Thursday 16 October 2008

ကံ ၊ဥာဏ် ၊၀ီရိယအကြောင်း

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရေးသားဆုံးမတော်မှုတဲ့ ရတနာဂုဏ်ရည်စာအုပ်မှ မှတ်သားမိတာလေးတွေကို ပြင်ဆင်ဖြည့်စွတ်ရေးသားလိုက်ပါသည်။ဆရာတော်ဘုရားက ကံဥာဏ်ဝိရိယအကြောင်းကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်တော်မှုပါသည်။။။။
ကံအကြောင်း။ ။ကမ္မ - ဟူသောပါဠိစကားကို မြန်မာလို ကံဟုခေါ်ပါတယ်။ ထိုကြောင့်ကိုယ်ဖြင့်လုပ်မှု ၊နှုတ်ဖြင့်ပြောဆိုမှု၊ စိတ်ဖြင့်ကြံစည်မှုများကိုကံဟုသတ်မှတ်ပါ။ ထိုကံသည် ရှေးရှေးဘ၀ကပြုခဲ့သောကံ၊
ယခုဘ၀မှပြုအပ်သောကံ ဟုနှစ်မျိုးရှိပါတယ်။ ထိုနှစ်မျိုးတို့တွင် အကျိုးတစ်ခုကိုပေးရာ၌ ရှေးရှေးကံသည်
လိုရင်းအကြောင်းတည်း။ ယခုဘ၀ကံမှာ ယခုဘ၀အတွက်ရှေးက အခွင့်ရအောင်၊ သို့မဟုတ် အားရှိအောင်ကူညီထောက်ပံ့ရုံသာဖြစ်တယ်။ နောက်ဘ၀၌ကားဆိုင်ရာအကျိုးကို ကိုယ်တိုင်ပေးခွင့်
ရှိနိုင်ပါတယ်။
ထိုရှေးကံများသည် အလွန်အားကောင်းသောကံ၊ သာမန်လောက်သာရှိသောကံ ဟုနှစ်မျိုးရှိပြန်သည်။
ထိုအထဲတွင် နံမှတ်(၁)ကံ၏အကျိုးပေးပုံက အလွန်ထင်ရှား၏။ ဥပမာ- ရှင်ဘုရင်၊ သူဋ္ဌေး၊ မှုးမတ်စသည်တို့ကိုဖြစ်စေနိုင်သည်။ ဆင်းရဲသားအမျိုး၌ ဖြစ်စေကာမှု တနည်းအားဖြင့်ကြွယ်ဝချမ်းသာစေနိုင်သည်။ ဒုတိယ ကံမျိုး၏ အကျိုးပေးပုံမှာ မထင်ရှားလှ။ သူများနည်းသူအကျိုးမျိုးကိုသာရစေနိုင်သည်။ ထိုကံများသည် ဤလူ့ပြည်လောက၌ မိမိတို့ချည်းအကျိုးပေးဖို့ ခဲယဉ်းသဖြင့် အကျိုးပေးခွင့်ရအောင် ဥာဏ်ဝီရိယနှင့်သတိဟူသော
ပယောဂက ကူညီပေးရသည်။
ဥာဏ်အကြောင်း။ ။အဘိဓမ္မာနည်းအရ အကုသိုလ်အပြစ်မရှိသော တတ်သိလိမ္မာမှုကိုသာ "ဥာဏ်"ဟုဆိုရသော်လည်းကံ အကျိုးပေးခွင့်သာအောင် ကြံဆောင်ရသည့်အရာ၌မှု အပြစ်ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ တတ်သိမှု၊ ပါးနပ်၊ ဖျတ်လတ် သွတ်လတ်ချက်ချက်ချာချာနှင့် အရာရာနှံစပ်မှုများကို
ဥာဏ်ဟုပင်ခေါ်ရပေသည်။ ထိုဥာဏ်သည် ၁-မိမိဘာသာတတ်သိလိမ္မာသောဇာတိဥာဏ် ၊
၂- နောက်မှဖြစ်ပေါ်လာသော "ပ၀တ္တိဥာဏ်"ဟုနှစ်မျိုးနှစ်စားရှိပြန်သည်။
ထိုနှစ်မျိုးတွင် ဇာတိဥာဏ် ရှိသူမှာ ပြောဖွယ်မလို။ ဇာတိဥာဏ်ကိုအခြေခံ၍ ပ၀တ္တိဥာဏ်လည်း တိုးပွားအောင် ကြိုးစားပါလျှင် လူတွင်တစ်ယောက် ဆိုရလောက်အောင် ထွန်းတောက်လာနိုင်ပါသည်။
ဇာတိဥာဏ်မရှိသူအတွက်မှာမှု ကျမ်းစာအမျိုးမျိုးကို ကြည့်ရှု့သင်ယူခြင်း၊ မိမိထက်သိနားလည်သော ပညာရှိထံ ဆည်းကပ်ခြင်းတို့ဖြင့် ပ၀တ္တိဥာဏ် ဖြစ်ပေါ်လာအောင်ကြံဆောင်အားထုတ်ရာ၌ ယခုအခါ
စာသင်ခြင်း၊ ဒေသန္တရဗဟုသုတရှာခြင်းတို့ကြောင့် ပ၀တ္တိဥာဏ်တိုးပွားလျှက် လောကီကြီးပွားရေး
သံသရာကြီးပွားရေးတို့၌ ထိပ်တန်းရောက်နေသူများကိုကြည့်ပါ။
နီတိပျို့၌လည်း
"ကောင်းစွာမရှောင် ၊နားထောင်သူကား၊ အကြာင်းအမြင်၊
များမြောင်စင်၏၊ ဂုဏ်အင်ပွား၍ ၊ပညာလွေ့မူ၊အောက်မေ့ဥာဏ်ဖြင့်၊
ဆင့်ဆင့်မနား၊ ကျိုးစီးပွားကို၊ထောက်ထားစာနာ ၊သိလိမ္မာ၏၊
သိပါသူသည်၊ အရှည်ချမ်းသာ၊မဂ်လာကို ၊အခါလေးမြင့်၊ ဆောင်နိုင်သင့်။"
ဟုစပ်ဆိုထားပါသည်။
အသိအလိမ္မာ ဥာဏ်ပညာနှင့်ကံရှိပါသော်လည်း လုံ့လမရှိလျှင်မည်သည့်အကျိုးမျှ မပြီးစေနိုင်။
ဟိ- ထိုစကားမှန်ကြောင်းကား၊ သုတ္တသ- အပျင်းအားကြီး၍ တအိပ်တည်းအိပ်နေသော၊ သိံဟဿ-ခြသေ့င်္၏၊
မုခေ- ပါးစပ်ထဲသို့၊မိဂါ ။ သမင်တို့သည်၊ နပ၀ိသန္တိ- အလိုအလျောက် မရောက်လာကြကုန်။
(ထ၍ ဖမ်းမှုလုံ့လပြုအုံးမည် )ဟူလို
(ဟိတောပဒေသ)

ဝီရိယအကြောင်း။ ။ကိစ္စတစ်ခု ပေါ်ပေါက်လာလျှင် မကြောက်မရွံ့ စွန့်စွန့်စားစား အားထုတ်မှုကို ၀ီရိယ- လုံ့လ ဟုခေါ်ဆိုပါသည်။ဤ၀ီရိယတွင်မှထပ်ပြီး
၁- ပင်ကိုဇာတိဝီ၇ိယ
၂-နောက်မှဖြစ်ပေါ်လာသော ပ၀တ္တိဝီရိယ ဟုနှစ်မျိုးရှိ၏။ ရှေးရှေးဘ၀က၀ီရိယအထုံပါခဲ့သဖြင့်ဇာတိဝီရိယရှိသူမှာ ဥာဏ်ရှိပါလျှင်သူများနှင့် မယှဉ်သာအောင် အကျိုးခံစားရပါမယ် ။ဝီရိယ မရှိသူကားပ၀တ္တိဝီရိယ ရှိအောင်ပြုပြင်ရပါလိမ့်မယ်။
ဝီ၇ိယနှင့်ပတ်သက်ပြီး ဆောင်ပုဒ်လေးကတော့
"အကျိုးအပြစ်၊ အမျိုးစစ်လျက်၊ ဆိုးညစ်ရိပျင်း
သူကိုကွင်း၍ ထန်ပြင်းလုံ့လ ရိုသူခမူ၊
ဝီရိယဧကန်တိုးမည်တည်း။"
ဝီရိယ ရှိလိုသူများအတွက်...
၁။ လုံ့လ၀ီ၇ိယရှိလျှင် ရရှိမည့်အကျိုးကိုသိထားသင့်သည်။
၂။ လုံ့လ၀ီရိယ မရှိလျှင် ဤဘ၀နောက်ဘ၀၌ အောက်ကျနောက်ကျဖြစ်ရမည့်အပြစ်ကိုသိထားနားလည်ရမည်။
၃။ ငါတို့အမျိုးသည် အထက်တန်းကျ၍ ထက်မြက်သောအမျိုးဖြစ်ခဲ့၏။ ငါတို့လက်ထက်ကျမှ အောက်မကျထိုက်ဟု အမျိုးအရိုး စိစစ်ဆင်ခြင်ရမည်။
၎။ ပျင်းရိသူများကို မပေါင်းဘဲရှောင်ရမည်။ထိုသူများနှင့် အပေါင်းများလျှင်
"တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး" ဆိုသလို အပျင်းဓာတ်ကူး၍ အပျင်းဘက်၌ပါနေတက်သည်ကုသတိပြုရပါမည်။
၅။ လုံ့လပြင်းထန်သူကို ဆည်းကပ် ခယခြင်းပြုလျှင် "ဘုရားဒကာနားနီး
ဘုရားဒကာ" ဟူသကဲ့သို့ ၀ီရိယဓာတ်ကူး၍ အထူးအားတက်တက်သည်ကို သတိပြုလုပ်ဆောင်သင့်လှပေသည်။

Monday 13 October 2008

သီတင်းကျွတ်လပြည့်နေ့ အကြောင်း


သီတင်းကျွတ်လရာသီအချိန်သည် မိုးမကုန်သေးသော်လည်း နေရောင်ခြည်
ဖြာစပြုလာပြီဖြစ်၍ သာယာတော့မည့် ဆောင်းရာသီ၏ အရုဏ်ဦးအချိန်ပင်
ဖြစ်သ ည။် ယင်း အချိန် တွင်ဝါဆိုကင်း လွတ်၊သီတင်းကျွတ်မို့ ဆိုသည်နှင့်
အညီ ဗုဒ္ဓဘုရားရှင်၏ ပညတ်တော်အရ ဝါဆိုလပြည့်ကျော် ၁ရက်နေ့က
ပုရမိ ဝါဆိုတော်မြူကသည့် သဃာံတော်များသည် သီတင်း ကျွတ်လ ပြည့်နေ့တွင်
ဝါဆိုသည့်ကာလ ကုန်ဆုံးသွားကြပြီဖြစ်သဖြင့် အရပ်တစ်ပါးသို့ ညဥ့်အိပ်
ညဥ့်နေ လွတ်လပ်စွာကြွတော်မှုနိုင်ြကပေသည။်
ထိုရာသီတွင် အဿဝဏီနက္ခတ်သည် စန်းဟု ခေါ်သော လမင်းနှင့်အတူ
ယှဉ်ပြိုင်ထွန်းပပေသည်။ ရာသီရုပ်မှာ ချိန်ခွင်ကို ကိုင်စွဲသော ယောက်ျားရုပ်
သဏ္ဌာန်ဖြစ်ပြီး ငုံအာစွင့်စွင့်ရေထက်မြင့်ကာ ဖူးပွင့်နေကြရှာသော ကြာဖြူ၊
ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိက်၊ ကြာပဒုမ္မာ ဟူသည့် ကြာမျိုးငါးပါးတို့သည်
သီတင်းကျွတ်လ၏ ရာသီပန်းများဖြစ်ကြပေသည်။ ထိုလတွင် ဆီမီးမြင်းမိုရ်ပွဲ
(ဝါ) တာဝတိံသာပွဲကို ရာသီပွဲအဖြစ် ကျင်းပပြုလုပ်လေ့ရှိကြသည်။ နေ့တာ
ညတာညီမျှသော လဖြစ်သော ဤသီတင်းကျွတ်လကို ကင်းဝန်မင်းကြီးက
''သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို၊ မီးမြင်း
မိုရ် ဗဟိုအချာထွန်း''ဟု စပ်ဆိုခဲ့လေသည်။
သီတင်းကျွတ်လကို သန်တူ၊ ဝသန္တဥတု တူရာသီဖြစ်သောလ၊ သီတင်း
ဝါလကျွတ်သော လဟု ဝေါဟာရလီနတ္ထဒီပနီတွင် လည်းကောင်း၊ ကောက်
စပါးပင်များ ပေါက်ဖွားထောင်မတ်ထွက်လာသောလ၊ ရဟန်းသံဃာတော်များ
မိမိတို့ ကျောင်းအရပ်အတွင်း၌သာ သီတင်းသုံးနေထိုင်ခြင်းမှ လွတ်မြောက်
သော လဟု မြန်မာလအမည်များ စာအုပ်တွင်လည်းကောင်း အသီးသီး
အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ဂေါတမရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် ၁ဝ၉ခုနှစ် ဝါဆို
လပြည့်နေ့၌ သာဝတ္ထြိပည်အနီးဝယ် ဘုရားရှင်၏ မိန့်တော်မူချက်နှင့်အညီ
ကောသလ္လဘုရင်၏ ဥယျာဉ်မှူး မောင်ကဏ္ဍစိုက်ပျိုးလိုက်သည့် ကဏ္ဍမ္ဗမည်
သော သရက်ဖြူပင်အနီးတွင် အယူလွဲမှားနေတာ တိတ္ထိတစ်သင်းတို့အား
တန်ခိုးပြာဋိဟာ ဖန်ဆင်းပြတော်မူကာ နှိမ်နင်းချေချွတ်တော်မူခဲ့သည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုတိသနတ်သားအား
အဘိဓမ္မာတရား ဟောကြားတော်မူခြင်းဖြင့် ကျေးဇူးဆပ်ရန် ရည်ရွယ်လျက်
တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ သတ္တမ ဝါကပ်တော်မူပါသည်။ ဘုရား
ရှင်သည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်တွင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူ
လျက် မယ်တော်မိနတ်သားအမှူးပြုသည့် စကြဝဠာပေါင်း တိုက်တစ်သောင်း
တို့မှ ခညောင်းရောက်ရှိလာကြသော နတ်ဗြဟ္မာပရိသတ်တို့၏ အလယ်၌
အဘိဓမ္မာတရားတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲ ဟောကြား
တော်မူခဲ့သည်။
အဘိဓမ္မာဒေသနာတော်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
အနက် ထက်ဝက်မျှပင်ရှိ၏ လွန်စွာများပြားရှည်လျား၍ ၀ါတွင်းသုံးလ
ဆက်တိုက်ဟောမှ ပြီးဆုံး၏။ ထိုမျှရှည်လျားသော ဒေသနာတော်ကို လူ့ပြည်
တစ်နေရာတည်း၊ ဣရိယာပုဒ်တစ်မျိုးတည်းဖြင့် ဆက်တိုက်နာကြားနိုင်သည့်
ပုဂ္ဂိုလ်မျိုး မရှိသည့်အတွက် ယင်းအဘိဓမ္မာဒေသနာတော်ကို လူ့ပြည်၌
ဟောကြားတော်မမူဘဲ နတ်ပြည်၌သာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ဘုရားရှင်၏ အဘိဓမ္မာတရားဒေသနာ ဟောကြားခြင်းသည် ဝါတွင်း
သုးံ လမြောကြ် ဖစ်သော သတီ င်း ကျွတ်လ ပြည့် နေ့၌ ပြီး ဆုးံ လေသည။် ယင်း သို့
တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးနောက် ဤဝါကျွတ်ချိန်
တွင် တာဝတိံသာနတ်နန်းမှသည် သင်္ကဿနဂိုရ်သို့ သိကြားမင်း ဖန်ဆင်း
လှူဒါန်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူသော
စောင်းတန်းသုံးသွယ်ဖြင့် နတ်အပေါင်းက လက်ယာဘက် ရွှေစောင်းတန်းမှ
လည်းကောင်း၊ ဗြဟ္မာကြီးများက လက်ဝဲဘက် ငွေစောင်းတန်းမှလည်းကောင်း
ခြံရံလျက် ဗုဒ္ဓရှင်တော်မြတ်သည် အလယ်ဗဟို၌တည်ရှိသော ပတ္တမြားစောင်း
တန်းဖြင့် သက်ဆင်းကြွမြန်းတော်မူလေသည်။ ယင်းသို့ သက်ဆင်းကြွမြန်းရာ
တွင် ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ်ပမာဏရှိသည့် ဗေဠုဝနတ်စောင်းကြီးကို
လက်သံကုန်တီး၍ ပူဇော်ကာ လက်ယာနံပါးမှ လည်းကောင်း၊ မာတလိနတ်သား
ကလည်း နတ်၌ဖြစ်သော ပန်း၊ နံ့သာအမွှေးအကြိုင်တို့ကို ကိုင်စွဲလျက် ဘုရား
ရှင်ကို ပူဇော်ကာ လက်ဝဲနံပါးမှလည်းကောင်း၊ သုယာမနတ်မင်းသည် စာမရီ
သားမြီးယပ်ကိုခတ်လျက် လည်းကောင်း၊ သန္တုတိသနတ်မင်းသည် ပတ္တမြား
ယပ်ဝန်းကို တလွှဲလွှဲခပ်လျက် လည်းကောင်း၊ သိကြားမင်းသည် ဝိဇယုတ္တရ
ခရုသင်းကို မှုတ်လျက် လည်းကောင်း လက်ယာဘက်မှပင် ပူဇော်ကြကာ

သက်ဆင်းလိုက်ပါလာကြသည်။ ထိုနည်းတူ ကြွင်းသော စကြဝဠာတိုက်တို့၌
နေထိုင်ကြကုန်သော နတ်တို့မှ အမျိုးမျိုးသော ပူဇော်မှုကိုပြုကြလျက်လည်း
ကောင်း၊ လက်ဝဲဘက် ငွေစောင်းတန်းမှလည်း သဟံပတိဗြဟ္မာကြီးက ဗြဟ္မာ
ထီးဖြူကြီးကို ဆောင်းမိုးပူဇော်လျက် လည်းကောင်း သက်ဆင်းလိုက်ပါလာ
ပေသည်။ထိုအချိန်တွင်သာဝတြ္ထိ ပည်၌် ရြှိ ကကုန်သော ပရိသတ်အ ပေါင်း တိုသ့ ည်
လည်း သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ နံနက်စာစားကြပြီးလျှင်
''ယနေ့ မြတ်စွာဘုရားကို သင်္ကဿမြို့တံခါး၌ ဖူးမြော်ကြရကုန်တော့အံ့''ဟု
ထွက်လာခြဲ့ ကရာ အချန်အနည်း ငယ်အတွင်းမှာပင် သကဿင်္ မြို့ တခါံးသို့  ဆိုက်
ရောက်နေပြီ ဖြစ်သည်။
ဤသို့ မြတ်စွာဘုရားသည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာ
နတြ် ပည်မှ သက်ဆင်း တော် ၍ူ လြူ့ ပည်သို့အရောက်စောင်း တန်း ဦး ၌ လကယ်ာ
ခြေတော်မချမီလျှင်ပင် ဘုရားရှင်ကို တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်က
ပထမဦးစွာရှိခိုးပူဇော်ပြီး ထိုေ့ နာက်မှ ကျန်သောပရိသတ်တို့ကမြတ်စွာဘုရား
ကို ရှိခိုးဖူးမြော် ပူဇော်ကြလေသည်။ ထိုသင်္ကဿမြို့တံခါးဝ၌ စောင်းတန်းမှ
ပထမဦးဆုံး လက်ယာခြေတော်ချရာအရပ်သည် နောင်အခါဝယ် ''အစလ
စေတိယဌာန''ဟူ၍ အမည်ထင်ရှားလေသည်။
ယင်းသို့ ရှင်သာရိပုတ္တရာအမှူးပြုသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း
ပါဝင်သည့် ပရိသတ်များက ဘုရားရှင်အား သောင်းသောင်းဖြဖြ ပူဇော်ပွဲကြီး
ကို ဆင်ယင် ကျင်းပခဲ့ကြသည်မှာ မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက်တွင်
ဖြစ်၍် ယခု မြန်မာသက္ကရာဇ် ၁၃၇ဝပြည့်နှစ်တွင်နှစ်ပေါင်း၂၅၉ဝ(နှစ်ပေါင်း
၂၆ဝဝနီးပါး) ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။
မြန်မာတို့သည် ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်
မူခဲ့သည်ကို အကြောင်းပြု၍ ''တာဝတိံသာပွဲတော်''ဟု လည်းကောင်း၊
တာဝတိံသာနတ်ပြည်တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်
ကို အကြောင်းပြု၍ ''မီးမြင်းမိုရ်ပွဲ''ဟု လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြ
ပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်ပတ်သက်ပြီး ပုဂံ
ခေတ်ထိုးကျောက်စာများတွင် ကောင်း မှုစာရင်း များ၌ပါဝင် ကြာင်း မတွေ့ ရရှိ
သောလည်း ပုဂ့ရှိမြင်း ကပါဂူ ပြောကြ် ကီး ဘုရားတွင်တွေ့ရှိရသော ပန်းချီကားအရ
ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့သို့ ကြွဆင်းလာတော်
မူပုံ သရုပ်ဖော်ရေးဆွဲထားသည်ကို ထောက်ရှု၍ ပုဂံခေတ်က မီးထွန်းပွဲတော်
အား ပုဂံသားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း ယူဆနိုင်ပါသည်။
ကုန်း ဘောင်ခေတ်အလယ်ပိုင်း၌ သီတင်းကျွတ်လ ဆီးမီးထွန်းညှိပူဇော်ပုံ
ကို ဘိုးတော်ဘုရားလက်ထက် ထင်ရှားသည့် စာဆိုတော်တစ်ဦးဖြစ်သော
ဦးယာက ''ကြော်သဲအုတ်အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်း
ရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်းစံရာ၊ ဝတိံသာသို့၊
လေးဖြာရောင်စို၊ မြင်းမိုရ်ပွဲကြီး''ဟု လူးတားဖြင့် ဖွဲ့ဆိုရေးစပ်ခဲ့သည်။
သီတင်းကျွတ်လတွင် ပွင့်ကြသည့် ရာသီပန်းများဖြစ်သော ကြာမျိုး
ငါးပါးနှင့် ကျင်းပလေ့ရှိသည့် မီးမြင်းမိုရ်ပွဲစသည့် သရုပ်ကို ဖော်ညွှန်းလျက်
စာဆိုတော် ဖိုးသူတော်ဦးမင်းက ''ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့
ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာ ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်
ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊ သက္ကစ္စာဂါရဝါနှင့် စဉ်အလာပူဇော်ပွဲကို
နွှဲကြပေတောင်း''ဟူ၍ ဖွဲ့ဆိုထားပါသည်။
ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ ဒေသနာတော်ကို
ဝါတွင်းသုံးလပတ်လုံး ဟောကြားပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင်
လူ့ပြည်သို့ ပြန်ကြွလာသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့တွင်
''အဘိဓမ္မာ အခါတောေ် န'့ 'ကို ကျင်း ပကြသည။် သတီ င်း ကျွတ် လပြည့်နေ့တွင်
ရဟန်းသံဃာတော်များ ပဝါရဏာပွဲ ပြုလုပ်ကျင်းပကြသည်။ ပဝါရဏာ၏
အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တောင်းပန်ခြင်း၊ တိုက်တွန်းခြင်းဟူ၍ ဖြစ်သည်။
ပ၀ါရဏာပွဲကား သီတင်း သုးံ ဖော် ရဟန်း သဃာံတော်များအချင်း ချင်း တစ်ပါး
သော ပုဂ္ဂိုလ်အပေါ်တွင်ဖြစ်စေ မိမိအပေါ်တွင်ဖြစ်စေတရားတော်နှင့် မလျော်ညီ
ဖီလာဖြစ်မှုများရှိခဲ့ပါက အချင်းချင်း စုပေါင်းဝေဖန်ကြသည့်ပွဲ၊ သုံးသပ်ကြ
သည့်ပွဲ၊ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြသည့်ပွဲပင် ဖြစ်သည်။
''ငါ့ရှင်တို့၊ တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏၊ တပည့်တော်
တို့၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယ
ရှိသော်လည်းကောင်း တပည့်တော်အားသနားသောအားဖြင့် ပြောဆို သိပေး
ကြပါ၊ အပြစ်ကို ကုစားပါမည်''ဟူ၍ ပဝါရဏာပြုကြသည်။
ထြို့ ပင် မိုး လေကင်း လွတ်ပြီး ဥတုရာသီသာယာသည့်အချိန်
အခါလည်း ဖြစ်သည်။ ဤလတွင် ဘိုးဘွား မိဘများ၊ ဆရာသမားတို့ထံသို့
တပညသ့်ားမြေးများက လှူဖွယ်ပစ္စည်းများဖြင့်ကန်တြော့ ကလေရာ
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်တို့အကြား ချစ်ခင်မြတ်နိုးမှု၊ ရိုသေ
လေးစားမှုများ တိုးပွားကာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဖြစ်ရပေသည်။
သို့ဖြစ်ရာ ခြေခင်းလက်ခင်းသာချိန်ဖြစ်သည့် ဤသီတင်းကျွတ်လတွင်
ကောင်းမှုကုသိုလ်အဖုံဖုံကို ပြုလုပ်ကြလျက် စိတ်လက်ကြည်နူးစွာ တရား
ဘာဝနာ ပွားများအားထုတ်နိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါ
သည်။
တင်ထွဋ်(အစိုးရတိုင်းရင်းဆေး)

Saturday 11 October 2008

ချမ်းသာချင်လား ဒါဆောင်ထား

အနန္တမေတ္တာတော်ရှင် ဘုရားသခင်သည်ဝေနေယျသတ္တ၀ါအများကိုချမ်းသာစေချင်သောကြောင့်
ပွင့်တော်မှုလာခြင်းဖြစ။ အနီးစပ်ဆုံးအနေနှင့် လူသားတွေကိုချမ်းသာစေချင်သည်။ ထို့ကြောင့်လူချမ်းသာ
တရားလေးပါးကို ကျောင်းဒကာကြီး အနာထပိဏ်ကိုအကြောင်းပြုဟောကြားတော်မှုထားခဲ့ပါသည်။
လူရယ်လို့ဖြစ်လာလျှင် လူ့ချမ်းသာကိုတော့ ခံစားရသင့်သည်။လူ့ချမ်းသာကိုခံစားနိုင်ဖို့အတွက်
လူ့ချမ်းသာကိုခံစားနိုင်ဖို့အတွက် လူ့ချမ်းသာတရားလေးပါးနှင့်ပြည့်စုံရမည်။ လူ့ချမ်းသာတရားလေးပါးဆိုတာ
အတ္တိသုခ -ရှိချမ်းသာ၊ ရှိသင့်တာတွေရှိလျှင်ချမ်းသာသည်။ ဘောဂသုခ- ခံစားစံစားချမ်းသာ၊ ခံစားသင့်ခံစားထိုက်တာကို ခံစားရလျှင်ချမ်းသာကြွယ်ဝသည်။ အာနဏသုခ- အကြွေးကင်းလျှင် ချမ်းသာသည်။ အန၀ဇ္ဇသုခ-အပြစ်ကင်းချမ်းသာ အပြစ်ကင်းလျှင်ချမ်းသာသည်။ ဒီလေးပါးနှင့်ပြည့်စုံမှ
လူချမ်းသာဟုခေါ်သည်

လောကမှာ ပိုက်ဆံရှိသူ ၊ပစ္စည်းဥစ္စာရှိသူကို လူချမ်းသာလို့ခေါ်ကြသည်။ထို့ကြောင့်လူချမ်းသာဖြစ်ဖို့
အတွက်ပိုက်ဆံရှိရမည်။ ပစ္စည်းဥစ္စာရှိရမည်။ ပိုက်ဆံရှိဖို့ ပစ္စည်းဥစ္စာရှိဖို့ဆိုတာဝင်ငွေကောင်းကောင်းရှိရမည်
ဝင်ငွေကောင်းဖို့အတွက် အလုပ်ကောင်းကောင်းရှိရမည်။ ဒါအခြေခံအဓိကသော့ချက်ဖြစ်သည်။ဒီအံပင်ရှိသင့်တာတွေက ကံရှိရမည်။ ဥာဏ်ရှိရမည်။ဥာဏ်နှင့်ဆိုင်သော
အတက်ပညာ၊ အသိပညာ၊ ဗဟုသုတရှိရမည်။
ကြိုးစားမှုဝီရိယရှိရမည်။ ပြောတက်ဆိုတက် လုပ်တက် ကိုင်တက် ဆိုသော လုပ်ရည်ကိုင်ရည်၊ အရည်အချင်းရှိရမည်။ စိတ်ကောင်းစေတနာကောင်းရှိရမည်။ စိတ်နေစိတ်ထားနူးညံ့ပျော့ပျောင်းမှုရှိရမည်။
က္ကနြေ္ဒရှိရမည်။ သိက္ခာရှိရမည်။ကိုယ်ချင်းစာတရားရှိရမည်။ ရိုးသားဖြောင့်မတ်မှုရှိရမည်။ လိမ္မာပါးနပ်မှုရှိရမည်။အမြော်အမြင်ရှိရမည်။ ဆင်ခြင်တုံတရားရှိရမည်။
နေရာကောင်းရှိရမည်။ မိတ်ဆွေကောင်း ၊ဆွေကောင်း အမှီကောင်းရှိရမည်။စီမံခန့်ခွဲမှုကောင်းရှိရမည်။
အတိုင်းအတာတစ်ခုအထိ စွန့်လွတ်မှု၊ အနစ်အနာခံမှု၊ ခွင့်လွတ်မှု၊သည်းခံမှုရှိရမည်။
အတ္တိသုခ- ရှိမှချမ်းသာမည်။ မရှိလျှင်ဆင်းရဲမည်။ ချမ်းသာဖို့အတွက်ရှိရမည့်အရာတွေကတော့ခေတ်အား၊ စနစ်အားလျှော်စွာ များလှသည်။ချမ်းသာချင်လျှင်တော့ ကိုယ့်မှာရှိသင့်ရှိထိုက်သည့်အရာတွေရှိအောင်လုပ်
ထားရမည်။ပြည့်အောင်ဖြည့်ထားရမည်။ ရှိလျှင်ချမ်းသာလိမ့်မည်။ မရှိလျှင်တော့ဒုက္ခတွေ့လိမ့်မည်။လူရယ်လို့ဖြစ်လာလျှင် လူနဲ့တူအောင်စားရသင့်သည်။ လူနှင့်တူအောင်
နေရသင့်သည်။ လူကိုလူလိုတန်ဖိုးထားခံရသင့်သည်။ဒါက ဘောဂသုခဆိုသည့်လူချမ်းသာတစ်ပါးဖြစ်သည်။
ကမ္ဘာမှာလူနှင့်တူအောင် မနေရသူတွေ၊ လူနှင့်တူအောင်မစားရသူတွေ၊ လူနှင့်တူအောင်မ၀တ်ရသူတွေ၊လူကိုလူလိုတန်ဖိုးမထားခံရသူတွေအများကြီးရှိသည်။ထို့ကြောင့်ဘောဂသုခဆို
သောချမ်းသာတစ်ပါးကလည်း လူအတွက်အရေးကြီးသည်။
ယေဘုယျအားဖြင့်တော့ဘောဂသုခကအတ္တိသုခနှင့်ဆက်စပ်နေ၏။ ၀တ်စာရှိမှဝတ်လို့ရမည်. စားစရာရှိမှစားလို့ရမည်။ခံစားစရာရှိမှ ခံစားလို့ရမည်။ ၀ရှိမှဝိလုပ်လို့ရမည်။ ၀မရှိဘဲနဲ့ဝိလုပ်ချင်ရင်တော့ဒုက္ခတွေ့မှာသေချာပေသည်.ဒီတော့ဘောဂသုခနှင့်ပြည့်စုံဖို့ဆိုတာအတ္တိသုခနှင့်
ပြည့်စုံမှဖြစ်မည်။
လူရယ်လို့ဖြစ်လာလျှင်လူ့ချမ်းသာကိုခံစားပါ။ ကောင်းကောင်းနေ၊ကောင်းကောင်းစား ကောင်းကောင်းသုံး
အဲဒီလိုကောင်းကောင်းသုံးအဲဒီလိုမျိုး ကောင်းကောင်းနေ ကောင်းစားကောင်းကောင်းဝတ်နိုင်အောင်၊
ဘောဂသုခအနေနှင့်ပြည့်စုံအောင် အတ္တိသုခအနေနှင့်ကောင်းကောင်းရှာထား၊ ကောင်းကောင်းအလုပ်လုပ်ထား၊ကောင်းကောင်းကြိုးစားထား၊ ကောင်းကောင်းစုထားအဓိပ္ပာယ်ကဒီလိုဖြစ်သည်။
ဗုဒ္ဓ၏တရားတော်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်သက်ဆိုင်သလိုလူပုဂ္ဂိုလ်အများနှင့်ဖွဲ့စည်းထားသော
လူ့အဖွဲ့အစည်းတွေနှင့်လည်းသက်ဆိုင်သည်။လူအဖွဲ့အစည်းတွေမှာလည်း တစ်မိသားစု၊ တစ်ရပ်၊တစ်ရွှာ
တစ်မြို့၊ တစ်နိုင်ငံ၊ တစ်ကမ္ဘာ၊လူ့အဖွဲ့အစည်းအသီးသီးနှင့်သက်ဆိုင်သည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဆက်လက်ရေးသားပါအုံးမည်

Friday 10 October 2008

စကားပြောဆိုခြင်းဆိုင်ရာ ပညာရှိတို့၏သြ၀ါဒများ

ရဟန်း ပညာရှိ၊ လူပညာရှိတို့သည် ဗုဒ္ဓ၏ဓမ္မ၌ အခြေခံလျက်စကားပြောခြင်းဆိုင်ရာရှောင်ရန်၊
ဆောင်ရန်များကို ညွှန်ပြခဲ့သည်မှာအများအပြားပင် ရှိပေသည်။
ကုန်းဘောင်ခေတ်စာဆို ညောင်ပင်သာ ဦးပုညက(သူတရတာနာဆုံးမစာ)တွင်
-ပိဋကတ်ပင်လယ်၊နယကျယ်၊ အလွတ်တတ်ပြီမထင်နှင့်၊
တစ်နည်းတွေ့ရုံ၊ ကျမ်းမစုံ၊အာရုံတယ်ပြီး မကိုးနှင့်၊
ကေစိသဘော၊ တစ်ကျမ်းဟော၊ အပြောတယ်၍မကင်းနှင့်၊
ဂန္ထန္တရ၊ မနှံ့ကြ၊ ၀ါဒတယ်၍ မငြင်းနှင့်၊
အတ္တနောမတိ၊ ယူမှန်းသိ ၊ဖိ၍ပြိုင်၍ မပြောနှင့်၊
ကိုယ့်ထက်ဥာဏ်ရှိ၊ တက်မှန်းသိ မိမိကိုယ်ကိုမမြှောက်နှင့်၊
ဟူ၍ သတိပေးထားလေသည်။ အင်းဝခေတ်စာဆိုအရှင် ရှင်မဟာရဌသာရ၏ဆုံးမစာ
တစ်ရပ်တွင်လည်း...

"ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း ဟုတ်တည်းဧကန် ၊အာမသန်နှင့်၊
မှန်သည်တစေမရှိချေ ဟုဆိုထားဖူးသည်။"

Thursday 9 October 2008

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံသီလ

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံအားဖြင့်စောင့်ထိန်းကျင့်သုံးအပ်သည့် သီလများကို စာရိတ္တသီလနှင့် ၀ါရိတ္တသီလ
ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ စာရိတ္တသီလဟူသည်မှာ ပြုရမည့်ဝတ္တရားအသွယ်သွယ်ကို မငြင်းမပယ်ပြုကျင့်လိုက်နာခြင်းဖြစ်သည်။ ၀ါရိတ္တသီလဟူသည်မှာ မသင့်လျော်မမှန်ကန်သဖြင့်
တားမြစ်ထားသောအရာများကို မပြုလုပ်ဘဲရှောင်လွှဲနေခြင်းဖြစ်သည်။
ရှောင်ကျဉ်အပ်သော အရာများကို 'ဒုစရိုက်'ဟုခေါ်ပါသည်။ဒုစရိုက်၏တခုခြင်းအဓိပ္ပာယ်မှာ
(ဒု= မကောင်းသော။ စရိုက်/စာရိတ္တ=အကျင့်) ဟုဆိုလိုပါသည်။
ဒုစရိုက် (၁၀)မျိုးရှိပါသည်။ ယင်းတို့မှာ ကိုယ်ဖြင့်ပြုသော ဒုစရိုက်(ကာယကံ) (၃)ခု၊ နှုတ်ဖြင့်ပြုသော
ဒုစရိုက်(၀စီကံ) (၄)ခု၊ စိတ်ဖြင့်ပြုသော ဒုစရိုက်(မနောကံ) (၃)ခုတို့ဖြစ်ပါသည်။
စကားပြောခြင်းဟူသည်မှာ နှုတ်မှ(၀စီကံ)တွင် အကျုံးဝင်ပါသည်။ ၀စီကံဒုစရိုက်(၄)ခုမှာအောက်ပါအတိုင်း
ဖြစ်သည်။။


(၁) မဟုတ်မမှန်ပြောဆိုခြင်း (မုသာဝါဒ)
(၂) ကုန်းချော၊ ကုန်းတိုက် ပြောခြင်း (ပိသုဏ၀ါစာ)
(၃) ကြမ်းတမ်းစွာပြောခြင်း (ဖရုဿဝါစာ)
(၄) အကျိုးမဲ့ ၊အချည်းနှီး ပြိန်ဖျင်းစကားပြောခြင်း (သမ္ဖပ္ပလာပ၀ါစာ)
ဆောင်ပုဒ် ။ ။ လှည့်စား ရန်တိုက်၊မိုက်မိုက် ကန်းကန်း၊ နှုတ်ကြမ်းလေ့ခြင်း၊ ပိန်ဖျင်းစကား
ပြောဆိုငြား၊ လေးပါးဝစီကံ။
ဤ၀စီဒုစရိုက်(၄)မျိုးတို့ကို ကျွန်ုပ်တို့သည် တစ်ခုမဟုတ်တစ်ခု နေ့စဉ်နှင့်အမျှကျူးလွန်မိလျက်သားဖြစ်နေ
ကြလေသည်။ ၀စီဒုစရိုက်လေးမျိုးကို ရှောင်ကြဉ်အပ်သည်ဟုသိထားကြသောဗုဒ္ဓဘာသာဝင်တို့သည်လည်း နေ့စဉ်ဘ၀များတွင် သိလျက်နှင့်ကျူးလွန်မိတက်ကြပါတယ်။
မုသားပြောကြားခြင်းသည် အလွန်အန္တရာယ်ကြီးပါတယ်။ လူအချင်းချင်းတို့သည် စကားကိုအားကိုးပြီးယုံထိုက်မယုံထိုက် ဆုံးဖြတ်ကာဆက်ဆံရခြင်းဖြစ်ရာ မမှန်သောစကားကိုအားကိုးက
လောကသည် လိမ်လည်မှုအမှားများဖြင့် အတိပြီးကာ ကမောက်ကမဖြစ်သွားပါလိမ့်မယ်။ မုသားဆိုရာတွင်
အရာဝတ္တုက ဟုတ်မှန်ပါလျက်မဟုတ်ဟုပြောခြင်းသည်လည်းကောင်း၊ အရာဝတ္တုကမဟုတ်မှန်ပါလျက်နှင့်
ဟုတ်မှန်ပါသည်ဟု ပြောဆိုခြင်းသည်လည်းကောင်းနှစ်မျိုးစလုံးမုသားထိုက်ပေသည်။
မုသားမြောက်ခြင်းအင်္ဂါလေးရပ်ရှိပါတယ်...ယင်းတို့မှာ..
(၁) မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
(၂) မဟုတ်မမှန်ပြောဆိုခြင်းဖြင့် သူတစ်ပါးအားအမှားသိစေလိုသောစိတ်ဆန္ဒရှိခြင်း။
(၃) ထိုစိတ်ဆန္ဒအတိုင်း ကိုယ်နှုတ်လုံ့လပြုခြင်း၊
(၄) တစ်ဖက်သားကလည်းအမှားကိုသိသွားခြင်းတို့ဖြစ်သည်
'မုသားပြောသောပုဂ္ဂိုလ်မှာ မလုပ်ရဲတဲ့အကုသိုလ်ဘာမှမရှိတော့'ဟုဆိုပါသည်။ (ဤတွင် မှတ်သားစရာကောင်းလှသော ဗုဒ္ဓသြ၀ါဒတစ်ရပ်ရှိပါသည်။ မမှန်သောစကားကိုပြောခြင်းသည် အပြစ်ဖြစ်သည်ဆိုလျှင် အမှန်ကိုမပြောဘဲတိတ်ဆိတ်စွာနေခြင်းသည်ကော အပြစ်မြောက်ပါသလားဟူသောအချက်ဖြစ်သည်။ မြတ်စွာဘုရားရှင်က နှစ်မျိုးခွဲပြ၍မိန့်ကြားတော်မှုခဲ့ပါသည်။
အကျိုးမရှိလျှင် ဘာမျှမပြောသော်လည်းပြောသင့်၍ ပြောခြင်းသည်မေတ္တာပင်ဖြစ်သည်။ ပြောသင့်ပါလျက်
မပြောခြင်းသည် တာဝန်မကျေမှုပင်ဖြစ်၍ အပြစ်ထိုက်ပါသည်။မုသာဝါဒ ပြောဆိုခြင်း၏ အပြစ်ကိုဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ) ၏စာအုပ်တအုပ်တွင်...

"မုသားစကား ၊ ပြောဆိုငြားမှု
စကားမပီ ၊သွားမညီတည်း
ပုပ်ညှီပါးစပ် ။ခြောက်ကပ်ကိုယ်ရေ
က္ကုနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။"
ဟုလင်္ကာလေးဖြင့်ဆုံးမထားသည်ကိုတွေ့ရပါသည်..
ကုန်းချော ကုန်းတိုက် ပြောဆိုခြင်းသည်လည်း လွန်စွာအန္တရာယ်ကြီးလှပါသည်။ မှန်ကန်သောဆက်ဆံရေးဖြင့် သင့်မြတ်နေသည့်နှစ်ဦး နှစ်ဖက်ကြား အထင်အမြင်လွဲမှားအောင် သံသယမှ
အာဃာတအထိကြီးထွားအောင် ကုန်းချောစကားပြောခြင်းသည် ပြောသူအတွက်သာမက နာသူအတွက်ပါ
အန္တရာယ်ကြီးမားလှပါတယ်။ ပိသုဏ၀ါစာသည်နားလည်မှု၊ မေတ္တာတရား၊ စာနာခြင်းများနှင့်ငြိမ်းချမ်းရေးကို
ခြိမ်းခြောက်ပျက်စီးစေသော ဧရာမ မကောင်းမှုဒုစရိုက်ပင်ဖြစ်ပါသည်။
ဖရုဿဝါစာ- ကြမ်းတမ်းစွာပြောဆိုခြင်းသည်ကား ဒေါသကိုအခြေခံလျက်မောဟ (မသိနားမလည်ခြင်း)ဖြင့်
မွမ်းမံကာထွက်ပေါ်လာသော ဆဲရေးတိုင်းထွာ ကျိန်ဆဲအပြစ်တင်ခြင်းပင်ဖြစ်သည်။ ကြမ်းတမ်းရိုင်းပျသောစကားလုံးတို့ကို မည်သူမျှမနှစ်သက်ကြပါ။။ ဖရုဿဝါစာ၏ အကျိုးဆက်မှာ အမုန်းနှင့်
ရန်ဖက်ဖြစ်ခြင်းပင်ဖြစ်ပါသည်။
သမ္ဖပ္ပလာပ၀ါစာ- ပြိန်ဖျင်းသောစကားဟူသည်ကား အနှစ်မဲ့၊ အကျိုးမဲ့သောစကားသွမ်း၊ စကားဖျင်း၊
စကားပေါ့များကိုဆိုလိုပါသည်။ လူမှုဘ၀အတွင်းနေထိုင်ရှင်သန်ရသူများအဖို့ ကြိမ်ဖန်ပေါင်းများစွာ
အမှုအမှတ်မဲ့ပြောဆိုဖြစ်သော စကားမျိုးလည်းဖြစ်သည်။ဤစကားမျိုး ပြောဆိုလေ့အကျင့်စွဲသူများမှာ အသိဥာဏ်အလဟဿ ကုန်ဆုံးခြင်းနှင့်တန်ဖိုးမဲ့ လျှပ်ပေါ်သောဘ၀ကို တည်ဆောက်မိခြင်းစသည့်အပြစ်များကို ခံစားကြရမည်ဖြစ်ပါသည်။
အချုပ်ဆိုရသော် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကာယကံ၊ ၀စီကံ၊မနောကံ တည်းဟူသောကံသုံးပါးမှ
ဝစီကံဒုစရိုက် (၄)ပါးကိုအတက်နိုင်ဆုံးစောင့်ထိန်းလျှက်..ကုသိုလ်ဘာဝနာများတိုးပွားကျင့်ကြံအားထုတ်ပြီး
သီလ သမာဓိ ပညာပြည့်စုံကြွယ်ဝကြလျှက် ..ရှေ့ဆက်လျှောက်မည့်ဘ၀လမ်းတိုင်းတွင်
အမှားအယွင်းမရှိစေဘဲ ..မိမိတို့အလိုချင်ဆုံးအတမ်းတဆုံး နိဗ္ဗာန်ခရီးလမ်းကိုတက်လမ်းကြပါစို့လို့
တိုက်တွန်းပြောကြားလိုက်ရပါတော့သည်။။။။

Sunday 5 October 2008

တစ်ရာနှင့်တစ်ရက်

'သီလမရှိသူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက် သီလရှိသူရဲ့တစရက်တာအသက်ရှင်ရခြင်းက
အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်' (ဗုဒ္ဓ)
ကာယကံအမှားအယွင်းများ ရှောင်ကြဉ်မှု၊ ၀စီကံအလွဲအချော်များစောင့်ထိန်းမှုကို သီလလို့ခေါ်ပါတယ်
မပြုသင့်တဲ့ ကိုယ်မှုလုပ်ရပ်တွေ မပြု၊ မပြောသင့်တဲ့နှုတ်ထွက်စကားတွေ မပြောဘဲ ကိုယ်နဲ့နှုတ်ကိုစောင့်စည်း
ထိန်းသိမ်းနိုင်တဲ့သူဟာ သီလရှိတဲ့သူပါ။
ကိုယ်အမှား၊ နှုတ်အမှားကို ပြုထားတဲ့သူ(သီလမရှိတဲ့သူ)ရဲ့စိတ်အစဉ်ဟာ နောင်တတရားတွေနဲ့ပူလောင်
ကျွမ်းမြိုက်နေပါတယ်။စိတ်ပူလောင်နေသူတစ်ယောက်ရဲ့ ကြံစည်တွေးခေါ်မှု၊ဆုံးဖြတ်လုပ်ကိုင်မှုတွေဟာ အမှားတွေချည်းဖြစ်နေမှာပါ၊ ဒါမှမဟုတ် အမှားတွေရောနှောနေမှာပါ။ဒါနဆိုတာမှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။
ဒါပေမဲ့ သီလမရှိသူရဲ့ဒါနဟာ ကြွက်ချေးရောနေတဲ့ ဆွမ်းဆန်လို ဖြစ်နေလို့အကျိုးပေးမစင်ကြယ်နိုင်ပါဘူး။
သီလရှိသူရဲ့ ဒါနကတော့ အမွှေးသေတ္တာထဲလှောင်ထားတဲ့ သလေးဆန်နဲ့ အလားလို့ အကျိုးပေးလည်းစင်ကြယ်၊
အကျိုးရလည်း ကြီးကျယ်ခမ်းနားပါတယ်။

သီလမရှိတော့ စိတ်မအေးချမ်း၊ စိတ်မအေးချမ်းတော့ စိတ်မတည်ငြိမ်၊ စိတ်မတည်ငြိမ်တော့ အသိဥာဏ်
မထွက်၊ သီလပျက်ရင် သမာဓိရော၊ ပညာရောဖြစ်ခွင့်မရှိတော့ပါဘူး။ သီလရှိရင်တော့ စိတ်အေးချမ်းတဲ့အတွက် သမာဓိရောပြည့်ပြည့်၀၀ အားကောင်းနိုင်ပါတယ်..
(အရှင်ဆန္ဒဓိက)

ဓမ္မသြ၀ါဒများ

ခံစားချမ်းသာမမက်မောတော့ပါ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
လူတစ်ယောက်ကို
အိပ်ရေးမ၀သေးခင်မှာ
အတင်းလှုပ်နှိုးပြီး
သူအကြိုက်ဆုံး အစားအစာတွေ
သွားကျွေးကြည့်ပါလား။
အိပ်လို့ကောင်းတုန်း
အိပ်ရေးပျက်အောင် လုပ်ရပါ့မလားဆိုပြီး
အရမ်းစိတ်ဆိုမှာ
သေချာပါတယ်။
အိပ်ပျော်နေစဉ်မှာ
ခံစားမှု အထင်အရှားမပါရှိပါဘဲနဲ့
ခံစားမှု အထင်အရှားရှိတဲ့
အစားအစာထက်
အိပ်စက်ခြင်းကို
ပိုပြီးတန်ဖိုးထားတာ ဘာကြောင့်လဲ၊
ရှင်းပါတယ်။
ခံစားမှုချမ်းသာထက်
ငြိမ်းအေးမှုချမ်းသာက
ပိုပြီးကောင်းလို့ပေါ့
ပိုပြီးအဆင့်မြင့်လို့ပေါ့။


စိတ်ဖြူစင်မှ ကုသိုလ်ရ
ငါ့စိတ်ဓာတ်
ဘယ်လောက်ကောင်းပါတယ်
ငါ့လုပ်ရပ်
ဘယ်လောက် မြတ်ပါတယ်လို့
ဘယ်လိုပဲပြောပြော
အဲဒီစိတ်ဓာတ်ရှိနေခိုက်။
အဲဒီလုပ်ရပ် လုပ်နေခိုက်
စိတ်ဓာတ်ရှင်၊
လုပ်ရပ်ရှင်ရဲ့ သန္တာန်မှာ
စိတ်ဖြူစင်သန့်ရှင်းမှု
မရှိဘူးဆိုရင်
အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ကို
ကုသိုလ်လို့မခေါ်နိုင်ပါဘူး။
ဘယ်စိတ်ဓာတ်၊
ဘယ်လုပ်ရပ်မဆို စိတ်ကိုဖြူစင်သန့်ရှင်းစေမှ
ကုသိုလ်လို့ ခေါ်နိုင်ပါတယ်။။

Saturday 4 October 2008

တရားမြင်ရင် အမှားစင်မယ်(၂)

တရားရှုမှတ်တဲ့အခါမှာတော့ ကိုယ်သန်ရာဝေဒနာအပေါ်မှာ တည့်တည့်ရှုမှတ်တာခွာပြီး ရှုမှတ်တာ ကြိုက်သလိုပြုလုပ်နိုင်ပါတယ်။ ဆရာတော်တစ်ပါးရဲ့အလိုကတော့ ဝေဒနာကိုခွာပြီးရှုမှတ်တာ ပိုလို့နှစ်သက်ကြောင်း ပြောဆိုထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ဝေဒနာကိုတည့်တည့်ထားရှုမှတ်ရာမှာ သမာဓိအားကြောင်းဖို့လိုကြောင်း သမာဓိအားနည်းရင်တရားအမြင်ဘေးလွင့်ဖိတ်စင်တက်လို့ ဖြစ်ပါတယ်။တရားရှုမှတ်ခဲ့တဲ့ဇာတ်လမ်းဖြစ်စဉ်ကိုအကျဉ်းချုပ်ကိုတင်ပြပါအုံးမယ်….
ရှေးအခါက ဗာရာဏသီပြည်မှာ မဟာတိဿ နဲ့ စူဠတိဿ ဆိုတဲံညီအကိုနှစ်ယောက်ရှိပါတယ်။အရွယ်ကိုယ်စီရလာတဲ့ အခါမှာတော့ ညီဖြစ်တဲ့စူဠတိဿ
မှာ လူတို့ထုံးတမ်းအရ အိမ်ထောင်သားမွေးစီးပွားရေး ပြုလို့နေဖြစ်ပါတယ်။ အကိုကြီးဖြစ်သူ
မဟာတိဿကတော့ စီးပွားရေးရှာဖွေပြီးမှတရားအမြင်ရလာကာ ညီဖြစ်သူကိုသူပိုင်ဆိုင်သမျှ
ပစ္စည်းဥစ္စာတွေကိုပေးပြီး ရဟန်းဘောင်ဝင်ရောက်ကာ စိတ္တကတောင်ပေါ်မှာတပါးတည်းကျောင်းဆောက်လုပ်ပြီးတော့ တရားအားထုတ်နေပါတယ်။
အဲဒီအခါမှာ ညီတော်စူဠတိဿရဲ့ဇနီးမယားက မကောင်းသောအကြံဆိုးများဖြင့် မဟာထိဿမထရ်များ ရဟန်းဘ၀မှာမပျော်လို့ လူ့ဘောင်ပြန်လာရင် ငါတို့ပြန်ပြီးအမွေပြန်ပေးရမှာဖြစ်တယ်။ လူမထွက်ခင်လက်ဦးမှုယူပြီး သတ်ထားမယ်ဆိုရင်ဖြင့် တစ်ရန်အေးသွားမှာဖြစ်တယ်ဆိုပြီး တဏှာအပေါ်တပ်မက်မှုလွန်ကဲစွာဖြင့် လူသတ်သမားများကိုအခပေး၍သတ်စေခဲ့ပါတယ်။
လူသတ်သမားများကလည်း မဟာတိဿထေရ်ကိုတွေ့လျှင် ကြိုးနှင့်တုတ်ပြီးသတ်ဖို့လုပ်ပါတယ်။မဟာတိဿထေရ်လည်းအကြောင်းစုံကို သိပြီးတဲ့နောက်မှာတော့ စိတ်ငြိငြင်မှုမရှိပါဘူး။ ဒါပေမဲ့စကားပြောလိုပါတယ်ခွင့်ပေးပါဆိုပြီးတော့ “ဒကာတို့သတ်မယ်ဆိုလည်း
သတ်နိုင်ပါတယ်။ သို့ပေမဲ့ဒီတညတာမျှ ကိုယ်တော့်ကို တရားအားထုတ်ခွင့်ပေးပါ၊
ရာဂတန်းလန်းပုထုဇဉ်ဘ၀နဲ့ ခန္ဓာကို မချုပ်ငြိမ်းချင်သေးလို့ပါ။တရားအားထုတ်နေတာမှန်ပေမဲ့ တစ်မက်တစ်ဖို မရသေးလို့ပါ”ဆိုပြီးတော့ ပန်ကြားပါတယ်။ သူသတ်သမားများကလည်း
အရှင်ဘုရားထွက်မပြေးဖို့ ဘယ်လိုမျိုးအာမခံပေးနိုင်မှာလဲလို့မေးတော့ ကိုယ်တော့်ကိုကြိုးတော့ဖြေပေးပါလို့ပြောပြီး အနီးနားမှာရှိတဲ့ ကျောက်ခဲတုံးနဲ့သူ့ခြေထောက်ကု ရိုက်ချိုးပစ်ပါတယ်။”ကိုယ်တော် အာမခံနိုင်တာကတော့
ဒါပါပဲလို့ပြောဆိုကာ” ဝေဒနာကိုခွာပြီးရှုမှတ်ပါတယ်။ ကျိုးနေတဲ့ခြေထောက်နှစ်ဖက်အပေါ်မှာ
ဖြစ်ပေါ်နေတဲ့အောင့်နာခြင်းအပေါ်မှာ စိတ်မပို့လွတ်ပါဘဲထွက်သက် ၀င်သက်သတိသက်သက်ဖြင့်ရှုမှတ်ပွားများရာ နံနက်မိုးသောက်အချိန်ရောက်သော် တရားထူးရရှိကာ ရဟန္တာစစ်စစ်ဖြစ်သွားတော်မှုခဲ့ပါသည်။
ပြောလိုတာကတော့ ခန္ဓာကိုယ်ပေါ်မှာ တရားအမြင်ကိုအမှန်အတိုင်းရှုမြင်ပြီးတဲ့နောက်မှာဝိပဿနာတရားအာရုံကို ခိုင်မြဲတဲ့သတိသမာဓိကပ်ပြီးရှုမြင်ကြည့်မယ်ဆိုရင်ဖြင့် တရားအမြင်ရလာမှာဖြစ်ပါတယ်။
တရားအမြင်ရလာတဲ့ သူရဲ့ဘ၀ခရီးဆိုတာလည်း အမှားကင်းစင်နေမယ်မှာ ဧကန်အမှန်ပင်
ဖြစ်ပါတော့တယ်။။။။။