးရှိပြန်သည်။
ထိုအထဲတွင် နံမှတ်(၁)ကံ၏အကျိုးပေးပုံက အလွန်ထင်ရှား၏။ ဥပမာ- ရှင်ဘုရင်၊ သူဋ္ဌေး၊ မှုးမတ်စသည်တို့ကိုဖြစ်စေနိုင်သည်။ ဆင်းရဲသားအမျိုး၌ ဖြစ်စေကာမှု တနည်းအားဖြင့်ကြွယ်ဝချမ်းသာစေနိုင်သည်။ ဒုတိယ ကံမျိုး၏ အကျိုးပေးပုံမှာ မထင်ရှားလှ။ သူများနည်းသူအကျိုးမျိုးကိုသာရစေနိုင်သည်။ ထိုကံများသည် ဤလူ့ပြည်လောက၌ မိမိတို့ချည်းအကျိုးပေးဖို့ ခဲယဉ်းသဖြင့် အကျိုးပေးခွင့်ရအောင် ဥာဏ်ဝီရိယနှင့်သတိဟူသော
ပယောဂက ကူညီပေးရသည်။
ဥာဏ်အကြောင်း။ ။အဘိဓမ္မာနည်းအရ အကုသိုလ်အပြစ်မရှိသော တတ်သိလိမ္မာမှုကိုသာ "ဥာဏ်"ဟုဆိုရသော်လည်းကံ အကျိုးပေးခွင့်သာအောင် ကြံဆောင်ရသည့်အရာ၌မှု အပြစ်ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ တတ်သိမှု၊ ပါးနပ်၊ ဖျတ်လတ် သွတ်လတ်ချက်ချက်ချာချာနှင့် အရာရာနှံစပ်မှုများကို
ဥာဏ်ဟုပင်ခေါ်ရပေသည်။ ထိုဥာဏ်သည် ၁-မိမိဘာသာတတ်သိလိမ္မာသောဇာတိဥာဏ် ၊
၂- နောက်မှဖြစ်ပေါ်လာသော "ပ၀တ္တိဥာဏ်"ဟုနှစ်မျိုးနှစ်စားရှိပြန်သည်။
ထိုနှစ်မျိုးတွင် ဇာတိဥာဏ် ရှိသူမှာ ပြောဖွယ်မလို။ ဇာတိဥာဏ်ကိုအခြေခံ၍ ပ၀တ္တိဥာဏ်လည်း တိုးပွားအောင် ကြိုးစားပါလျှင် လူတွင်တစ်ယောက် ဆိုရလောက်အောင် ထွန်းတောက်လာနိုင်ပါသည်။
ဇာတိဥာဏ်မရှိသူအတွက်မှာမှု ကျမ်းစာအမျိုးမျိုးကို ကြည့်ရှု့သင်ယူခြင်း၊ မိမိထက်သိနားလည်သော ပညာရှိထံ ဆည်းကပ်ခြင်းတို့ဖြင့် ပ၀တ္တိဥာဏ် ဖြစ်ပေါ်လာအောင်ကြံဆောင်အားထုတ်ရာ၌ ယခုအခါ
စာသင်ခြင်း၊ ဒေသန္တရဗဟုသုတရှာခြင်းတို့ကြောင့် ပ၀တ္တိဥာဏ်တိုးပွားလျှက် လောကီကြီးပွားရေး
သံသရာကြီးပွားရေးတို့၌ ထိပ်တန်းရောက်နေသူများကိုကြည့်ပါ။
နီတိပျို့၌လည်း
"ကောင်းစွာမရှောင် ၊နားထောင်သူကား၊ အကြာင်းအမြင်၊
များမြောင်စင်၏၊ ဂုဏ်အင်ပွား၍ ၊ပညာလွေ့မူ၊အောက်မေ့ဥာဏ်ဖြင့်၊
ဆင့်ဆင့်မနား၊ ကျိုးစီးပွားကို၊ထောက်ထားစာနာ ၊သိလိမ္မာ၏၊
သိပါသူသည်၊ အရှည်ချမ်းသာ၊မဂ်လာကို ၊အခါလေးမြင့်၊ ဆောင်နိုင်သင့်။"
ဟုစပ်ဆိုထားပါသည်။
အသိအလိမ္မာ ဥာဏ်ပညာနှင့်ကံရှိပါသော်လည်း လုံ့လမရှိလျှင်မည်သည့်အကျိုးမျှ မပြီးစေနိုင်။
ဟိ- ထိုစကားမှန်ကြောင်းကား၊ သုတ္တသ- အပျင်းအားကြီး၍ တအိပ်တည်းအိပ်နေသော၊ သိံဟဿ-ခြသေ့င်္၏၊
မုခေ- ပါးစပ်ထဲသို့၊မိဂါ ။ သမင်တို့သည်၊ နပ၀ိသန္တိ- အလိုအလျောက် မရောက်လာကြကုန်။
(ထ၍ ဖမ်းမှုလုံ့လပြုအုံးမည် )ဟူလို
(ဟိတောပဒေသ)

ဝီရိယအကြောင်း။ ။ကိစ္စတစ်ခု ပေါ်ပေါက်လာလျှင် မကြောက်မရွံ့ စွန့်စွန့်စားစား အားထုတ်မှုကို ၀ီရိယ- လုံ့လ ဟုခေါ်ဆိုပါသည်။ဤ၀ီရိယတွင်မှထပ်ပြီး
၁- ပင်ကိုဇာတိဝီ၇ိယ
၂-နောက်မှဖြစ်ပေါ်လာသော ပ၀တ္တိဝီရိယ ဟုနှစ်မျိုးရှိ၏။ ရှေးရှေးဘ၀က၀ီရိယအထုံပါခဲ့သဖြင့်ဇာတိဝီရိယရှိသူမှာ ဥာဏ်ရှိပါလျှင်သူများနှင့် မယှဉ်သာအောင် အကျိုးခံစားရပါမယ် ။ဝီရိယ မရှိသူကားပ၀တ္တိဝီရိယ ရှိအောင်ပြုပြင်ရပါလိမ့်မယ်။
ဝီ၇ိယနှင့်ပတ်သက်ပြီး ဆောင်ပုဒ်လေးကတော့
"အကျိုးအပြစ်၊ အမျိုးစစ်လျက်၊ ဆိုးညစ်ရိပျင်း
သူကိုကွင်း၍ ထန်ပြင်းလုံ့လ ရိုသူခမူ၊
ဝီရိယဧကန်တိုးမည်တည်း။"
ဝီရိယ ရှိလိုသူများအတွက်...
၁။ လုံ့လ၀ီ၇ိယရှိလျှင် ရရှိမည့်အကျိုးကိုသိထားသင့်သည်။
၂။ လုံ့လ၀ီရိယ မရှိလျှင် ဤဘ၀နောက်ဘ၀၌ အောက်ကျနောက်ကျဖြစ်ရမည့်အပြစ်ကိုသိထားနားလည်ရမည်။
၃။ ငါတို့အမျိုးသည် အထက်တန်းကျ၍ ထက်မြက်သောအမျိုးဖြစ်ခဲ့၏။ ငါတို့လက်ထက်ကျမှ အောက်မကျထိုက်ဟု အမျိုးအရိုး စိစစ်ဆင်ခြင်ရမည်။
၎။ ပျင်းရိသူများကို မပေါင်းဘဲရှောင်ရမည်။ထိုသူများနှင့် အပေါင်းများလျှင်
"တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး" ဆိုသလို အပျင်းဓာတ်ကူး၍ အပျင်းဘက်၌ပါနေတက်သည်ကုသတိပြုရပါမည်။
၅။ လုံ့လပြင်းထန်သူကို ဆည်းကပ် ခယခြင်းပြုလျှင် "ဘုရားဒကာနားနီး
ဘုရားဒကာ" ဟူသကဲ့သို့ ၀ီရိယဓာတ်ကူး၍ အထူးအားတက်တက်သည်ကို သတိပြုလုပ်ဆောင်သင့်လှပေသည်။

Monday, 13 October 2008

သီတင်းကျွတ်လပြည့်နေ့ အကြောင်း


သီတင်းကျွတ်လရာသီအချိန်သည် မိုးမကုန်သေးသော်လည်း နေရောင်ခြည်
ဖြာစပြုလာပြီဖြစ်၍ သာယာတော့မည့် ဆောင်းရာသီ၏ အရုဏ်ဦးအချိန်ပင်
ဖြစ်သ ည။် ယင်း အချိန် တွင်ဝါဆိုကင်း လွတ်၊သီတင်းကျွတ်မို့ ဆိုသည်နှင့်
အညီ ဗုဒ္ဓဘုရားရှင်၏ ပညတ်တော်အရ ဝါဆိုလပြည့်ကျော် ၁ရက်နေ့က
ပုရမိ ဝါဆိုတော်မြူကသည့် သဃာံတော်များသည် သီတင်း ကျွတ်လ ပြည့်နေ့တွင်
ဝါဆိုသည့်ကာလ ကုန်ဆုံးသွားကြပြီဖြစ်သဖြင့် အရပ်တစ်ပါးသို့ ညဥ့်အိပ်
ညဥ့်နေ လွတ်လပ်စွာကြွတော်မှုနိုင်ြကပေသည။်
ထိုရာသီတွင် အဿဝဏီနက္ခတ်သည် စန်းဟု ခေါ်သော လမင်းနှင့်အတူ
ယှဉ်ပြိုင်ထွန်းပပေသည်။ ရာသီရုပ်မှာ ချိန်ခွင်ကို ကိုင်စွဲသော ယောက်ျားရုပ်
သဏ္ဌာန်ဖြစ်ပြီး ငုံအာစွင့်စွင့်ရေထက်မြင့်ကာ ဖူးပွင့်နေကြရှာသော ကြာဖြူ၊
ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိက်၊ ကြာပဒုမ္မာ ဟူသည့် ကြာမျိုးငါးပါးတို့သည်
သီတင်းကျွတ်လ၏ ရာသီပန်းများဖြစ်ကြပေသည်။ ထိုလတွင် ဆီမီးမြင်းမိုရ်ပွဲ
(ဝါ) တာဝတိံသာပွဲကို ရာသီပွဲအဖြစ် ကျင်းပပြုလုပ်လေ့ရှိကြသည်။ နေ့တာ
ညတာညီမျှသော လဖြစ်သော ဤသီတင်းကျွတ်လကို ကင်းဝန်မင်းကြီးက
''သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို၊ မီးမြင်း
မိုရ် ဗဟိုအချာထွန်း''ဟု စပ်ဆိုခဲ့လေသည်။
သီတင်းကျွတ်လကို သန်တူ၊ ဝသန္တဥတု တူရာသီဖြစ်သောလ၊ သီတင်း
ဝါလကျွတ်သော လဟု ဝေါဟာရလီနတ္ထဒီပနီတွင် လည်းကောင်း၊ ကောက်
စပါးပင်များ ပေါက်ဖွားထောင်မတ်ထွက်လာသောလ၊ ရဟန်းသံဃာတော်များ
မိမိတို့ ကျောင်းအရပ်အတွင်း၌သာ သီတင်းသုံးနေထိုင်ခြင်းမှ လွတ်မြောက်
သော လဟု မြန်မာလအမည်များ စာအုပ်တွင်လည်းကောင်း အသီးသီး
အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ဂေါတမရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် ၁ဝ၉ခုနှစ် ဝါဆို
လပြည့်နေ့၌ သာဝတ္ထြိပည်အနီးဝယ် ဘုရားရှင်၏ မိန့်တော်မူချက်နှင့်အညီ
ကောသလ္လဘုရင်၏ ဥယျာဉ်မှူး မောင်ကဏ္ဍစိုက်ပျိုးလိုက်သည့် ကဏ္ဍမ္ဗမည်
သော သရက်ဖြူပင်အနီးတွင် အယူလွဲမှားနေတာ တိတ္ထိတစ်သင်းတို့အား
တန်ခိုးပြာဋိဟာ ဖန်ဆင်းပြတော်မူကာ နှိမ်နင်းချေချွတ်တော်မူခဲ့သည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုတိသနတ်သားအား
အဘိဓမ္မာတရား ဟောကြားတော်မူခြင်းဖြင့် ကျေးဇူးဆပ်ရန် ရည်ရွယ်လျက်
တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ သတ္တမ ဝါကပ်တော်မူပါသည်။ ဘုရား
ရှင်သည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်တွင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူ
လျက် မယ်တော်မိနတ်သားအမှူးပြုသည့် စကြဝဠာပေါင်း တိုက်တစ်သောင်း
တို့မှ ခညောင်းရောက်ရှိလာကြသော နတ်ဗြဟ္မာပရိသတ်တို့၏ အလယ်၌
အဘိဓမ္မာတရားတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲ ဟောကြား
တော်မူခဲ့သည်။
အဘိဓမ္မာဒေသနာတော်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
အနက် ထက်ဝက်မျှပင်ရှိ၏ လွန်စွာများပြားရှည်လျား၍ ၀ါတွင်းသုံးလ
ဆက်တိုက်ဟောမှ ပြီးဆုံး၏။ ထိုမျှရှည်လျားသော ဒေသနာတော်ကို လူ့ပြည်
တစ်နေရာတည်း၊ ဣရိယာပုဒ်တစ်မျိုးတည်းဖြင့် ဆက်တိုက်နာကြားနိုင်သည့်
ပုဂ္ဂိုလ်မျိုး မရှိသည့်အတွက် ယင်းအဘိဓမ္မာဒေသနာတော်ကို လူ့ပြည်၌
ဟောကြားတော်မမူဘဲ နတ်ပြည်၌သာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ဘုရားရှင်၏ အဘိဓမ္မာတရားဒေသနာ ဟောကြားခြင်းသည် ဝါတွင်း
သုးံ လမြောကြ် ဖစ်သော သတီ င်း ကျွတ်လ ပြည့် နေ့၌ ပြီး ဆုးံ လေသည။် ယင်း သို့
တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးနောက် ဤဝါကျွတ်ချိန်
တွင် တာဝတိံသာနတ်နန်းမှသည် သင်္ကဿနဂိုရ်သို့ သိကြားမင်း ဖန်ဆင်း
လှူဒါန်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူသော
စောင်းတန်းသုံးသွယ်ဖြင့် နတ်အပေါင်းက လက်ယာဘက် ရွှေစောင်းတန်းမှ
လည်းကောင်း၊ ဗြဟ္မာကြီးများက လက်ဝဲဘက် ငွေစောင်းတန်းမှလည်းကောင်း
ခြံရံလျက် ဗုဒ္ဓရှင်တော်မြတ်သည် အလယ်ဗဟို၌တည်ရှိသော ပတ္တမြားစောင်း
တန်းဖြင့် သက်ဆင်းကြွမြန်းတော်မူလေသည်။ ယင်းသို့ သက်ဆင်းကြွမြန်းရာ
တွင် ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ်ပမာဏရှိသည့် ဗေဠုဝနတ်စောင်းကြီးကို
လက်သံကုန်တီး၍ ပူဇော်ကာ လက်ယာနံပါးမှ လည်းကောင်း၊ မာတလိနတ်သား
ကလည်း နတ်၌ဖြစ်သော ပန်း၊ နံ့သာအမွှေးအကြိုင်တို့ကို ကိုင်စွဲလျက် ဘုရား
ရှင်ကို ပူဇော်ကာ လက်ဝဲနံပါးမှလည်းကောင်း၊ သုယာမနတ်မင်းသည် စာမရီ
သားမြီးယပ်ကိုခတ်လျက် လည်းကောင်း၊ သန္တုတိသနတ်မင်းသည် ပတ္တမြား
ယပ်ဝန်းကို တလွှဲလွှဲခပ်လျက် လည်းကောင်း၊ သိကြားမင်းသည် ဝိဇယုတ္တရ
ခရုသင်းကို မှုတ်လျက် လည်းကောင်း လက်ယာဘက်မှပင် ပူဇော်ကြကာ

သက်ဆင်းလိုက်ပါလာကြသည်။ ထိုနည်းတူ ကြွင်းသော စကြဝဠာတိုက်တို့၌
နေထိုင်ကြကုန်သော နတ်တို့မှ အမျိုးမျိုးသော ပူဇော်မှုကိုပြုကြလျက်လည်း
ကောင်း၊ လက်ဝဲဘက် ငွေစောင်းတန်းမှလည်း သဟံပတိဗြဟ္မာကြီးက ဗြဟ္မာ
ထီးဖြူကြီးကို ဆောင်းမိုးပူဇော်လျက် လည်းကောင်း သက်ဆင်းလိုက်ပါလာ
ပေသည်။ထိုအချိန်တွင်သာဝတြ္ထိ ပည်၌် ရြှိ ကကုန်သော ပရိသတ်အ ပေါင်း တိုသ့ ည်
လည်း သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ နံနက်စာစားကြပြီးလျှင်
''ယနေ့ မြတ်စွာဘုရားကို သင်္ကဿမြို့တံခါး၌ ဖူးမြော်ကြရကုန်တော့အံ့''ဟု
ထွက်လာခြဲ့ ကရာ အချန်အနည်း ငယ်အတွင်းမှာပင် သကဿင်္ မြို့ တခါံးသို့  ဆိုက်
ရောက်နေပြီ ဖြစ်သည်။
ဤသို့ မြတ်စွာဘုရားသည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာ
နတြ် ပည်မှ သက်ဆင်း တော် ၍ူ လြူ့ ပည်သို့အရောက်စောင်း တန်း ဦး ၌ လကယ်ာ
ခြေတော်မချမီလျှင်ပင် ဘုရားရှင်ကို တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်က
ပထမဦးစွာရှိခိုးပူဇော်ပြီး ထိုေ့ နာက်မှ ကျန်သောပရိသတ်တို့ကမြတ်စွာဘုရား
ကို ရှိခိုးဖူးမြော် ပူဇော်ကြလေသည်။ ထိုသင်္ကဿမြို့တံခါးဝ၌ စောင်းတန်းမှ
ပထမဦးဆုံး လက်ယာခြေတော်ချရာအရပ်သည် နောင်အခါဝယ် ''အစလ
စေတိယဌာန''ဟူ၍ အမည်ထင်ရှားလေသည်။
ယင်းသို့ ရှင်သာရိပုတ္တရာအမှူးပြုသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း
ပါဝင်သည့် ပရိသတ်များက ဘုရားရှင်အား သောင်းသောင်းဖြဖြ ပူဇော်ပွဲကြီး
ကို ဆင်ယင် ကျင်းပခဲ့ကြသည်မှာ မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက်တွင်
ဖြစ်၍် ယခု မြန်မာသက္ကရာဇ် ၁၃၇ဝပြည့်နှစ်တွင်နှစ်ပေါင်း၂၅၉ဝ(နှစ်ပေါင်း
၂၆ဝဝနီးပါး) ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။
မြန်မာတို့သည် ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်
မူခဲ့သည်ကို အကြောင်းပြု၍ ''တာဝတိံသာပွဲတော်''ဟု လည်းကောင်း၊
တာဝတိံသာနတ်ပြည်တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်
ကို အကြောင်းပြု၍ ''မီးမြင်းမိုရ်ပွဲ''ဟု လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြ
ပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်ပတ်သက်ပြီး ပုဂံ
ခေတ်ထိုးကျောက်စာများတွင် ကောင်း မှုစာရင်း များ၌ပါဝင် ကြာင်း မတွေ့ ရရှိ
သောလည်း ပုဂ့ရှိမြင်း ကပါဂူ ပြောကြ် ကီး ဘုရားတွင်တွေ့ရှိရသော ပန်းချီကားအရ
ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့သို့ ကြွဆင်းလာတော်
မူပုံ သရုပ်ဖော်ရေးဆွဲထားသည်ကို ထောက်ရှု၍ ပုဂံခေတ်က မီးထွန်းပွဲတော်
အား ပုဂံသားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း ယူဆနိုင်ပါသည်။
ကုန်း ဘောင်ခေတ်အလယ်ပိုင်း၌ သီတင်းကျွတ်လ ဆီးမီးထွန်းညှိပူဇော်ပုံ
ကို ဘိုးတော်ဘုရားလက်ထက် ထင်ရှားသည့် စာဆိုတော်တစ်ဦးဖြစ်သော
ဦးယာက ''ကြော်သဲအုတ်အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်း
ရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်းစံရာ၊ ဝတိံသာသို့၊
လေးဖြာရောင်စို၊ မြင်းမိုရ်ပွဲကြီး''ဟု လူးတားဖြင့် ဖွဲ့ဆိုရေးစပ်ခဲ့သည်။
သီတင်းကျွတ်လတွင် ပွင့်ကြသည့် ရာသီပန်းများဖြစ်သော ကြာမျိုး
ငါးပါးနှင့် ကျင်းပလေ့ရှိသည့် မီးမြင်းမိုရ်ပွဲစသည့် သရုပ်ကို ဖော်ညွှန်းလျက်
စာဆိုတော် ဖိုးသူတော်ဦးမင်းက ''ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့
ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာ ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်
ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊ သက္ကစ္စာဂါရဝါနှင့် စဉ်အလာပူဇော်ပွဲကို
နွှဲကြပေတောင်း''ဟူ၍ ဖွဲ့ဆိုထားပါသည်။
ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ ဒေသနာတော်ကို
ဝါတွင်းသုံးလပတ်လုံး ဟောကြားပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင်
လူ့ပြည်သို့ ပြန်ကြွလာသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့တွင်
''အဘိဓမ္မာ အခါတောေ် န'့ 'ကို ကျင်း ပကြသည။် သတီ င်း ကျွတ် လပြည့်နေ့တွင်
ရဟန်းသံဃာတော်များ ပဝါရဏာပွဲ ပြုလုပ်ကျင်းပကြသည်။ ပဝါရဏာ၏
အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တောင်းပန်ခြင်း၊ တိုက်တွန်းခြင်းဟူ၍ ဖြစ်သည်။
ပ၀ါရဏာပွဲကား သီတင်း သုးံ ဖော် ရဟန်း သဃာံတော်များအချင်း ချင်း တစ်ပါး
သော ပုဂ္ဂိုလ်အပေါ်တွင်ဖြစ်စေ မိမိအပေါ်တွင်ဖြစ်စေတရားတော်နှင့် မလျော်ညီ
ဖီလာဖြစ်မှုများရှိခဲ့ပါက အချင်းချင်း စုပေါင်းဝေဖန်ကြသည့်ပွဲ၊ သုံးသပ်ကြ
သည့်ပွဲ၊ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြသည့်ပွဲပင် ဖြစ်သည်။
''ငါ့ရှင်တို့၊ တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏၊ တပည့်တော်
တို့၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယ
ရှိသော်လည်းကောင်း တပည့်တော်အားသနားသောအားဖြင့် ပြောဆို သိပေး
ကြပါ၊ အပြစ်ကို ကုစားပါမည်''ဟူ၍ ပဝါရဏာပြုကြသည်။
ထြို့ ပင် မိုး လေကင်း လွတ်ပြီး ဥတုရာသီသာယာသည့်အချိန်
အခါလည်း ဖြစ်သည်။ ဤလတွင် ဘိုးဘွား မိဘများ၊ ဆရာသမားတို့ထံသို့
တပညသ့်ားမြေးများက လှူဖွယ်ပစ္စည်းများဖြင့်ကန်တြော့ ကလေရာ
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်တို့အကြား ချစ်ခင်မြတ်နိုးမှု၊ ရိုသေ
လေးစားမှုများ တိုးပွားကာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဖြစ်ရပေသည်။
သို့ဖြစ်ရာ ခြေခင်းလက်ခင်းသာချိန်ဖြစ်သည့် ဤသီတင်းကျွတ်လတွင်
ကောင်းမှုကုသိုလ်အဖုံဖုံကို ပြုလုပ်ကြလျက် စိတ်လက်ကြည်နူးစွာ တရား
ဘာဝနာ ပွားများအားထုတ်နိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါ
သည်။
တင်ထွဋ်(အစိုးရတိုင်းရင်းဆေး)

Saturday, 11 October 2008

ချမ်းသာချင်လား ဒါဆောင်ထား

အနန္တမေတ္တာတော်ရှင် ဘုရားသခင်သည်ဝေနေယျသတ္တ၀ါအများကိုချမ်းသာစေချင်သောကြောင့်
ပွင့်တော်မှုလာခြင်းဖြစ။ အနီးစပ်ဆုံးအနေနှင့် လူသားတွေကိုချမ်းသာစေချင်သည်။ ထို့ကြောင့်လူချမ်းသာ
တရားလေးပါးကို ကျောင်းဒကာကြီး အနာထပိဏ်ကိုအကြောင်းပြုဟောကြားတော်မှုထားခဲ့ပါသည်။
လူရယ်လို့ဖြစ်လာလျှင် လူ့ချမ်းသာကိုတော့ ခံစားရသင့်သည်။လူ့ချမ်းသာကိုခံစားနိုင်ဖို့အတွက်
လူ့ချမ်းသာကိုခံစားနိုင်ဖို့အတွက် လူ့ချမ်းသာတရားလေးပါးနှင့်ပြည့်စုံရမည်။ လူ့ချမ်းသာတရားလေးပါးဆိုတာ
အတ္တိသုခ -ရှိချမ်းသာ၊ ရှိသင့်တာတွေရှိလျှင်ချမ်းသာသည်။ ဘောဂသုခ- ခံစားစံစားချမ်းသာ၊ ခံစားသင့်ခံစားထိုက်တာကို ခံစားရလျှင်ချမ်းသာကြွယ်ဝသည်။ အာနဏသုခ- အကြွေးကင်းလျှင် ချမ်းသာသည်။ အန၀ဇ္ဇသုခ-အပြစ်ကင်းချမ်းသာ အပြစ်ကင်းလျှင်ချမ်းသာသည်။ ဒီလေးပါးနှင့်ပြည့်စုံမှ
လူချမ်းသာဟုခေါ်သည်

လောကမှာ ပိုက်ဆံရှိသူ ၊ပစ္စည်းဥစ္စာရှိသူကို လူချမ်းသာလို့ခေါ်ကြသည်။ထို့ကြောင့်လူချမ်းသာဖြစ်ဖို့
အတွက်ပိုက်ဆံရှိရမည်။ ပစ္စည်းဥစ္စာရှိရမည်။ ပိုက်ဆံရှိဖို့ ပစ္စည်းဥစ္စာရှိဖို့ဆိုတာဝင်ငွေကောင်းကောင်းရှိရမည်
ဝင်ငွေကောင်းဖို့အတွက် အလုပ်ကောင်းကောင်းရှိရမည်။ ဒါအခြေခံအဓိကသော့ချက်ဖြစ်သည်။ဒီအံပင်ရှိသင့်တာတွေက ကံရှိရမည်။ ဥာဏ်ရှိရမည်။ဥာဏ်နှင့်ဆိုင်သော
အတက်ပညာ၊ အသိပညာ၊ ဗဟုသုတရှိရမည်။
ကြိုးစားမှုဝီရိယရှိရမည်။ ပြောတက်ဆိုတက် လုပ်တက် ကိုင်တက် ဆိုသော လုပ်ရည်ကိုင်ရည်၊ အရည်အချင်းရှိရမည်။ စိတ်ကောင်းစေတနာကောင်းရှိရမည်။ စိတ်နေစိတ်ထားနူးညံ့ပျော့ပျောင်းမှုရှိရမည်။
က္ကနြေ္ဒရှိရမည်။ သိက္ခာရှိရမည်။ကိုယ်ချင်းစာတရားရှိရမည်။ ရိုးသားဖြောင့်မတ်မှုရှိရမည်။ လိမ္မာပါးနပ်မှုရှိရမည်။အမြော်အမြင်ရှိရမည်။ ဆင်ခြင်တုံတရားရှိရမည်။
နေရာကောင်းရှိရမည်။ မိတ်ဆွေကောင်း ၊ဆွေကောင်း အမှီကောင်းရှိရမည်။စီမံခန့်ခွဲမှုကောင်းရှိရမည်။
အတိုင်းအတာတစ်ခုအထိ စွန့်လွတ်မှု၊ အနစ်အနာခံမှု၊ ခွင့်လွတ်မှု၊သည်းခံမှုရှိရမည်။
အတ္တိသုခ- ရှိမှချမ်းသာမည်။ မရှိလျှင်ဆင်းရဲမည်။ ချမ်းသာဖို့အတွက်ရှိရမည့်အရာတွေကတော့ခေတ်အား၊ စနစ်အားလျှော်စွာ များလှသည်။ချမ်းသာချင်လျှင်တော့ ကိုယ့်မှာရှိသင့်ရှိထိုက်သည့်အရာတွေရှိအောင်လုပ်
ထားရမည်။ပြည့်အောင်ဖြည့်ထားရမည်။ ရှိလျှင်ချမ်းသာလိမ့်မည်။ မရှိလျှင်တော့ဒုက္ခတွေ့လိမ့်မည်။လူရယ်လို့ဖြစ်လာလျှင် လူနဲ့တူအောင်စားရသင့်သည်။ လူနှင့်တူအောင်
နေရသင့်သည်။ လူကိုလူလိုတန်ဖိုးထားခံရသင့်သည်။ဒါက ဘောဂသုခဆိုသည့်လူချမ်းသာတစ်ပါးဖြစ်သည်။
ကမ္ဘာမှာလူနှင့်တူအောင် မနေရသူတွေ၊ လူနှင့်တူအောင်မစားရသူတွေ၊ လူနှင့်တူအောင်မ၀တ်ရသူတွေ၊လူကိုလူလိုတန်ဖိုးမထားခံရသူတွေအများကြီးရှိသည်။ထို့ကြောင့်ဘောဂသုခဆို
သောချမ်းသာတစ်ပါးကလည်း လူအတွက်အရေးကြီးသည်။
ယေဘုယျအားဖြင့်တော့ဘောဂသုခကအတ္တိသုခနှင့်ဆက်စပ်နေ၏။ ၀တ်စာရှိမှဝတ်လို့ရမည်. စားစရာရှိမှစားလို့ရမည်။ခံစားစရာရှိမှ ခံစားလို့ရမည်။ ၀ရှိမှဝိလုပ်လို့ရမည်။ ၀မရှိဘဲနဲ့ဝိလုပ်ချင်ရင်တော့ဒုက္ခတွေ့မှာသေချာပေသည်.ဒီတော့ဘောဂသုခနှင့်ပြည့်စုံဖို့ဆိုတာအတ္တိသုခနှင့်
ပြည့်စုံမှဖြစ်မည်။
လူရယ်လို့ဖြစ်လာလျှင်လူ့ချမ်းသာကိုခံစားပါ။ ကောင်းကောင်းနေ၊ကောင်းကောင်းစား ကောင်းကောင်းသုံး
အဲဒီလိုကောင်းကောင်းသုံးအဲဒီလိုမျိုး ကောင်းကောင်းနေ ကောင်းစားကောင်းကောင်းဝတ်နိုင်အောင်၊
ဘောဂသုခအနေနှင့်ပြည့်စုံအောင် အတ္တိသုခအနေနှင့်ကောင်းကောင်းရှာထား၊ ကောင်းကောင်းအလုပ်လုပ်ထား၊ကောင်းကောင်းကြိုးစားထား၊ ကောင်းကောင်းစုထားအဓိပ္ပာယ်ကဒီလိုဖြစ်သည်။
ဗုဒ္ဓ၏တရားတော်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်သက်ဆိုင်သလိုလူပုဂ္ဂိုလ်အများနှင့်ဖွဲ့စည်းထားသော
လူ့အဖွဲ့အစည်းတွေနှင့်လည်းသက်ဆိုင်သည်။လူအဖွဲ့အစည်းတွေမှာလည်း တစ်မိသားစု၊ တစ်ရပ်၊တစ်ရွှာ
တစ်မြို့၊ တစ်နိုင်ငံ၊ တစ်ကမ္ဘာ၊လူ့အဖွဲ့အစည်းအသီးသီးနှင့်သက်ဆိုင်သည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဆက်လက်ရေးသားပါအုံးမည်

Friday, 10 October 2008

စကားပြောဆိုခြင်းဆိုင်ရာ ပညာရှိတို့၏သြ၀ါဒများ

ရဟန်း ပညာရှိ၊ လူပညာရှိတို့သည် ဗုဒ္ဓ၏ဓမ္မ၌ အခြေခံလျက်စကားပြောခြင်းဆိုင်ရာရှောင်ရန်၊
ဆောင်ရန်များကို ညွှန်ပြခဲ့သည်မှာအများအပြားပင် ရှိပေသည်။
ကုန်းဘောင်ခေတ်စာဆို ညောင်ပင်သာ ဦးပုညက(သူတရတာနာဆုံးမစာ)တွင်
-ပိဋကတ်ပင်လယ်၊နယကျယ်၊ အလွတ်တတ်ပြီမထင်နှင့်၊
တစ်နည်းတွေ့ရုံ၊ ကျမ်းမစုံ၊အာရုံတယ်ပြီး မကိုးနှင့်၊
ကေစိသဘော၊ တစ်ကျမ်းဟော၊ အပြောတယ်၍မကင်းနှင့်၊
ဂန္ထန္တရ၊ မနှံ့ကြ၊ ၀ါဒတယ်၍ မငြင်းနှင့်၊
အတ္တနောမတိ၊ ယူမှန်းသိ ၊ဖိ၍ပြိုင်၍ မပြောနှင့်၊
ကိုယ့်ထက်ဥာဏ်ရှိ၊ တက်မှန်းသိ မိမိကိုယ်ကိုမမြှောက်နှင့်၊
ဟူ၍ သတိပေးထားလေသည်။ အင်းဝခေတ်စာဆိုအရှင် ရှင်မဟာရဌသာရ၏ဆုံးမစာ
တစ်ရပ်တွင်လည်း...

"ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း ဟုတ်တည်းဧကန် ၊အာမသန်နှင့်၊
မှန်သည်တစေမရှိချေ ဟုဆိုထားဖူးသည်။"