Sunday 18 January 2009

ရေစက်ချအမျှဝေသံ ဘယ်အရပ်မှနေနာခံ

ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ၏ ဓမ္မဆောင်ပါးလေးတစ်ပုဒ်မှ မှတ်သားမိသည်များကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်...
" ဘ၀တစ်ခု၏အစကို ပဋိသန္ဓိ ဟုခေါ်သည်။ယင်းကိုမြန်မာတို့က ပဋိသန္ဓေ ဟုခေါ်ကြသည်။အဓိပ္ပာယ်က အဆက်အစပ် ဟူ၍ဖြစ်သည်။
ဘ၀ဟောင်းနှင့်ဘ၀သစ်ကြားအဆက်အစပ်ဖြစ်သည်။ဘ၀တစ်ခု၏အဆုံးကိုတော့စုတိဟုခေါ်သည်။စုတိဟူသည်ဘ၀ဟောင်းမှဘ၀သစ်သို့ရွေ့သွားခြင်းပြောင်းသွားခြင်းဖြစ်သည်။
အနိစ္စဟူသည် အမြဲမရှိခြင်း သို့မဟုတ် အရှိမမြဲခြင်းဖြစ်သည်။မြဲတာရယ်လို့ ဘာတစ်ခုမှမရှိသလို ရှိတာတွေလည်းဘာတစ်ခုမှမမြဲပါချေ။ထိုအနိစ္စသဘောကို ကောင်းစွာနှလုံးသွင်းဆင်ခြင်သင့်လှပါသည်. အနိစ္စသဘောကိုကျေကျေနပ်နပ်ကြီးနှလုံးသွင်းဆင်ခြင်နိုင်ခြင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်း၏လာဘ်ကြီးတစ်ပါး ၊ရတနာကြီးတစ်လုံး
အခွင့်ထူးကြီးတစ်ရပ်ပင်ဖြစ်ပါသည်။
ဘ၀မှာ ပြဿနာအခက်အခဲတွေ၊ စိတ်နှလုံးရှုပ်ထွေးမှုတွေနှင့်လေးလံနေကြရတာကအရာရာတိုင်းကိုနိစ္စ၊ သုခ၊အတ္တ ဟုနှလုံးသွင်းနေကြ၍ဖြစ်သည်။အမြဲဟူ၍ ဘာတစ်ခုမှမရှိပုံ၊ ရှိနေတာတွေလည်းဘာတစ်ခုမမြဲပုံကို နေ့စဉ်နှလုံးသွင်းဆင်ခြင်
နိုင်ပါက လွတ်လပ်မှု၊သက်သာမှု ၊အေးချမ်းမှုတွေအံ့သြဖွယ်ရာတွေ့ရှိရပါလိမ့်မယ်။
ဘုရားရှင်က အိုရခြင်းသဘော၊ နာရခြင်းသဘော၊သေရခြင်းသဘော၊ကောင်းကံ ဆိုးကံတို့၏ကောင်းကျိုး ဆိုးကျိုးပေးခြင်းသဘော၊
မိမိချစ်ခင်ရတာတွေအားလုံးကို စွန့်ပစ်ခွဲခွာရမည့်သဘောတို့ကိုရဟန်းရှင်လူအားလုံး နေ့စဉ်ဆင်ခြင်ရစ်ကြပါလေ ဟုမှာကြားသွားခဲ့ပါ
သည်။မိမိတို့ဘ၀မှာ အေးအေးချမ်းချမ်းနေလိုလျှင်ထိုမိန့်မှာချက်ကို လိုက်နာရမည်။
အနိစ္စာ ၀တ သင်္ခါရာ- သက်ရှိသက်မဲ့ ရုပ်နာမ်ဓမ္မသင်္ခါရဟူသမျှ ဘာတစ်ခုမှအမြဲမရှိပါတကား ဟုဘုရားရှင်မိန့်သည့်အတိုင်းအရာအားလုံးက အနိစ္စစက်ကွင်းမှ မလွတ်ကင်းနိုင်ကြချေ၊ အရာအားလုံးကရွှေ့လျားနေကြ၊ပြောင်းရွေ့နေကြသဖြင့်၊ အရာရာမှာအိတ်စပါယာဒိတ်ဟူ၍ရှိသည်။ ကမ္ဘာကြီးသော်မှ အိတ်စပါယာဒိတ်ရှိသည် ပျက်ချိန်တန်ပျက် ပြောင်းချိန်တန်ပြောင်းရလိမ့်ဦးမည်။။


သံသရာဟူသည်ရုပ်နာမ်နှစ်ပါးနှင့် အသက်ဆက်ရသည်။သတ္တ၀ါတွေနှင့်လည်ပတ်ရသည်။ လူသားဟူသည်လည်ပတ်နေသော သံသရာစက်ဘီးကြီး၏ ခွေးသွားစိတ်တစ်ခုမှသာပါဝင်ပတ်သက်ရသည်။ ဗုဒ္ဓဘာသာအရ(၄၁)ဘုံသံသရာထဲမှာ မိမိတို့ဘ၀တွေအမျိုးမျိုးပြောင်းလဲခဲ့ကြရသည်။အနာဂါမ်ရဟန္တာတို့သာ နေခွင့်ရှိသောသုဒ္ဓါ၀ါသငါးဘုံကလွဲ၍ ကျန်(၂၆)ဘုံအားလုံး မိမိတို့ရောက်ဖူးကြသည်။ ကမ္ဘာမြေပြင်ဝယ် မိမိရုပ်ခန္ဓာအလောင်းကောင်မမြုပ်နှံဖူးသောနေရာလွတ်သည်ဟူ၍မရှိ၊သံသရာက ထိုမျှရှည်လျားခဲ့လေပြီ။ မိမိတို့ဘ၀တွေ၊ ဘ၀တွေပြောင်းခဲ့၊ ပြောင်းခဲ့ရတာတွေလည်းထိုမျှများပြားခဲ့လှလေပြီ။
အရွေ့အပြောင်းနှင့်စပ်၍ "တစ်ရွှာမပြောင်းသူကောင်းမဖြစ်"ဟူသောအဆိုလည်းရှိသည်။"သေချင်တဲ့ကျားတောပြောင်း"ဟူသောအဆိုလည်းရှိသည်။ပထမအဆိုက အပြောင်းကိုအားပေးခြင်းအဓိပ္ပာယ်သက်ရောက်သည်။ ဒုတိယအဆိုကအပြောင်းကိုအားမပေးခြင်းအဓိပ္ပာယ်သက်ရောက်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဦးတည်ချက်ပန်းတိုင်ကားနိဗ္ဗာန်ဖြစ်သည်။ဗုဒ္ဓဘာသာဝင်တို့သည် နိဗ္ဗာန်ဘက်သို့ဦးတည်၍ တစ်တစ်ဘ၀ပြီးတစ်ဘ၀ရွေ့နေကြ၊ ပြောင်းနေကြရသည်။သိုရရာတွင် အပြောင်းကမတည့်ဘဲ လွဲလွဲသွားသဖြင့်ဤမျှသံသရာရှည်ခဲ့ခြင်း
ဖြစ်သည်။စင်စစ်ဘ၀၌နေခြင်းနှင့်သေခြင်းနှစ်ခုသာရှိသည်။ နေခြင်းအခန်းပြီးသွားရင်တော့ သေခြင်းအခန်းကိုရောက်လာပါလိမ့်မည်။ အမှန်တော့သေခြင်းဟူသည် အခြားမဟုတ်၊အဟောင်းနှင့်အသစ်နေခြင်ဒနှစ်ခု၏ စပ်ကူးမပ်ကူးကြားကာလသာဖြစ်သည်။
မိမိတို့သည် နောက်ဆုံးတစ်နေ့နီးစပ်ရာ သုသာန်သို့ဧကန်ရောက်ကြရမည်။ ထိုအခါရေစက်ချဘုန်းကြီးက "ဘ၀တစ်ပါးသို့ ပြောင်းသွားရှာသော ဦးဘယ်သူ၊ဒေါ်ဘယ်သူအားအမျှ..အမျှ..ပေးဝေပါ၏"စသည်ဖြင့် ရေစက်ချအမျှဝေသံ ကိုမိမိကဘယ်ဘုံ ဘယ်ဘ၀ကနေဘယ်ပုံ ဘယ်နည်းဖြင့်နာယူရပါမည်နည်း။ ဒါအရေးကြီးသည်။
ရက်ကန်းသည်မလေးကိုဘုရားက 'ဘယ်ကလာခဲ့လဲ'မေးတော့ "မသိပါဘုရား" ဘယ်ကိုသွားမှာလဲ မေးတော့လည်း မသိပါဘုရား
တဲ့ထို့အတူပါပဲ မိမိတို့လည်းဘယ်ကိုသွားရမည်၊ပြောင်းရမည်ဆိုတာတပ်အပ်သေချာမိသိရသေးပါ။ အရေးကြီးတာက မိမိတို့နောက်ဆုံးဘ၀အကူဒအပြောင်းမှာ အပြောင်းကအလွဲဖြစ်မသွားဖို့တော့လိုပေသည်။ဤဘ၀မှာစုတေလို့နောင်ဘ၀မှာ လူ့ပြည်နတ်ပြည်ရောက်ရလျှင် အပြော်ငးကတည့်သွားသည်ဟုဆိုနိုင်သည်။ထိုသို့မဟုတ် အပါယ်လေးဘုံများရောက်သွားခဲ့လျှင်
အပြောင်းကလွဲချေပြီ။ အပြောင်းလွဲလျှင်တော့ ကိုယ်ကျိုးနည်းရတော့မည်။ အပြောင်းမလွဲဖို့ကြိုတင်၍ဘုရားတရားအလုပ်၊ ဒါနကောင်းမှု ၊သီလကောင်းမှုအစရှိသော ကုသိုလ်ကောင်းမှုအလုပ်တွေ များများပြုကာ ပြင်ဆင်ထားကြပါစို့လို့ တိုက်တွန်းရင်း
တရားတော်ကို နိဂုန်းချုပ်ပါတယ်...
(အားလုံးပျော်ရွှင် ငြိမ်းအေးနိုင်ကြပါစေ....)

Thursday 8 January 2009

အမိုက်ဆုံးလူ မဖြစ်စေနှင့်

ကိုယ်သိပ်ချစ်ရတဲ့ သူတွေနဲ့ အသက်ရှင်နေစဉ် ခေတ္တခဏ လမ်းခွဲရတဲ့
အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ် သို့မဟုတ် သူ တစ်ယောက်ယောက်က ကိုယ်ကို
စွန့်သွားတာပဲဖြစ်ဖြစ် ကိုယ် သိပ်ချစ်တဲ့လူတစ်ယောက် က လူ့လောကကို
အရင်စွန့်ခွာပြီး အပြီးအပိုင် လမ်းခွဲရတဲံ အခါ မျိုးမှာပဲဖြစ်ဖြစ်
ဝမ်းနည်းတတ်ကြတာဟာ သူသူ ကိုယ်ကိုယ် လူအများစုရဲ့ ဖြစ်ရိုးဖြစ်စဉ်
သဘာဝတစ်ခုပါပဲ။

သံယောဇဉ်ကြီးရင် ကြီးသလောက် ၊ အစွဲအလမ်း ပြင်းထန်ရင် ပြင်းထန်သလောက်
ဝမ်းနည်းမှု အတိုင်းအတာ မြင့်မားသွားပါတယ်။ သ့ယောဇဉ် ပိုကြီးရင်
ပိုဝမ်းနည်းရပါတယ်။ အစွဲအလမ်း ပိုပြင်းထန်ရင် ပို ၀မ်းနည်းရပါတယ်။
အချစ်ပိုကဲလေ ၊ အဖြစ်ပိုသည်းလေပါပဲ။ ၀မ်းနည်းရခြင်း ၊တမ်းတ
ပူဆွေးရခြင်းဆိုတဲ့ ခံစားမှုဟာ လက်ခံသိမ်းပိုက်ထားသင့်တဲ့ မြတ်နိုးစရာ
စည်းစိမ်ချမ်းသာတစ်မျိုးမဟုတ်ပါဘူး။ ငြင်းပယ်စွန့်လွတ်ပစ်သင့်တဲ့
မနှစ်မြို့စရာ အမှိုက်ရှုပ် ၊ အညစ်အကြေးပုပ်တစ်မျိုးပါ။ ရင်ကိုအေးမြစေတဲ့
အရာမျိုးမဟုတ်ပါဘူး၊ နှလုံးသားကို ပူလောင်စေတဲ့ အရာပါ။

ကိုယ်သိပ်ချစ်ရတဲ့သူတွေနဲ့ သေကွဲ၊ ရှင်ကွဲ၊ လမ်းခွဲ ရလို့ ၀မ်းနည်းတဲ့
ခံစားမှုမျိုါ် မခံစားချင်ဘူးဆိုရင်တော့ နည်းလမ်းက ဘာမှ မခက်ပါဘူး။
ဘယ်သူကိုမှ မချစ်ဘဲ နေရုံပါပဲ။ ဘယ်သူကိုမှ စွဲစွဲ လမ်းလမ်း
မချစ်မိခဲ့ဘူးဆိုရင် ဘယ်သူနဲ့ ပဲ လမ်းခွဲရ လမ်းခွဲရ ၀မ်းမနည်းတော့ပါဘူး။

စွဲလမ်းလို့ အသည်းကျွန်းရတာ မဟုတ်လား။
သိပ်ချစ်လို့ စိတ်ညစ်ရတာ မဟုတ်လား။


မစွဲလမ်းရင် အသည်းမကျွမ်းရတော့ဘူးပေါ့။ သိပ်မချစ်ရင်
စိတ်မညစ်ရတော့ဘူးပေါ့။ အသည်းမကျွမ်းချင်ရင် မစွဲလမ်းပါနဲ့။
စိတ်မညစ်ချင်ရင် သိပ်မချစ်ပါနဲ့။ မချစ်ရမနေနိုင်ရင်လည်း
နည်းနည်းလောက်တော့ လျှော့ချစ်ပါ။ ချွေတာရေးအချစ်နဲ့ ခြိုးခြိုးခြံခြံ ၊
ခြစ်ခြစ်ခြုတ်ခြုတ် ချစ်ပါ။ `မင်း ငါ့ကို လျှော့်ချစ်ပါလား´ လို့တောင်
သီးချင်းဆိုထား ပါသေးတယ်။ `လျှော့ချစ်´ ပြီး `ပေါ့ပစ်´ လိုက်ရင် `ကော့ကစ်
´ နေအောင် မခံစားရတော့ဘူး။

`ပိယ´ ဆိုတာ ချစ်ရတဲ့သူပါ။ `ပိယဟိသိပ္ပယောဂဒုက္ခ´ ဆိုတာ `ချစ်ရတဲ့သူတွေနဲ့
ခွဲခွာကွေကွင်းရခြင်း ဆင်းရဲပါ´။ ချစ်ရတဲ့ သူဆိုတာ မရှိမှတော့
ချစ်ရတဲ့သူနဲ့ ခွဲခွာကွေကွာင်းရရင် ဖြစ်လာမယ့် ၀မ်းနည်းရခြင်းဆင်းရဲ၊
တမ်းတပူဆွေးရခြင်း ဆင်းရဲ ဆိုတာတွေလည်း မရှိတော့ပါဘူး။
ဘယ်လောက်ကောင်းလိုက်ပါသလဲ။

ဒါပေမဲ့ လူဆိုတာ လူကလည်း ခက်တော့ အခက်သားကလား၊ `မချစ်ရင်
မနေနိုင်တာကလွဲလို့´ ဆိုတဲ့အတိုင်း အနည်းဆုံး တစ်ယောက်ယောက်ကိုမှ
မချစ်ရရင် ဘ၀က မပြည့်စုံသလိုပဲ၊ ဟာတာတာကြီးနဲ့။ အနည်းဆုံးတစ်ယောက်ယောက်
ကိုတော့ နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်း ချစ်နေရမှ နေသာထိုင်သာ ရှိသလိုလို၊
စိတ်ကျေနပ်မှု ရသလိုလို.....

ပိုးဖလံက မီးကို ပူမှန်းမသိလို့ မီးထဲ တိုးဝင်တာ..။ လူက အချစ်ကို
ပူမှန်းသိသိကြီးနဲ့ အချစ်မှာ ပျော်ဝင်နစ်မြုပ်ချင်တာ...။ ပိုးဖလံနဲ့ လူ
ဘယ်သူပိုမိုက်ပါသလဲ...။