ချီးမွမ်းတယ် ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးအလုပ်၊
သူတစ်ပါးလက်ထဲမှာရှိတယ်။
ကိုယ့်အတွက် အရေးအကြီးဆုံးက ဘယ်သူဘာပြောပြော
သဘောထား မှန်မှန်နဲ့ ကိုယ်လုပ်သင့်တာကို လုပ်နေဖို့ပဲ။
အဲဒါ ကိုယ့်လက်ထဲမှာရှိတယ်။
ဆရာတော် ဦးဇောတိက
သူများလောက်မလုပ်နိုင်လို့လည်း
ဘာမှစိတ်ပျက်စရာ မလိုပါဘူး။
သူများထက်ပိုလုပ်နိုင်လို့လည်း
ဘာမှစိတ်တက်စရာ မလိုပါဘူး။
သူလည်းသူစွမ်းသလောက်လုပ်
ကိုယ်လည်းကိုယ်စွမ်းနိုင်သလောက်လုပ်ရုံပါပဲ။
အကျိုးခံစားရတဲ့နေရာမှာလည်း
သူများနဲ့နှိုင်းယှဉ်ပြီး
စိတ်ပျက်စရာ စိတ်တက်စရာ လုံးဝမလိုပါဘူး။
သူ့ကံနဲ့သူ ၊ကိုယ့်ကံနဲ့ကိုယ်ပါ။
လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်
ခံစားစရာရှိတာအေးအေးဆေးဆေးခံစားပေါ့။
(ဆရာတော် အရှင်ဆန္ဒာဓိက)
ကိုယ့်ကိုယ်ကို
ပုဝါဖြူလား
လက်ခုလား အမြဲစစ်။
ပ၀ါဖြူဆိုရင်
အညစ်အကြး မပေစေနဲ့ ထိန်းသိမ်း။
လက်ခုဆိုရင်
နာနာဖွတ်လျှော်မှ ဖြူမယ်လို့ မှတ်။
ဓမ္မဒူတဆရာတော် အရှင်ပညာဇောတ
ကိုယ့်ကိုတကယ်ထိထိရောက်ရောက်
နှိပ်စက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ် တကယ်ကူညီနိုင်တာလည်း
ဘယ်သူရှိမလဲ၊ ကိုယ်ပဲပေါ့။
မဟာဂန္ဓာရုံဆရာတော်
သည်းခံတယ် ဆိုတာ
အရာရာကို အပြုံးမပျက်
ရင်ဆိုင်ရဲတဲ့ သတ္တိကို ခေါ်တယ်..
(ဆရာတော် အရှင်နန္ဒမာလာဘိဝံသ)
သူများ မကောင်းကြောင်းကို အချိန်ကုန်ခံပြီးတော့ ပြောမနေပါနဲ့။
သူများအပြစ်ကို အချိန်ကုန်ခံပြီး ပြောမနေပါနဲ့။
အဲဒီလို အချိန်ကုန်ခံပြီး ပြောနေရင်-
အဲဒီအချိန်တွေဟာ ကောင်းတဲ့နေရာမှာ မသုံးလိုက်ရတဲ့ အတွက်ကြောင့်
ကိုယ့်ဘ၀ဟာ တိုးတက်မှု ၊ရင့်ကျက်မှု ဖြစ်မလာနိုင်ဘူး။
If I devalue you. I devalue myself.
(သူ့ကို ငါက တန်ဖိုးချလို့ရှိရင် ငါဟာ ငါ့ကိုယ်ငါလည်း တန်ဖိုးချလိုက်ရာ
ရောက်သွားတယ်။)
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
1 comment:
Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog
Post a comment