Friday 12 December 2008

ရိုးသားမှု၏ဂုဏ်

လူတစ်ယောက်ကို ကိုယ်ကျင့်တရားကို ထိုသူတယောက်၏
ရိုးသားမှုရှိခြင်းဆို သောအချင်းအရာနဲ့တိုင်းတာနိုင်ပါသည်။ ရိုးသားခြင်းကို ဘာနဲ့မှ
ဝယ်ယူ၍မရ ကိုယ်တိုင်ကျင့်ကြံမှရနိုင်သော အရာတစ်ခုဖြစ်ပါသည်။
ထိုရိုးသားမှုဆိုသောအရာကိုရယူဖို့ခက်သလို ထိန်းသိမ်းဖို့လည်းခက်ပါသည်။
ရိုးသားခြင်းဆိုသောဂုဏ်ကိုမနှစ်သက်သူ မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်မထင်ပါဘူး။Aလွန်
တရာကောက်ကျစ်ယုတ်မာသောသူတယောက် ဖြစ်နေရင်တောင်မှ ရိုးသားမှုကိုတော့
မြတ်နိုးမှာအမှန်ပါဘဲ..ရိုးသားမှုကိုရယူတက်ဖို့ ဆရာတော်ြဦးဇောတိက က....
"အမှန်တကယ်ဖြစ်နေတာတွေကို
အမှန်အတိုင်းလက်ခံနိုင်ဖို့အရေးကြီးတယ်။စိတ်ချမ်းသာအောင်
ကိုယ်ကိုကိုယ်လှည့်စားတာတွေရှိတယ်အဲဒီလိုလှည့်စားတာတွေ ဟာစိတ်ထဲမှာပင္ဋိပက္ခဖြစ်စေတယ်။ ထိုပင္ဋိပက္ခဟာ
စိတ်ဓာတ်အင်အားကိုကုန်ခန်းစေတယ်။လှည့်စားမှုထဲမှာပဲ အင်အားတော်တော်များများ
ကုန်သွားပြီး အသိအမြင်ရှင်းလင်းမှု လွတ်လပ်မူ ရဖို့
အရေးမှာအင်အားသုံးစရာမကျန်တော့ဘူး။ အမှန်ကိုလက်ခံဖို့ ကိုယ့်ကိုယ်ကိုယ်
မညာဖို့လိုတယ်။ ရိုးသားမှုရှိဖို့လိုတယ်။ ရိုးသားမှုရှိမှ အသိဥာဏ်ပွင့်လင်းမယ်။"
လို့ရေးသားသြ၀ါဒပေးထားတာကိုဖက်မိဖူးပါသည်..ယခုဖြစ်နေသောဘ၀ကိုကျေကျေနပ်နပ်
လက်ခံနိုင်ရမည်..တင်းတိမ်နိုင်ရပါမည်။။ဒီထက်သာလွန်မြင့်မြတ်သော ဘ၀ကိုပိုင်ဆိုင်လိုလျှင်
မှန်ကန်သောနည်းလမ်းဖြင့်ရှာဖွေကြိုးစားပါမှ
ရိုးသားခြင်းဆိုသော အခြင်းအရာကို ရယူနိုင်
ချီးမွမ်းခံရပေမည်..နေရာတော်တော်များများတွင်ရိုးသားမူရဲ့ ခိုင်းနှိုင်းဖွယ်မရှိတဲ့
အတုမဲ့ဂုဏ်ရည်တွေကို ကြားရမြင်တွေ့ရသည်မှာ
ကြည်နှုးမိပါသည်။။သူငယ်ချင်းတို့ကိုနောက်ဆုံးမှာလိုသည်မှာ "နေ့စဉ်မိမိဘ၀ရဲ့
တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေလေ့လာ အားထုတ်ပြီး
ရိုးရိုးသားသားနေထိုင်ကျင့်ကြံကာ အေးချမ်းပျော်ရွင်စွာဖြင့် ကိုယ်ရဲ့
အနာဂတ်ခရီးလမ်းကိုလျှောက်လှမ်းကြပါလို့ တိုက်တွန်းအားပေးရင်း

Type the rest of your post here.

Wednesday 19 November 2008

လောကဓမ္မတိုးတက်ကြောင်းတရား

လောကဓမ္မတိုးတက်ဖို့ အတွက်နေ့စဉ်လုပ်သင့်တဲ့အလုပ်လေးတစ်ခုရှိတယ်။
ဘာအလုပ်လဲဆိုတော့ ငါဒီနေ့ဘာမကောင်းတာများ လုပ်ခဲ့မိသလဒါလေးပြန်ပြီး
စစ်ဆေးတဲ့အလုပ်ပါ။ ဒီအလုပ်ဟာ ဘ၀တိုးတက်ရေးအတွက် အင်မတန်အရေးကြီးတဲ့
အလုပ်ပါပဲ။ လောကရေးရာမှာဘဲဖြစ်ဖြစ်ဓ ဓမ္မရေးရာမှာပါ ကြီးပွားတိုးတက်လိုတဲ့ ပုဂ္ဂိုလ်တိုင်းမိမိရဲ့
ကာယကံ၊ ၀စီကံ၊ မနေကံတွေကို နေ့စဉ်နေ့တိုင်း၊ညနေတိုင်းညနေတိုင်း၊ ညတိုင်းညတိုင်းအမြဲတမ်း
အိပ်ရာဝင်ကာနီးတိုင်း အမြဲတမ်းစစ်ဆေးသင့်တယ်။ ဖြစ်နိုင်ရင်တော့ မကြာခဏဆိုသလို အချိန်တိုင်း
အချိန်တိုင်းစစ်ဆေးသင့်တယ်။
တစ်နေ့တာအတွင်း ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ (ကိုယ်၊ နှုတ်၊စိတ်) အလုပ်တွေကိုရော၊ မကောင်းတဲ့
(ကိုယ်၊ နှုတ်၊စိတ်) အလုပ်တွေကိုပါ သေသေချာချာစစ်ဆေးရမယ်။အားနည်းချက် -အားသာချက်၊ ကောင်းမှု-မကောင်းမှု၊ အပြုသဘော-အဖျက်သဘော၊ အကျိုးရှိ- အကျိုးမဲ့၊ဒါတွေကို စေ့စေ့စပ်စပ်သုံးသပ်ရမယ်။
သတိပညာနဲ့ စေ့စပ်သေချာစွာ စစ်ဆေးသုံးသပ်ပြီးပြီဆိုရင် အားနည်းချက်ကိုပြုပြင်ရမည်၊ အားသာချက်ကိုဖြည့်ဆည်းရမယ်၊ကောင်းမှုကို ခိုင်မြဲစေရမယ်၊ မကောင်းမှုကို ယိုင်လဲစေရမယ်၊ အပြုသဘောကိုဆောင်ရမယ်၊ အဖျက်သဘောကိုရှောင်ရမယ်၊ အကျိုးရှိကိုဆက်လုပ်ရမယ်၊ အကျိုးမဲ့ကို စွန့်လွတ်ရမယ်၊အဲဒီလိုဆိုရင် မိမိရဲ့အလုပ်၊ မိမိရဲ့ဘ၀၊ တိုးတက်အောင်မြင်လာမှာမလွဲပါဘူး။
ဒါကြောင့် လောကရေးရာမှာဘဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာဘဲဖြစ်ဖြစ်၊ မိမိရဲ့ ကိုယ်၊နှုတ်၊စိတ်အလုပ်တွေကို
အမြဲမပြတ်စစ်ဆေးနေခြင်းဟာ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းပါဘဲ။။
(အရှင်ဆန္ဒဓိက)

Type the rest of your post here.

Wednesday 12 November 2008

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။
ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာ
အလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။
သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့
သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။
ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံး
တွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။ ကထိန်ဟူသည်မှာ ''ကထိန''ဟူသော
ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟု
ချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။
ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။
ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ်သည်။ ကထိန်သင်္ကန်းကပ်လှူပွဲ
ခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန်အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်
မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်
မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟု သတ်မှတ် ကျင်းပကြ
သည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်
ချပြ် ကီး တစခ်ုပငြ် ဖစသ် ည။် ကိုယ်ကျင့်သီလ ရှိသည်မရှိသည်ကို ဤသုတြ် ဖင့်
ထင်ဟပ်စေနိုင်သည်။
အရှင်ဒေဝဒတ်အား ကိုးကွယ်ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာ
တသတ်မင်းသားသည် ဖခင်ဘုရင် ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီး
မှားခရဲ့ာ ဖခငြ် ကီး အား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါ
ဝေဒနာစွဲကပ်တော့သည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမား
တော်၊ မည်သည့်ဆေးစွမ်းကောင်းကမျှ မကုသနိုင်တော့ပေ။ တန်ဆောင်မုန်း
လပြည့်ညတစ်ညတွင်အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီစွာဖြင့်ညီလာခံ
သဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်း
လပြည့်ဝန်းက ထွန်းလင်းသာယာနေသည်။ ကြည်နူးသာယာဖွယ် ကောင်းလှ
သည့် တန်ဆောင်မုန်းလပြည့်ည၏ အလှကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေး
စေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။ မှူးကြီး မတ်ကြီးများ
အား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့
သည်။
ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်း
မှူးကြီးမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူ
သည်။ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံချဉ်းကပ်ဖို့ရန် ဆရာ
ဇီဝကကို စီစဉ်စေသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ရာဇဂြိုဟ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးနေသော ဘုရားကျောင်းတော်သို့ သွားရာ
လမ်းခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါးရိပ်ကြောင့် အမှောင်ကျနေခြင်း
တို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။
အဇာတသတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်
မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေသည်။
အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရား
တော်ကို နာကြားရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့
သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားလေသည်။ ပုထုဇဉ်
တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်းကိုပင်
ခံယူရရှိသည် ။အဇာတသတ်မင်း သည် ပထမသဂါင်္ ယနာတင် ဒကာအဖြစ်လည်းကောင်း
ခံယူခဲ့သည် ။ဘုရားရှုင်၏ ဓာတ်တော်များကို စုဆောင်း သမိး ဆည်း ၍ ဓာတ်ေ တာ်
တိုက်ကြီးကိုလည်း တည်ထားခဲ့သည။် ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာလဲပွဲကိုလည်း ကျင်းပကြသည်။
အရိမေတ္တေယျ ဘုရားအလောင်းနတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲ
မထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာ
ဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက
ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း၊
လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်
တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း
ခြင်းဖြင့် ရှင်မာလဲပွဲကို ဆင်ယင်ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့
သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။ ထို့ကြောင့်မဲဇလီပင်
သည် ဆေးပေါင်းခသည်။ ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး
၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါ
ရှိသည်။ ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ်
ကို စားသုံးကြသည်။
တနေ် ဆာငမ်ုန်း လတငွ် တနေ် ဆာငတိုငမ်ီး ထနွ်း ပ၊ွဲ ကထနိ ပ် ၊ွဲ မသိုးသကင်္န်း
ရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့
ပွဲများ ကျင်းပကြလေသည်။
တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။
ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊ အာဇဋာ
ကောင်းကင်ထက်တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊ ဆီးနှင်းမြူတိမ် သူရိန်
မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင်
ရခြင်း၊ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်း
တို့ကြောင့် မြန်မာတို့၏ သာယာပျော်ရွှင်ဖွယ် ကောင်းသော လတစ်လပင်
ဖြစ်ပါကြောင်းကို ပန်းတောင်းသန်းကြွယ်၏ ဆောင်းပါးအားဗဟုသုတအလိုဌာ တင်ပြလိုက်ပါသည်။။

Tuesday 4 November 2008

အဝေးမှာမနေပါနှင့်

ကိုယ့်ရည်မှန်းချက်က
"စိတ်အေးချမ်းသာမှု"ဆိုတာကို မမေ့ရင်
ကိုယ့်ဝီရိယကလည်း
စိတ်ပူလောင်စေတဲ့
ဝီရိယမျိုးမဖြစ်တော့ဘဲ
စိတ်အေးချမ်းစေတဲ့
ဝီရိယတွေချည်းပဲ ဖြစ်သွားမှာပါ။
နိဗ္ဗာန်ရောက်ချင်ပါတယ်ပြောပြီး
စိတ်အေးချမ်းစေမယ့်
စိတ်ပူလောင်စေမဲ့
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေပြောနေမယ်
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
စကားတွေ ပြောနေမယ်၊
စိတ်မအေးချမ်းစေမယ့်
စိတ်ပူလောင်စေမယ့်
အတွေးတွေ တွေးနေမယ်ဆိုရင်
နိဗ္ဗာန်နဲ့ အဝေးကြီးဝေးနေအုံးမှာပါ။။။

Type the rest of your post here.

Saturday 1 November 2008

သရဏဂုံ(၃)ပါးမှတ်ဖွယ်




သရဏဂုံ။ ။ သရဏ +ဂမန ဟူသောပါဠိမှ သရဏဂုံ ဟုမြန်မာစကားဖြစ်လာသည်။
(သရဏ= ကိုးကွယ်ရာဟူ၍ +ဂမန= အသိအမှတ်ပြုလျှက် ဆည်းကပ်ခြင်း) ဘုရား တရား
အရိယာ သံဃာသည် ကိုးကွယ်ရာ အစစ်ဖြစ်၏ ဟုအသိအမှတ်ပြုလျက် ရိုသေလေးမြတ်ဆည်းကပ်လိုသော
ကုသိုလ်စေတနာကို သရဏဂုံ ဟုခေါ်၏။ ၁- ဘုရားကိုးကွယ်မှု၊ ၂-တရားကိုးကွယ်မှု ၊၃- အရိယာသံဃာကိုးကွယ်မှုအားဖြင့် ၃ပါးရှိသည်။ သရဏဂုံသုံးပါးဟု ယခုကာလခေါ်ဆိုကြသည်မှာလည်း
ဤသုံးပါးပင်ဖြစ်ပါသည်။ မိမိသန္တာန်၌ ထိုရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်လိုသော စိတ်စေတနာဖြစ်နေကြောင်း ထင်ရှားပြဖို့ရာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသောပါဠိကိုဖြစ်စေ ။ဘုရားကိုးကွယ်ပါ၏
စသောမြန်မာစကားကိုဖြစ်စေ ၊ရွတ်ဆိုခြင်းသည် သရဏဂုံဆောက်တည်ခြင်းမည်၏။
ထိုသို့ဆောက်တည်ရာဝယ်........

ဗုဒ္ဓံ။ ။ ဗုဒ္ဓံ- အရဘုရားဟုဆိုရာ၌ရုပ်ပုံ ရုပ်ပွားဆင်းတုတော်များလောက်တွင် စိတ်မထားဘဲဘုရားဂုဏ်တော်
ဖွင့်၌ပြခဲ့သော ဘုရားရှင်ကို ရည်မှန်း၍ထားရာ၏။
ဓမ္မံ။ ။ဓမ္မံ-အရ တရားဟုဆိုရာ၌ ယခုကာလဓမ္မကတိကတွေ၊ သံရှည်သံတိုဆွဲ၍ ယပ်လှဲယပ်ထောင်တရားများနှင့် စာအုပ်စာပေတွေလောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ၊
အနတ္တလက္ခဏာသုတ် မဟာသတိပဋ္ဌာန် စသောဘုရားဟောပါဠိတော် ၊အဋ္ဌကထာကျမ်းစာအစဉ်နှင့်
မဂ်ဖိုလ် နိဗ္ဗာန်တရားများကို ရည်မှန်း၍ထားရာ၏။
သံဃံ။ ။သံဃံ- အရ သံဃာဟုဆိုရာ၌စိတ်မထားဘဲ သံဠာဂုဏ်တော်၌ပြခဲ့သော အရိယာသံဃာကိုရည်မှန်း
ထားရာ၏။ ဤသို့ရည်မှန်းနိုင်မှသာသရဏဂုံ အစစ်အမှန်ရမည်ဖြစ်ပါသည်။
ရတနာမြတ်သုံးပါးသည် အပ္ပါယ်ဆင်းရဲ ၊သံသရာဆင်းရဲတို့မှ မကျရောက်အောင်ဟောတော်မူသောအားဖြင့်
စောင့်ရှောက်တော်မှုပေရကား........
ကိုး =ရတနာသုံးပါးကို ကိုးစားရာ(အားကိုးစရာ)ဟူ၍လည်းကောင်း။
ကွယ်= ဘေးရန်ပေါ်လာလျင်ကာကွယ်ဖို့ရာ ဟူ၍လည်းကောင်း။
လဲလျောင်း=(မဘအပေါ်မှာယုံကြည်၍ သားသမီးများလဲလျောင်းအိပ်နေသလို) ရတနာသုံးပါးအပေါ်တွင်ကောင်းစွာယုံကြည်၍လဲလျောင်းဖိုရာ ဟူ၍လည်းကောင်း၊
ပုန်းအောင်း=အပ္ပါယ်ဘေး မရောက်အောင်ပုန်းအောင်းနေဖို့ရာ ဟူ၍ လည်းကောင်း။
မှီခို=မိဘကို သားသမီးကမှီခိုသကဲ့သို့ မှီခိုဖို့ရာ ဟူ၍လည်းကောင်း အသိအမှတ်ပြုလျက်
နှစ်နှစ်သက်သက်မှီဝဲဆည်းကပ်ပါ၏ ဟုဆိုလိုသည်။
တစ်ကြိမ်ဆောက်တည် တစ်သက်တည်။ ။ဤသို့ယုံကြည်လေးမြတ်စွာ တစ်ကြိမ်လောက်ဆောက်တည်ထားလျှင်ယုံကြည်စိတ်မပျက်သမျှ တသက်လုံး
သရဏဂုံတည်သူ မည်တော့၏။

Thursday 16 October 2008

ကံ ၊ဥာဏ် ၊၀ီရိယအကြောင်း

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရေးသားဆုံးမတော်မှုတဲ့ ရတနာဂုဏ်ရည်စာအုပ်မှ မှတ်သားမိတာလေးတွေကို ပြင်ဆင်ဖြည့်စွတ်ရေးသားလိုက်ပါသည်။ဆရာတော်ဘုရားက ကံဥာဏ်ဝိရိယအကြောင်းကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်တော်မှုပါသည်။။။။
ကံအကြောင်း။ ။ကမ္မ - ဟူသောပါဠိစကားကို မြန်မာလို ကံဟုခေါ်ပါတယ်။ ထိုကြောင့်ကိုယ်ဖြင့်လုပ်မှု ၊နှုတ်ဖြင့်ပြောဆိုမှု၊ စိတ်ဖြင့်ကြံစည်မှုများကိုကံဟုသတ်မှတ်ပါ။ ထိုကံသည် ရှေးရှေးဘ၀ကပြုခဲ့သောကံ၊
ယခုဘ၀မှပြုအပ်သောကံ ဟုနှစ်မျိုးရှိပါတယ်။ ထိုနှစ်မျိုးတို့တွင် အကျိုးတစ်ခုကိုပေးရာ၌ ရှေးရှေးကံသည်
လိုရင်းအကြောင်းတည်း။ ယခုဘ၀ကံမှာ ယခုဘ၀အတွက်ရှေးက အခွင့်ရအောင်၊ သို့မဟုတ် အားရှိအောင်ကူညီထောက်ပံ့ရုံသာဖြစ်တယ်။ နောက်ဘ၀၌ကားဆိုင်ရာအကျိုးကို ကိုယ်တိုင်ပေးခွင့်
ရှိနိုင်ပါတယ်။
ထိုရှေးကံများသည် အလွန်အားကောင်းသောကံ၊ သာမန်လောက်သာရှိသောကံ ဟုနှစ်မျိုးရှိပြန်သည်။
ထိုအထဲတွင် နံမှတ်(၁)ကံ၏အကျိုးပေးပုံက အလွန်ထင်ရှား၏။ ဥပမာ- ရှင်ဘုရင်၊ သူဋ္ဌေး၊ မှုးမတ်စသည်တို့ကိုဖြစ်စေနိုင်သည်။ ဆင်းရဲသားအမျိုး၌ ဖြစ်စေကာမှု တနည်းအားဖြင့်ကြွယ်ဝချမ်းသာစေနိုင်သည်။ ဒုတိယ ကံမျိုး၏ အကျိုးပေးပုံမှာ မထင်ရှားလှ။ သူများနည်းသူအကျိုးမျိုးကိုသာရစေနိုင်သည်။ ထိုကံများသည် ဤလူ့ပြည်လောက၌ မိမိတို့ချည်းအကျိုးပေးဖို့ ခဲယဉ်းသဖြင့် အကျိုးပေးခွင့်ရအောင် ဥာဏ်ဝီရိယနှင့်သတိဟူသော
ပယောဂက ကူညီပေးရသည်။
ဥာဏ်အကြောင်း။ ။အဘိဓမ္မာနည်းအရ အကုသိုလ်အပြစ်မရှိသော တတ်သိလိမ္မာမှုကိုသာ "ဥာဏ်"ဟုဆိုရသော်လည်းကံ အကျိုးပေးခွင့်သာအောင် ကြံဆောင်ရသည့်အရာ၌မှု အပြစ်ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ တတ်သိမှု၊ ပါးနပ်၊ ဖျတ်လတ် သွတ်လတ်ချက်ချက်ချာချာနှင့် အရာရာနှံစပ်မှုများကို
ဥာဏ်ဟုပင်ခေါ်ရပေသည်။ ထိုဥာဏ်သည် ၁-မိမိဘာသာတတ်သိလိမ္မာသောဇာတိဥာဏ် ၊
၂- နောက်မှဖြစ်ပေါ်လာသော "ပ၀တ္တိဥာဏ်"ဟုနှစ်မျိုးနှစ်စားရှိပြန်သည်။
ထိုနှစ်မျိုးတွင် ဇာတိဥာဏ် ရှိသူမှာ ပြောဖွယ်မလို။ ဇာတိဥာဏ်ကိုအခြေခံ၍ ပ၀တ္တိဥာဏ်လည်း တိုးပွားအောင် ကြိုးစားပါလျှင် လူတွင်တစ်ယောက် ဆိုရလောက်အောင် ထွန်းတောက်လာနိုင်ပါသည်။
ဇာတိဥာဏ်မရှိသူအတွက်မှာမှု ကျမ်းစာအမျိုးမျိုးကို ကြည့်ရှု့သင်ယူခြင်း၊ မိမိထက်သိနားလည်သော ပညာရှိထံ ဆည်းကပ်ခြင်းတို့ဖြင့် ပ၀တ္တိဥာဏ် ဖြစ်ပေါ်လာအောင်ကြံဆောင်အားထုတ်ရာ၌ ယခုအခါ
စာသင်ခြင်း၊ ဒေသန္တရဗဟုသုတရှာခြင်းတို့ကြောင့် ပ၀တ္တိဥာဏ်တိုးပွားလျှက် လောကီကြီးပွားရေး
သံသရာကြီးပွားရေးတို့၌ ထိပ်တန်းရောက်နေသူများကိုကြည့်ပါ။
နီတိပျို့၌လည်း
"ကောင်းစွာမရှောင် ၊နားထောင်သူကား၊ အကြာင်းအမြင်၊
များမြောင်စင်၏၊ ဂုဏ်အင်ပွား၍ ၊ပညာလွေ့မူ၊အောက်မေ့ဥာဏ်ဖြင့်၊
ဆင့်ဆင့်မနား၊ ကျိုးစီးပွားကို၊ထောက်ထားစာနာ ၊သိလိမ္မာ၏၊
သိပါသူသည်၊ အရှည်ချမ်းသာ၊မဂ်လာကို ၊အခါလေးမြင့်၊ ဆောင်နိုင်သင့်။"
ဟုစပ်ဆိုထားပါသည်။
အသိအလိမ္မာ ဥာဏ်ပညာနှင့်ကံရှိပါသော်လည်း လုံ့လမရှိလျှင်မည်သည့်အကျိုးမျှ မပြီးစေနိုင်။
ဟိ- ထိုစကားမှန်ကြောင်းကား၊ သုတ္တသ- အပျင်းအားကြီး၍ တအိပ်တည်းအိပ်နေသော၊ သိံဟဿ-ခြသေ့င်္၏၊
မုခေ- ပါးစပ်ထဲသို့၊မိဂါ ။ သမင်တို့သည်၊ နပ၀ိသန္တိ- အလိုအလျောက် မရောက်လာကြကုန်။
(ထ၍ ဖမ်းမှုလုံ့လပြုအုံးမည် )ဟူလို
(ဟိတောပဒေသ)

ဝီရိယအကြောင်း။ ။ကိစ္စတစ်ခု ပေါ်ပေါက်လာလျှင် မကြောက်မရွံ့ စွန့်စွန့်စားစား အားထုတ်မှုကို ၀ီရိယ- လုံ့လ ဟုခေါ်ဆိုပါသည်။ဤ၀ီရိယတွင်မှထပ်ပြီး
၁- ပင်ကိုဇာတိဝီ၇ိယ
၂-နောက်မှဖြစ်ပေါ်လာသော ပ၀တ္တိဝီရိယ ဟုနှစ်မျိုးရှိ၏။ ရှေးရှေးဘ၀က၀ီရိယအထုံပါခဲ့သဖြင့်ဇာတိဝီရိယရှိသူမှာ ဥာဏ်ရှိပါလျှင်သူများနှင့် မယှဉ်သာအောင် အကျိုးခံစားရပါမယ် ။ဝီရိယ မရှိသူကားပ၀တ္တိဝီရိယ ရှိအောင်ပြုပြင်ရပါလိမ့်မယ်။
ဝီ၇ိယနှင့်ပတ်သက်ပြီး ဆောင်ပုဒ်လေးကတော့
"အကျိုးအပြစ်၊ အမျိုးစစ်လျက်၊ ဆိုးညစ်ရိပျင်း
သူကိုကွင်း၍ ထန်ပြင်းလုံ့လ ရိုသူခမူ၊
ဝီရိယဧကန်တိုးမည်တည်း။"
ဝီရိယ ရှိလိုသူများအတွက်...
၁။ လုံ့လ၀ီ၇ိယရှိလျှင် ရရှိမည့်အကျိုးကိုသိထားသင့်သည်။
၂။ လုံ့လ၀ီရိယ မရှိလျှင် ဤဘ၀နောက်ဘ၀၌ အောက်ကျနောက်ကျဖြစ်ရမည့်အပြစ်ကိုသိထားနားလည်ရမည်။
၃။ ငါတို့အမျိုးသည် အထက်တန်းကျ၍ ထက်မြက်သောအမျိုးဖြစ်ခဲ့၏။ ငါတို့လက်ထက်ကျမှ အောက်မကျထိုက်ဟု အမျိုးအရိုး စိစစ်ဆင်ခြင်ရမည်။
၎။ ပျင်းရိသူများကို မပေါင်းဘဲရှောင်ရမည်။ထိုသူများနှင့် အပေါင်းများလျှင်
"တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး" ဆိုသလို အပျင်းဓာတ်ကူး၍ အပျင်းဘက်၌ပါနေတက်သည်ကုသတိပြုရပါမည်။
၅။ လုံ့လပြင်းထန်သူကို ဆည်းကပ် ခယခြင်းပြုလျှင် "ဘုရားဒကာနားနီး
ဘုရားဒကာ" ဟူသကဲ့သို့ ၀ီရိယဓာတ်ကူး၍ အထူးအားတက်တက်သည်ကို သတိပြုလုပ်ဆောင်သင့်လှပေသည်။

Monday 13 October 2008

သီတင်းကျွတ်လပြည့်နေ့ အကြောင်း


သီတင်းကျွတ်လရာသီအချိန်သည် မိုးမကုန်သေးသော်လည်း နေရောင်ခြည်
ဖြာစပြုလာပြီဖြစ်၍ သာယာတော့မည့် ဆောင်းရာသီ၏ အရုဏ်ဦးအချိန်ပင်
ဖြစ်သ ည။် ယင်း အချိန် တွင်ဝါဆိုကင်း လွတ်၊သီတင်းကျွတ်မို့ ဆိုသည်နှင့်
အညီ ဗုဒ္ဓဘုရားရှင်၏ ပညတ်တော်အရ ဝါဆိုလပြည့်ကျော် ၁ရက်နေ့က
ပုရမိ ဝါဆိုတော်မြူကသည့် သဃာံတော်များသည် သီတင်း ကျွတ်လ ပြည့်နေ့တွင်
ဝါဆိုသည့်ကာလ ကုန်ဆုံးသွားကြပြီဖြစ်သဖြင့် အရပ်တစ်ပါးသို့ ညဥ့်အိပ်
ညဥ့်နေ လွတ်လပ်စွာကြွတော်မှုနိုင်ြကပေသည။်
ထိုရာသီတွင် အဿဝဏီနက္ခတ်သည် စန်းဟု ခေါ်သော လမင်းနှင့်အတူ
ယှဉ်ပြိုင်ထွန်းပပေသည်။ ရာသီရုပ်မှာ ချိန်ခွင်ကို ကိုင်စွဲသော ယောက်ျားရုပ်
သဏ္ဌာန်ဖြစ်ပြီး ငုံအာစွင့်စွင့်ရေထက်မြင့်ကာ ဖူးပွင့်နေကြရှာသော ကြာဖြူ၊
ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိက်၊ ကြာပဒုမ္မာ ဟူသည့် ကြာမျိုးငါးပါးတို့သည်
သီတင်းကျွတ်လ၏ ရာသီပန်းများဖြစ်ကြပေသည်။ ထိုလတွင် ဆီမီးမြင်းမိုရ်ပွဲ
(ဝါ) တာဝတိံသာပွဲကို ရာသီပွဲအဖြစ် ကျင်းပပြုလုပ်လေ့ရှိကြသည်။ နေ့တာ
ညတာညီမျှသော လဖြစ်သော ဤသီတင်းကျွတ်လကို ကင်းဝန်မင်းကြီးက
''သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို၊ မီးမြင်း
မိုရ် ဗဟိုအချာထွန်း''ဟု စပ်ဆိုခဲ့လေသည်။
သီတင်းကျွတ်လကို သန်တူ၊ ဝသန္တဥတု တူရာသီဖြစ်သောလ၊ သီတင်း
ဝါလကျွတ်သော လဟု ဝေါဟာရလီနတ္ထဒီပနီတွင် လည်းကောင်း၊ ကောက်
စပါးပင်များ ပေါက်ဖွားထောင်မတ်ထွက်လာသောလ၊ ရဟန်းသံဃာတော်များ
မိမိတို့ ကျောင်းအရပ်အတွင်း၌သာ သီတင်းသုံးနေထိုင်ခြင်းမှ လွတ်မြောက်
သော လဟု မြန်မာလအမည်များ စာအုပ်တွင်လည်းကောင်း အသီးသီး
အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ဂေါတမရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ် ၁ဝ၉ခုနှစ် ဝါဆို
လပြည့်နေ့၌ သာဝတ္ထြိပည်အနီးဝယ် ဘုရားရှင်၏ မိန့်တော်မူချက်နှင့်အညီ
ကောသလ္လဘုရင်၏ ဥယျာဉ်မှူး မောင်ကဏ္ဍစိုက်ပျိုးလိုက်သည့် ကဏ္ဍမ္ဗမည်
သော သရက်ဖြူပင်အနီးတွင် အယူလွဲမှားနေတာ တိတ္ထိတစ်သင်းတို့အား
တန်ခိုးပြာဋိဟာ ဖန်ဆင်းပြတော်မူကာ နှိမ်နင်းချေချွတ်တော်မူခဲ့သည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုတိသနတ်သားအား
အဘိဓမ္မာတရား ဟောကြားတော်မူခြင်းဖြင့် ကျေးဇူးဆပ်ရန် ရည်ရွယ်လျက်
တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ သတ္တမ ဝါကပ်တော်မူပါသည်။ ဘုရား
ရှင်သည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်တွင် ထက်ဝယ်ဖွဲ့ခွေ နေတော်မူ
လျက် မယ်တော်မိနတ်သားအမှူးပြုသည့် စကြဝဠာပေါင်း တိုက်တစ်သောင်း
တို့မှ ခညောင်းရောက်ရှိလာကြသော နတ်ဗြဟ္မာပရိသတ်တို့၏ အလယ်၌
အဘိဓမ္မာတရားတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲ ဟောကြား
တော်မူခဲ့သည်။
အဘိဓမ္မာဒေသနာတော်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
အနက် ထက်ဝက်မျှပင်ရှိ၏ လွန်စွာများပြားရှည်လျား၍ ၀ါတွင်းသုံးလ
ဆက်တိုက်ဟောမှ ပြီးဆုံး၏။ ထိုမျှရှည်လျားသော ဒေသနာတော်ကို လူ့ပြည်
တစ်နေရာတည်း၊ ဣရိယာပုဒ်တစ်မျိုးတည်းဖြင့် ဆက်တိုက်နာကြားနိုင်သည့်
ပုဂ္ဂိုလ်မျိုး မရှိသည့်အတွက် ယင်းအဘိဓမ္မာဒေသနာတော်ကို လူ့ပြည်၌
ဟောကြားတော်မမူဘဲ နတ်ပြည်၌သာ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
ဘုရားရှင်၏ အဘိဓမ္မာတရားဒေသနာ ဟောကြားခြင်းသည် ဝါတွင်း
သုးံ လမြောကြ် ဖစ်သော သတီ င်း ကျွတ်လ ပြည့် နေ့၌ ပြီး ဆုးံ လေသည။် ယင်း သို့
တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးနောက် ဤဝါကျွတ်ချိန်
တွင် တာဝတိံသာနတ်နန်းမှသည် သင်္ကဿနဂိုရ်သို့ သိကြားမင်း ဖန်ဆင်း
လှူဒါန်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူသော
စောင်းတန်းသုံးသွယ်ဖြင့် နတ်အပေါင်းက လက်ယာဘက် ရွှေစောင်းတန်းမှ
လည်းကောင်း၊ ဗြဟ္မာကြီးများက လက်ဝဲဘက် ငွေစောင်းတန်းမှလည်းကောင်း
ခြံရံလျက် ဗုဒ္ဓရှင်တော်မြတ်သည် အလယ်ဗဟို၌တည်ရှိသော ပတ္တမြားစောင်း
တန်းဖြင့် သက်ဆင်းကြွမြန်းတော်မူလေသည်။ ယင်းသို့ သက်ဆင်းကြွမြန်းရာ
တွင် ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ်ပမာဏရှိသည့် ဗေဠုဝနတ်စောင်းကြီးကို
လက်သံကုန်တီး၍ ပူဇော်ကာ လက်ယာနံပါးမှ လည်းကောင်း၊ မာတလိနတ်သား
ကလည်း နတ်၌ဖြစ်သော ပန်း၊ နံ့သာအမွှေးအကြိုင်တို့ကို ကိုင်စွဲလျက် ဘုရား
ရှင်ကို ပူဇော်ကာ လက်ဝဲနံပါးမှလည်းကောင်း၊ သုယာမနတ်မင်းသည် စာမရီ
သားမြီးယပ်ကိုခတ်လျက် လည်းကောင်း၊ သန္တုတိသနတ်မင်းသည် ပတ္တမြား
ယပ်ဝန်းကို တလွှဲလွှဲခပ်လျက် လည်းကောင်း၊ သိကြားမင်းသည် ဝိဇယုတ္တရ
ခရုသင်းကို မှုတ်လျက် လည်းကောင်း လက်ယာဘက်မှပင် ပူဇော်ကြကာ

သက်ဆင်းလိုက်ပါလာကြသည်။ ထိုနည်းတူ ကြွင်းသော စကြဝဠာတိုက်တို့၌
နေထိုင်ကြကုန်သော နတ်တို့မှ အမျိုးမျိုးသော ပူဇော်မှုကိုပြုကြလျက်လည်း
ကောင်း၊ လက်ဝဲဘက် ငွေစောင်းတန်းမှလည်း သဟံပတိဗြဟ္မာကြီးက ဗြဟ္မာ
ထီးဖြူကြီးကို ဆောင်းမိုးပူဇော်လျက် လည်းကောင်း သက်ဆင်းလိုက်ပါလာ
ပေသည်။ထိုအချိန်တွင်သာဝတြ္ထိ ပည်၌် ရြှိ ကကုန်သော ပရိသတ်အ ပေါင်း တိုသ့ ည်
လည်း သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ နံနက်စာစားကြပြီးလျှင်
''ယနေ့ မြတ်စွာဘုရားကို သင်္ကဿမြို့တံခါး၌ ဖူးမြော်ကြရကုန်တော့အံ့''ဟု
ထွက်လာခြဲ့ ကရာ အချန်အနည်း ငယ်အတွင်းမှာပင် သကဿင်္ မြို့ တခါံးသို့  ဆိုက်
ရောက်နေပြီ ဖြစ်သည်။
ဤသို့ မြတ်စွာဘုရားသည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာ
နတြ် ပည်မှ သက်ဆင်း တော် ၍ူ လြူ့ ပည်သို့အရောက်စောင်း တန်း ဦး ၌ လကယ်ာ
ခြေတော်မချမီလျှင်ပင် ဘုရားရှင်ကို တပည့်ကြီး ရှင်သာရိပုတ္တရာမထေရ်က
ပထမဦးစွာရှိခိုးပူဇော်ပြီး ထိုေ့ နာက်မှ ကျန်သောပရိသတ်တို့ကမြတ်စွာဘုရား
ကို ရှိခိုးဖူးမြော် ပူဇော်ကြလေသည်။ ထိုသင်္ကဿမြို့တံခါးဝ၌ စောင်းတန်းမှ
ပထမဦးဆုံး လက်ယာခြေတော်ချရာအရပ်သည် နောင်အခါဝယ် ''အစလ
စေတိယဌာန''ဟူ၍ အမည်ထင်ရှားလေသည်။
ယင်းသို့ ရှင်သာရိပုတ္တရာအမှူးပြုသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း
ပါဝင်သည့် ပရိသတ်များက ဘုရားရှင်အား သောင်းသောင်းဖြဖြ ပူဇော်ပွဲကြီး
ကို ဆင်ယင် ကျင်းပခဲ့ကြသည်မှာ မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက်တွင်
ဖြစ်၍် ယခု မြန်မာသက္ကရာဇ် ၁၃၇ဝပြည့်နှစ်တွင်နှစ်ပေါင်း၂၅၉ဝ(နှစ်ပေါင်း
၂၆ဝဝနီးပါး) ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။
မြန်မာတို့သည် ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်
မူခဲ့သည်ကို အကြောင်းပြု၍ ''တာဝတိံသာပွဲတော်''ဟု လည်းကောင်း၊
တာဝတိံသာနတ်ပြည်တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်
ကို အကြောင်းပြု၍ ''မီးမြင်းမိုရ်ပွဲ''ဟု လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြ
ပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်ပတ်သက်ပြီး ပုဂံ
ခေတ်ထိုးကျောက်စာများတွင် ကောင်း မှုစာရင်း များ၌ပါဝင် ကြာင်း မတွေ့ ရရှိ
သောလည်း ပုဂ့ရှိမြင်း ကပါဂူ ပြောကြ် ကီး ဘုရားတွင်တွေ့ရှိရသော ပန်းချီကားအရ
ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့သို့ ကြွဆင်းလာတော်
မူပုံ သရုပ်ဖော်ရေးဆွဲထားသည်ကို ထောက်ရှု၍ ပုဂံခေတ်က မီးထွန်းပွဲတော်
အား ပုဂံသားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း ယူဆနိုင်ပါသည်။
ကုန်း ဘောင်ခေတ်အလယ်ပိုင်း၌ သီတင်းကျွတ်လ ဆီးမီးထွန်းညှိပူဇော်ပုံ
ကို ဘိုးတော်ဘုရားလက်ထက် ထင်ရှားသည့် စာဆိုတော်တစ်ဦးဖြစ်သော
ဦးယာက ''ကြော်သဲအုတ်အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်း
ရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်းစံရာ၊ ဝတိံသာသို့၊
လေးဖြာရောင်စို၊ မြင်းမိုရ်ပွဲကြီး''ဟု လူးတားဖြင့် ဖွဲ့ဆိုရေးစပ်ခဲ့သည်။
သီတင်းကျွတ်လတွင် ပွင့်ကြသည့် ရာသီပန်းများဖြစ်သော ကြာမျိုး
ငါးပါးနှင့် ကျင်းပလေ့ရှိသည့် မီးမြင်းမိုရ်ပွဲစသည့် သရုပ်ကို ဖော်ညွှန်းလျက်
စာဆိုတော် ဖိုးသူတော်ဦးမင်းက ''ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့
ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာ ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်
ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊ သက္ကစ္စာဂါရဝါနှင့် စဉ်အလာပူဇော်ပွဲကို
နွှဲကြပေတောင်း''ဟူ၍ ဖွဲ့ဆိုထားပါသည်။
ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ ဒေသနာတော်ကို
ဝါတွင်းသုံးလပတ်လုံး ဟောကြားပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင်
လူ့ပြည်သို့ ပြန်ကြွလာသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့တွင်
''အဘိဓမ္မာ အခါတောေ် န'့ 'ကို ကျင်း ပကြသည။် သတီ င်း ကျွတ် လပြည့်နေ့တွင်
ရဟန်းသံဃာတော်များ ပဝါရဏာပွဲ ပြုလုပ်ကျင်းပကြသည်။ ပဝါရဏာ၏
အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တောင်းပန်ခြင်း၊ တိုက်တွန်းခြင်းဟူ၍ ဖြစ်သည်။
ပ၀ါရဏာပွဲကား သီတင်း သုးံ ဖော် ရဟန်း သဃာံတော်များအချင်း ချင်း တစ်ပါး
သော ပုဂ္ဂိုလ်အပေါ်တွင်ဖြစ်စေ မိမိအပေါ်တွင်ဖြစ်စေတရားတော်နှင့် မလျော်ညီ
ဖီလာဖြစ်မှုများရှိခဲ့ပါက အချင်းချင်း စုပေါင်းဝေဖန်ကြသည့်ပွဲ၊ သုံးသပ်ကြ
သည့်ပွဲ၊ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြသည့်ပွဲပင် ဖြစ်သည်။
''ငါ့ရှင်တို့၊ တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏၊ တပည့်တော်
တို့၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊ သံသယ
ရှိသော်လည်းကောင်း တပည့်တော်အားသနားသောအားဖြင့် ပြောဆို သိပေး
ကြပါ၊ အပြစ်ကို ကုစားပါမည်''ဟူ၍ ပဝါရဏာပြုကြသည်။
ထြို့ ပင် မိုး လေကင်း လွတ်ပြီး ဥတုရာသီသာယာသည့်အချိန်
အခါလည်း ဖြစ်သည်။ ဤလတွင် ဘိုးဘွား မိဘများ၊ ဆရာသမားတို့ထံသို့
တပညသ့်ားမြေးများက လှူဖွယ်ပစ္စည်းများဖြင့်ကန်တြော့ ကလေရာ
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်တို့အကြား ချစ်ခင်မြတ်နိုးမှု၊ ရိုသေ
လေးစားမှုများ တိုးပွားကာ ကြည်နူးချမ်းမြေ့ဖွယ်ရာ ဖြစ်ရပေသည်။
သို့ဖြစ်ရာ ခြေခင်းလက်ခင်းသာချိန်ဖြစ်သည့် ဤသီတင်းကျွတ်လတွင်
ကောင်းမှုကုသိုလ်အဖုံဖုံကို ပြုလုပ်ကြလျက် စိတ်လက်ကြည်နူးစွာ တရား
ဘာဝနာ ပွားများအားထုတ်နိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါ
သည်။
တင်ထွဋ်(အစိုးရတိုင်းရင်းဆေး)

Saturday 11 October 2008

ချမ်းသာချင်လား ဒါဆောင်ထား

အနန္တမေတ္တာတော်ရှင် ဘုရားသခင်သည်ဝေနေယျသတ္တ၀ါအများကိုချမ်းသာစေချင်သောကြောင့်
ပွင့်တော်မှုလာခြင်းဖြစ။ အနီးစပ်ဆုံးအနေနှင့် လူသားတွေကိုချမ်းသာစေချင်သည်။ ထို့ကြောင့်လူချမ်းသာ
တရားလေးပါးကို ကျောင်းဒကာကြီး အနာထပိဏ်ကိုအကြောင်းပြုဟောကြားတော်မှုထားခဲ့ပါသည်။
လူရယ်လို့ဖြစ်လာလျှင် လူ့ချမ်းသာကိုတော့ ခံစားရသင့်သည်။လူ့ချမ်းသာကိုခံစားနိုင်ဖို့အတွက်
လူ့ချမ်းသာကိုခံစားနိုင်ဖို့အတွက် လူ့ချမ်းသာတရားလေးပါးနှင့်ပြည့်စုံရမည်။ လူ့ချမ်းသာတရားလေးပါးဆိုတာ
အတ္တိသုခ -ရှိချမ်းသာ၊ ရှိသင့်တာတွေရှိလျှင်ချမ်းသာသည်။ ဘောဂသုခ- ခံစားစံစားချမ်းသာ၊ ခံစားသင့်ခံစားထိုက်တာကို ခံစားရလျှင်ချမ်းသာကြွယ်ဝသည်။ အာနဏသုခ- အကြွေးကင်းလျှင် ချမ်းသာသည်။ အန၀ဇ္ဇသုခ-အပြစ်ကင်းချမ်းသာ အပြစ်ကင်းလျှင်ချမ်းသာသည်။ ဒီလေးပါးနှင့်ပြည့်စုံမှ
လူချမ်းသာဟုခေါ်သည်

လောကမှာ ပိုက်ဆံရှိသူ ၊ပစ္စည်းဥစ္စာရှိသူကို လူချမ်းသာလို့ခေါ်ကြသည်။ထို့ကြောင့်လူချမ်းသာဖြစ်ဖို့
အတွက်ပိုက်ဆံရှိရမည်။ ပစ္စည်းဥစ္စာရှိရမည်။ ပိုက်ဆံရှိဖို့ ပစ္စည်းဥစ္စာရှိဖို့ဆိုတာဝင်ငွေကောင်းကောင်းရှိရမည်
ဝင်ငွေကောင်းဖို့အတွက် အလုပ်ကောင်းကောင်းရှိရမည်။ ဒါအခြေခံအဓိကသော့ချက်ဖြစ်သည်။ဒီအံပင်ရှိသင့်တာတွေက ကံရှိရမည်။ ဥာဏ်ရှိရမည်။ဥာဏ်နှင့်ဆိုင်သော
အတက်ပညာ၊ အသိပညာ၊ ဗဟုသုတရှိရမည်။
ကြိုးစားမှုဝီရိယရှိရမည်။ ပြောတက်ဆိုတက် လုပ်တက် ကိုင်တက် ဆိုသော လုပ်ရည်ကိုင်ရည်၊ အရည်အချင်းရှိရမည်။ စိတ်ကောင်းစေတနာကောင်းရှိရမည်။ စိတ်နေစိတ်ထားနူးညံ့ပျော့ပျောင်းမှုရှိရမည်။
က္ကနြေ္ဒရှိရမည်။ သိက္ခာရှိရမည်။ကိုယ်ချင်းစာတရားရှိရမည်။ ရိုးသားဖြောင့်မတ်မှုရှိရမည်။ လိမ္မာပါးနပ်မှုရှိရမည်။အမြော်အမြင်ရှိရမည်။ ဆင်ခြင်တုံတရားရှိရမည်။
နေရာကောင်းရှိရမည်။ မိတ်ဆွေကောင်း ၊ဆွေကောင်း အမှီကောင်းရှိရမည်။စီမံခန့်ခွဲမှုကောင်းရှိရမည်။
အတိုင်းအတာတစ်ခုအထိ စွန့်လွတ်မှု၊ အနစ်အနာခံမှု၊ ခွင့်လွတ်မှု၊သည်းခံမှုရှိရမည်။
အတ္တိသုခ- ရှိမှချမ်းသာမည်။ မရှိလျှင်ဆင်းရဲမည်။ ချမ်းသာဖို့အတွက်ရှိရမည့်အရာတွေကတော့ခေတ်အား၊ စနစ်အားလျှော်စွာ များလှသည်။ချမ်းသာချင်လျှင်တော့ ကိုယ့်မှာရှိသင့်ရှိထိုက်သည့်အရာတွေရှိအောင်လုပ်
ထားရမည်။ပြည့်အောင်ဖြည့်ထားရမည်။ ရှိလျှင်ချမ်းသာလိမ့်မည်။ မရှိလျှင်တော့ဒုက္ခတွေ့လိမ့်မည်။လူရယ်လို့ဖြစ်လာလျှင် လူနဲ့တူအောင်စားရသင့်သည်။ လူနှင့်တူအောင်
နေရသင့်သည်။ လူကိုလူလိုတန်ဖိုးထားခံရသင့်သည်။ဒါက ဘောဂသုခဆိုသည့်လူချမ်းသာတစ်ပါးဖြစ်သည်။
ကမ္ဘာမှာလူနှင့်တူအောင် မနေရသူတွေ၊ လူနှင့်တူအောင်မစားရသူတွေ၊ လူနှင့်တူအောင်မ၀တ်ရသူတွေ၊လူကိုလူလိုတန်ဖိုးမထားခံရသူတွေအများကြီးရှိသည်။ထို့ကြောင့်ဘောဂသုခဆို
သောချမ်းသာတစ်ပါးကလည်း လူအတွက်အရေးကြီးသည်။
ယေဘုယျအားဖြင့်တော့ဘောဂသုခကအတ္တိသုခနှင့်ဆက်စပ်နေ၏။ ၀တ်စာရှိမှဝတ်လို့ရမည်. စားစရာရှိမှစားလို့ရမည်။ခံစားစရာရှိမှ ခံစားလို့ရမည်။ ၀ရှိမှဝိလုပ်လို့ရမည်။ ၀မရှိဘဲနဲ့ဝိလုပ်ချင်ရင်တော့ဒုက္ခတွေ့မှာသေချာပေသည်.ဒီတော့ဘောဂသုခနှင့်ပြည့်စုံဖို့ဆိုတာအတ္တိသုခနှင့်
ပြည့်စုံမှဖြစ်မည်။
လူရယ်လို့ဖြစ်လာလျှင်လူ့ချမ်းသာကိုခံစားပါ။ ကောင်းကောင်းနေ၊ကောင်းကောင်းစား ကောင်းကောင်းသုံး
အဲဒီလိုကောင်းကောင်းသုံးအဲဒီလိုမျိုး ကောင်းကောင်းနေ ကောင်းစားကောင်းကောင်းဝတ်နိုင်အောင်၊
ဘောဂသုခအနေနှင့်ပြည့်စုံအောင် အတ္တိသုခအနေနှင့်ကောင်းကောင်းရှာထား၊ ကောင်းကောင်းအလုပ်လုပ်ထား၊ကောင်းကောင်းကြိုးစားထား၊ ကောင်းကောင်းစုထားအဓိပ္ပာယ်ကဒီလိုဖြစ်သည်။
ဗုဒ္ဓ၏တရားတော်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်သက်ဆိုင်သလိုလူပုဂ္ဂိုလ်အများနှင့်ဖွဲ့စည်းထားသော
လူ့အဖွဲ့အစည်းတွေနှင့်လည်းသက်ဆိုင်သည်။လူအဖွဲ့အစည်းတွေမှာလည်း တစ်မိသားစု၊ တစ်ရပ်၊တစ်ရွှာ
တစ်မြို့၊ တစ်နိုင်ငံ၊ တစ်ကမ္ဘာ၊လူ့အဖွဲ့အစည်းအသီးသီးနှင့်သက်ဆိုင်သည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ဆက်လက်ရေးသားပါအုံးမည်

Friday 10 October 2008

စကားပြောဆိုခြင်းဆိုင်ရာ ပညာရှိတို့၏သြ၀ါဒများ

ရဟန်း ပညာရှိ၊ လူပညာရှိတို့သည် ဗုဒ္ဓ၏ဓမ္မ၌ အခြေခံလျက်စကားပြောခြင်းဆိုင်ရာရှောင်ရန်၊
ဆောင်ရန်များကို ညွှန်ပြခဲ့သည်မှာအများအပြားပင် ရှိပေသည်။
ကုန်းဘောင်ခေတ်စာဆို ညောင်ပင်သာ ဦးပုညက(သူတရတာနာဆုံးမစာ)တွင်
-ပိဋကတ်ပင်လယ်၊နယကျယ်၊ အလွတ်တတ်ပြီမထင်နှင့်၊
တစ်နည်းတွေ့ရုံ၊ ကျမ်းမစုံ၊အာရုံတယ်ပြီး မကိုးနှင့်၊
ကေစိသဘော၊ တစ်ကျမ်းဟော၊ အပြောတယ်၍မကင်းနှင့်၊
ဂန္ထန္တရ၊ မနှံ့ကြ၊ ၀ါဒတယ်၍ မငြင်းနှင့်၊
အတ္တနောမတိ၊ ယူမှန်းသိ ၊ဖိ၍ပြိုင်၍ မပြောနှင့်၊
ကိုယ့်ထက်ဥာဏ်ရှိ၊ တက်မှန်းသိ မိမိကိုယ်ကိုမမြှောက်နှင့်၊
ဟူ၍ သတိပေးထားလေသည်။ အင်းဝခေတ်စာဆိုအရှင် ရှင်မဟာရဌသာရ၏ဆုံးမစာ
တစ်ရပ်တွင်လည်း...

"ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း ဟုတ်တည်းဧကန် ၊အာမသန်နှင့်၊
မှန်သည်တစေမရှိချေ ဟုဆိုထားဖူးသည်။"

Thursday 9 October 2008

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံသီလ

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံအားဖြင့်စောင့်ထိန်းကျင့်သုံးအပ်သည့် သီလများကို စာရိတ္တသီလနှင့် ၀ါရိတ္တသီလ
ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ စာရိတ္တသီလဟူသည်မှာ ပြုရမည့်ဝတ္တရားအသွယ်သွယ်ကို မငြင်းမပယ်ပြုကျင့်လိုက်နာခြင်းဖြစ်သည်။ ၀ါရိတ္တသီလဟူသည်မှာ မသင့်လျော်မမှန်ကန်သဖြင့်
တားမြစ်ထားသောအရာများကို မပြုလုပ်ဘဲရှောင်လွှဲနေခြင်းဖြစ်သည်။
ရှောင်ကျဉ်အပ်သော အရာများကို 'ဒုစရိုက်'ဟုခေါ်ပါသည်။ဒုစရိုက်၏တခုခြင်းအဓိပ္ပာယ်မှာ
(ဒု= မကောင်းသော။ စရိုက်/စာရိတ္တ=အကျင့်) ဟုဆိုလိုပါသည်။
ဒုစရိုက် (၁၀)မျိုးရှိပါသည်။ ယင်းတို့မှာ ကိုယ်ဖြင့်ပြုသော ဒုစရိုက်(ကာယကံ) (၃)ခု၊ နှုတ်ဖြင့်ပြုသော
ဒုစရိုက်(၀စီကံ) (၄)ခု၊ စိတ်ဖြင့်ပြုသော ဒုစရိုက်(မနောကံ) (၃)ခုတို့ဖြစ်ပါသည်။
စကားပြောခြင်းဟူသည်မှာ နှုတ်မှ(၀စီကံ)တွင် အကျုံးဝင်ပါသည်။ ၀စီကံဒုစရိုက်(၄)ခုမှာအောက်ပါအတိုင်း
ဖြစ်သည်။။


(၁) မဟုတ်မမှန်ပြောဆိုခြင်း (မုသာဝါဒ)
(၂) ကုန်းချော၊ ကုန်းတိုက် ပြောခြင်း (ပိသုဏ၀ါစာ)
(၃) ကြမ်းတမ်းစွာပြောခြင်း (ဖရုဿဝါစာ)
(၄) အကျိုးမဲ့ ၊အချည်းနှီး ပြိန်ဖျင်းစကားပြောခြင်း (သမ္ဖပ္ပလာပ၀ါစာ)
ဆောင်ပုဒ် ။ ။ လှည့်စား ရန်တိုက်၊မိုက်မိုက် ကန်းကန်း၊ နှုတ်ကြမ်းလေ့ခြင်း၊ ပိန်ဖျင်းစကား
ပြောဆိုငြား၊ လေးပါးဝစီကံ။
ဤ၀စီဒုစရိုက်(၄)မျိုးတို့ကို ကျွန်ုပ်တို့သည် တစ်ခုမဟုတ်တစ်ခု နေ့စဉ်နှင့်အမျှကျူးလွန်မိလျက်သားဖြစ်နေ
ကြလေသည်။ ၀စီဒုစရိုက်လေးမျိုးကို ရှောင်ကြဉ်အပ်သည်ဟုသိထားကြသောဗုဒ္ဓဘာသာဝင်တို့သည်လည်း နေ့စဉ်ဘ၀များတွင် သိလျက်နှင့်ကျူးလွန်မိတက်ကြပါတယ်။
မုသားပြောကြားခြင်းသည် အလွန်အန္တရာယ်ကြီးပါတယ်။ လူအချင်းချင်းတို့သည် စကားကိုအားကိုးပြီးယုံထိုက်မယုံထိုက် ဆုံးဖြတ်ကာဆက်ဆံရခြင်းဖြစ်ရာ မမှန်သောစကားကိုအားကိုးက
လောကသည် လိမ်လည်မှုအမှားများဖြင့် အတိပြီးကာ ကမောက်ကမဖြစ်သွားပါလိမ့်မယ်။ မုသားဆိုရာတွင်
အရာဝတ္တုက ဟုတ်မှန်ပါလျက်မဟုတ်ဟုပြောခြင်းသည်လည်းကောင်း၊ အရာဝတ္တုကမဟုတ်မှန်ပါလျက်နှင့်
ဟုတ်မှန်ပါသည်ဟု ပြောဆိုခြင်းသည်လည်းကောင်းနှစ်မျိုးစလုံးမုသားထိုက်ပေသည်။
မုသားမြောက်ခြင်းအင်္ဂါလေးရပ်ရှိပါတယ်...ယင်းတို့မှာ..
(၁) မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း၊
(၂) မဟုတ်မမှန်ပြောဆိုခြင်းဖြင့် သူတစ်ပါးအားအမှားသိစေလိုသောစိတ်ဆန္ဒရှိခြင်း။
(၃) ထိုစိတ်ဆန္ဒအတိုင်း ကိုယ်နှုတ်လုံ့လပြုခြင်း၊
(၄) တစ်ဖက်သားကလည်းအမှားကိုသိသွားခြင်းတို့ဖြစ်သည်
'မုသားပြောသောပုဂ္ဂိုလ်မှာ မလုပ်ရဲတဲ့အကုသိုလ်ဘာမှမရှိတော့'ဟုဆိုပါသည်။ (ဤတွင် မှတ်သားစရာကောင်းလှသော ဗုဒ္ဓသြ၀ါဒတစ်ရပ်ရှိပါသည်။ မမှန်သောစကားကိုပြောခြင်းသည် အပြစ်ဖြစ်သည်ဆိုလျှင် အမှန်ကိုမပြောဘဲတိတ်ဆိတ်စွာနေခြင်းသည်ကော အပြစ်မြောက်ပါသလားဟူသောအချက်ဖြစ်သည်။ မြတ်စွာဘုရားရှင်က နှစ်မျိုးခွဲပြ၍မိန့်ကြားတော်မှုခဲ့ပါသည်။
အကျိုးမရှိလျှင် ဘာမျှမပြောသော်လည်းပြောသင့်၍ ပြောခြင်းသည်မေတ္တာပင်ဖြစ်သည်။ ပြောသင့်ပါလျက်
မပြောခြင်းသည် တာဝန်မကျေမှုပင်ဖြစ်၍ အပြစ်ထိုက်ပါသည်။မုသာဝါဒ ပြောဆိုခြင်း၏ အပြစ်ကိုဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ) ၏စာအုပ်တအုပ်တွင်...

"မုသားစကား ၊ ပြောဆိုငြားမှု
စကားမပီ ၊သွားမညီတည်း
ပုပ်ညှီပါးစပ် ။ခြောက်ကပ်ကိုယ်ရေ
က္ကုနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။"
ဟုလင်္ကာလေးဖြင့်ဆုံးမထားသည်ကိုတွေ့ရပါသည်..
ကုန်းချော ကုန်းတိုက် ပြောဆိုခြင်းသည်လည်း လွန်စွာအန္တရာယ်ကြီးလှပါသည်။ မှန်ကန်သောဆက်ဆံရေးဖြင့် သင့်မြတ်နေသည့်နှစ်ဦး နှစ်ဖက်ကြား အထင်အမြင်လွဲမှားအောင် သံသယမှ
အာဃာတအထိကြီးထွားအောင် ကုန်းချောစကားပြောခြင်းသည် ပြောသူအတွက်သာမက နာသူအတွက်ပါ
အန္တရာယ်ကြီးမားလှပါတယ်။ ပိသုဏ၀ါစာသည်နားလည်မှု၊ မေတ္တာတရား၊ စာနာခြင်းများနှင့်ငြိမ်းချမ်းရေးကို
ခြိမ်းခြောက်ပျက်စီးစေသော ဧရာမ မကောင်းမှုဒုစရိုက်ပင်ဖြစ်ပါသည်။
ဖရုဿဝါစာ- ကြမ်းတမ်းစွာပြောဆိုခြင်းသည်ကား ဒေါသကိုအခြေခံလျက်မောဟ (မသိနားမလည်ခြင်း)ဖြင့်
မွမ်းမံကာထွက်ပေါ်လာသော ဆဲရေးတိုင်းထွာ ကျိန်ဆဲအပြစ်တင်ခြင်းပင်ဖြစ်သည်။ ကြမ်းတမ်းရိုင်းပျသောစကားလုံးတို့ကို မည်သူမျှမနှစ်သက်ကြပါ။။ ဖရုဿဝါစာ၏ အကျိုးဆက်မှာ အမုန်းနှင့်
ရန်ဖက်ဖြစ်ခြင်းပင်ဖြစ်ပါသည်။
သမ္ဖပ္ပလာပ၀ါစာ- ပြိန်ဖျင်းသောစကားဟူသည်ကား အနှစ်မဲ့၊ အကျိုးမဲ့သောစကားသွမ်း၊ စကားဖျင်း၊
စကားပေါ့များကိုဆိုလိုပါသည်။ လူမှုဘ၀အတွင်းနေထိုင်ရှင်သန်ရသူများအဖို့ ကြိမ်ဖန်ပေါင်းများစွာ
အမှုအမှတ်မဲ့ပြောဆိုဖြစ်သော စကားမျိုးလည်းဖြစ်သည်။ဤစကားမျိုး ပြောဆိုလေ့အကျင့်စွဲသူများမှာ အသိဥာဏ်အလဟဿ ကုန်ဆုံးခြင်းနှင့်တန်ဖိုးမဲ့ လျှပ်ပေါ်သောဘ၀ကို တည်ဆောက်မိခြင်းစသည့်အပြစ်များကို ခံစားကြရမည်ဖြစ်ပါသည်။
အချုပ်ဆိုရသော် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကာယကံ၊ ၀စီကံ၊မနောကံ တည်းဟူသောကံသုံးပါးမှ
ဝစီကံဒုစရိုက် (၄)ပါးကိုအတက်နိုင်ဆုံးစောင့်ထိန်းလျှက်..ကုသိုလ်ဘာဝနာများတိုးပွားကျင့်ကြံအားထုတ်ပြီး
သီလ သမာဓိ ပညာပြည့်စုံကြွယ်ဝကြလျှက် ..ရှေ့ဆက်လျှောက်မည့်ဘ၀လမ်းတိုင်းတွင်
အမှားအယွင်းမရှိစေဘဲ ..မိမိတို့အလိုချင်ဆုံးအတမ်းတဆုံး နိဗ္ဗာန်ခရီးလမ်းကိုတက်လမ်းကြပါစို့လို့
တိုက်တွန်းပြောကြားလိုက်ရပါတော့သည်။။။။

Sunday 5 October 2008

တစ်ရာနှင့်တစ်ရက်

'သီလမရှိသူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက် သီလရှိသူရဲ့တစရက်တာအသက်ရှင်ရခြင်းက
အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ်' (ဗုဒ္ဓ)
ကာယကံအမှားအယွင်းများ ရှောင်ကြဉ်မှု၊ ၀စီကံအလွဲအချော်များစောင့်ထိန်းမှုကို သီလလို့ခေါ်ပါတယ်
မပြုသင့်တဲ့ ကိုယ်မှုလုပ်ရပ်တွေ မပြု၊ မပြောသင့်တဲ့နှုတ်ထွက်စကားတွေ မပြောဘဲ ကိုယ်နဲ့နှုတ်ကိုစောင့်စည်း
ထိန်းသိမ်းနိုင်တဲ့သူဟာ သီလရှိတဲ့သူပါ။
ကိုယ်အမှား၊ နှုတ်အမှားကို ပြုထားတဲ့သူ(သီလမရှိတဲ့သူ)ရဲ့စိတ်အစဉ်ဟာ နောင်တတရားတွေနဲ့ပူလောင်
ကျွမ်းမြိုက်နေပါတယ်။စိတ်ပူလောင်နေသူတစ်ယောက်ရဲ့ ကြံစည်တွေးခေါ်မှု၊ဆုံးဖြတ်လုပ်ကိုင်မှုတွေဟာ အမှားတွေချည်းဖြစ်နေမှာပါ၊ ဒါမှမဟုတ် အမှားတွေရောနှောနေမှာပါ။ဒါနဆိုတာမှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။
ဒါပေမဲ့ သီလမရှိသူရဲ့ဒါနဟာ ကြွက်ချေးရောနေတဲ့ ဆွမ်းဆန်လို ဖြစ်နေလို့အကျိုးပေးမစင်ကြယ်နိုင်ပါဘူး။
သီလရှိသူရဲ့ ဒါနကတော့ အမွှေးသေတ္တာထဲလှောင်ထားတဲ့ သလေးဆန်နဲ့ အလားလို့ အကျိုးပေးလည်းစင်ကြယ်၊
အကျိုးရလည်း ကြီးကျယ်ခမ်းနားပါတယ်။

သီလမရှိတော့ စိတ်မအေးချမ်း၊ စိတ်မအေးချမ်းတော့ စိတ်မတည်ငြိမ်၊ စိတ်မတည်ငြိမ်တော့ အသိဥာဏ်
မထွက်၊ သီလပျက်ရင် သမာဓိရော၊ ပညာရောဖြစ်ခွင့်မရှိတော့ပါဘူး။ သီလရှိရင်တော့ စိတ်အေးချမ်းတဲ့အတွက် သမာဓိရောပြည့်ပြည့်၀၀ အားကောင်းနိုင်ပါတယ်..
(အရှင်ဆန္ဒဓိက)

ဓမ္မသြ၀ါဒများ

ခံစားချမ်းသာမမက်မောတော့ပါ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
လူတစ်ယောက်ကို
အိပ်ရေးမ၀သေးခင်မှာ
အတင်းလှုပ်နှိုးပြီး
သူအကြိုက်ဆုံး အစားအစာတွေ
သွားကျွေးကြည့်ပါလား။
အိပ်လို့ကောင်းတုန်း
အိပ်ရေးပျက်အောင် လုပ်ရပါ့မလားဆိုပြီး
အရမ်းစိတ်ဆိုမှာ
သေချာပါတယ်။
အိပ်ပျော်နေစဉ်မှာ
ခံစားမှု အထင်အရှားမပါရှိပါဘဲနဲ့
ခံစားမှု အထင်အရှားရှိတဲ့
အစားအစာထက်
အိပ်စက်ခြင်းကို
ပိုပြီးတန်ဖိုးထားတာ ဘာကြောင့်လဲ၊
ရှင်းပါတယ်။
ခံစားမှုချမ်းသာထက်
ငြိမ်းအေးမှုချမ်းသာက
ပိုပြီးကောင်းလို့ပေါ့
ပိုပြီးအဆင့်မြင့်လို့ပေါ့။


စိတ်ဖြူစင်မှ ကုသိုလ်ရ
ငါ့စိတ်ဓာတ်
ဘယ်လောက်ကောင်းပါတယ်
ငါ့လုပ်ရပ်
ဘယ်လောက် မြတ်ပါတယ်လို့
ဘယ်လိုပဲပြောပြော
အဲဒီစိတ်ဓာတ်ရှိနေခိုက်။
အဲဒီလုပ်ရပ် လုပ်နေခိုက်
စိတ်ဓာတ်ရှင်၊
လုပ်ရပ်ရှင်ရဲ့ သန္တာန်မှာ
စိတ်ဖြူစင်သန့်ရှင်းမှု
မရှိဘူးဆိုရင်
အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ကို
ကုသိုလ်လို့မခေါ်နိုင်ပါဘူး။
ဘယ်စိတ်ဓာတ်၊
ဘယ်လုပ်ရပ်မဆို စိတ်ကိုဖြူစင်သန့်ရှင်းစေမှ
ကုသိုလ်လို့ ခေါ်နိုင်ပါတယ်။။

Saturday 4 October 2008

တရားမြင်ရင် အမှားစင်မယ်(၂)

တရားရှုမှတ်တဲ့အခါမှာတော့ ကိုယ်သန်ရာဝေဒနာအပေါ်မှာ တည့်တည့်ရှုမှတ်တာခွာပြီး ရှုမှတ်တာ ကြိုက်သလိုပြုလုပ်နိုင်ပါတယ်။ ဆရာတော်တစ်ပါးရဲ့အလိုကတော့ ဝေဒနာကိုခွာပြီးရှုမှတ်တာ ပိုလို့နှစ်သက်ကြောင်း ပြောဆိုထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ဝေဒနာကိုတည့်တည့်ထားရှုမှတ်ရာမှာ သမာဓိအားကြောင်းဖို့လိုကြောင်း သမာဓိအားနည်းရင်တရားအမြင်ဘေးလွင့်ဖိတ်စင်တက်လို့ ဖြစ်ပါတယ်။တရားရှုမှတ်ခဲ့တဲ့ဇာတ်လမ်းဖြစ်စဉ်ကိုအကျဉ်းချုပ်ကိုတင်ပြပါအုံးမယ်….
ရှေးအခါက ဗာရာဏသီပြည်မှာ မဟာတိဿ နဲ့ စူဠတိဿ ဆိုတဲံညီအကိုနှစ်ယောက်ရှိပါတယ်။အရွယ်ကိုယ်စီရလာတဲ့ အခါမှာတော့ ညီဖြစ်တဲ့စူဠတိဿ
မှာ လူတို့ထုံးတမ်းအရ အိမ်ထောင်သားမွေးစီးပွားရေး ပြုလို့နေဖြစ်ပါတယ်။ အကိုကြီးဖြစ်သူ
မဟာတိဿကတော့ စီးပွားရေးရှာဖွေပြီးမှတရားအမြင်ရလာကာ ညီဖြစ်သူကိုသူပိုင်ဆိုင်သမျှ
ပစ္စည်းဥစ္စာတွေကိုပေးပြီး ရဟန်းဘောင်ဝင်ရောက်ကာ စိတ္တကတောင်ပေါ်မှာတပါးတည်းကျောင်းဆောက်လုပ်ပြီးတော့ တရားအားထုတ်နေပါတယ်။
အဲဒီအခါမှာ ညီတော်စူဠတိဿရဲ့ဇနီးမယားက မကောင်းသောအကြံဆိုးများဖြင့် မဟာထိဿမထရ်များ ရဟန်းဘ၀မှာမပျော်လို့ လူ့ဘောင်ပြန်လာရင် ငါတို့ပြန်ပြီးအမွေပြန်ပေးရမှာဖြစ်တယ်။ လူမထွက်ခင်လက်ဦးမှုယူပြီး သတ်ထားမယ်ဆိုရင်ဖြင့် တစ်ရန်အေးသွားမှာဖြစ်တယ်ဆိုပြီး တဏှာအပေါ်တပ်မက်မှုလွန်ကဲစွာဖြင့် လူသတ်သမားများကိုအခပေး၍သတ်စေခဲ့ပါတယ်။
လူသတ်သမားများကလည်း မဟာတိဿထေရ်ကိုတွေ့လျှင် ကြိုးနှင့်တုတ်ပြီးသတ်ဖို့လုပ်ပါတယ်။မဟာတိဿထေရ်လည်းအကြောင်းစုံကို သိပြီးတဲ့နောက်မှာတော့ စိတ်ငြိငြင်မှုမရှိပါဘူး။ ဒါပေမဲ့စကားပြောလိုပါတယ်ခွင့်ပေးပါဆိုပြီးတော့ “ဒကာတို့သတ်မယ်ဆိုလည်း
သတ်နိုင်ပါတယ်။ သို့ပေမဲ့ဒီတညတာမျှ ကိုယ်တော့်ကို တရားအားထုတ်ခွင့်ပေးပါ၊
ရာဂတန်းလန်းပုထုဇဉ်ဘ၀နဲ့ ခန္ဓာကို မချုပ်ငြိမ်းချင်သေးလို့ပါ။တရားအားထုတ်နေတာမှန်ပေမဲ့ တစ်မက်တစ်ဖို မရသေးလို့ပါ”ဆိုပြီးတော့ ပန်ကြားပါတယ်။ သူသတ်သမားများကလည်း
အရှင်ဘုရားထွက်မပြေးဖို့ ဘယ်လိုမျိုးအာမခံပေးနိုင်မှာလဲလို့မေးတော့ ကိုယ်တော့်ကိုကြိုးတော့ဖြေပေးပါလို့ပြောပြီး အနီးနားမှာရှိတဲ့ ကျောက်ခဲတုံးနဲ့သူ့ခြေထောက်ကု ရိုက်ချိုးပစ်ပါတယ်။”ကိုယ်တော် အာမခံနိုင်တာကတော့
ဒါပါပဲလို့ပြောဆိုကာ” ဝေဒနာကိုခွာပြီးရှုမှတ်ပါတယ်။ ကျိုးနေတဲ့ခြေထောက်နှစ်ဖက်အပေါ်မှာ
ဖြစ်ပေါ်နေတဲ့အောင့်နာခြင်းအပေါ်မှာ စိတ်မပို့လွတ်ပါဘဲထွက်သက် ၀င်သက်သတိသက်သက်ဖြင့်ရှုမှတ်ပွားများရာ နံနက်မိုးသောက်အချိန်ရောက်သော် တရားထူးရရှိကာ ရဟန္တာစစ်စစ်ဖြစ်သွားတော်မှုခဲ့ပါသည်။
ပြောလိုတာကတော့ ခန္ဓာကိုယ်ပေါ်မှာ တရားအမြင်ကိုအမှန်အတိုင်းရှုမြင်ပြီးတဲ့နောက်မှာဝိပဿနာတရားအာရုံကို ခိုင်မြဲတဲ့သတိသမာဓိကပ်ပြီးရှုမြင်ကြည့်မယ်ဆိုရင်ဖြင့် တရားအမြင်ရလာမှာဖြစ်ပါတယ်။
တရားအမြင်ရလာတဲ့ သူရဲ့ဘ၀ခရီးဆိုတာလည်း အမှားကင်းစင်နေမယ်မှာ ဧကန်အမှန်ပင်
ဖြစ်ပါတော့တယ်။။။။။

Sunday 28 September 2008

တရားမြင်ရင် အမှားစင်မယ်(၁)

တရားရှာကိုယ်မှာတွ့ဆိုတဲ့ ဆိုရိုးစကားလေးရှိပါတယ်။ ဆိုလိုတာကတော့တရားဆိုတာ တခြားမှာရှာစရာမလိုပါဘဲ မိမိရဲ့ခန္ဓာဖြစ်စဉ်ကို အမှန်အတိုင်းရုပ်တရား နာမ်တရား၊ ကွဲပြားသိစေဖို့နဲ့ ရုပ်တရား နာမ်တရား၊တို့ရဲ့ ကုန်လွယ်ပျက်စီးတက်ပုံများ စတဲ့သဘောအမှန်ကိုထင်မြင်သိစေဖို့အတွက် ရည်ရွယ်လိုခြင်းဖြစ်ပါတယ်။

ခန္ဓကိုယ်မှာဖွဲ့တည်သော သုံးဆယ့်နှစ်အဖို့စုများဆိုတဲ့ အူမ၊ အူအိမ်၊ အစာဟောင်း၊

အစာသစ်ပြည်သွေးစသော ရွံရှာစက်ဆုပ်ဖွယ်ရာဖြစ်လို့မို့ အနိဋ္ဌာရုံသက်သက်ဖြစ်ပါတယ်။

အနှစ်မပါအကာသက်သက်လို့ပြောနိုင်ပါတယ် ရှုမြင်သူရဲ့ ဥာဏ်စဉ်အားလျော်စွာ ခန္ဓာ ကိုယ်ပေါ်မှာတပ်မက်မှုများ အတန်အသင့်ကင်းသွားနိုင်ပါတယ်. မတင့်တယ်ဖွယ်ရာခန္ဗာကိုယ်ထဲမှာမှ အဖိုးမဖြတ်နိုင်သောတရားအမှန်ကို ရှာဖွေကြရပါမယ်။

ဘယ်လိုမျိုး ရှာဖွေရမှာလဲဆိုတော့ ဥပမာဆိုပါဆို့။ရုပ်တရားနာမ်တရားဆိုတာ အိုတက်သောဇရာအရိပ်ငွေ့များရှိနေတာကို သိရမှာဖြစ်ပါတယ်။ ရုပ်နာမ်ဓမ္မတို့သည်

ဖောက်ဖျက်ပျက်စီးနိုင်တာမို့ နာတက်ခြင်း ။ဗျာဓိတရားကိုသိစေခြင်း၊ အဆုံးမှာစုတိပျက်ကြွေ

သေခြင်းတရားတို့ကို အမှန်အတိုင်းသိစေမှာပင်မဟုတ်ပါလား။ တရားအမြင်ရလာတဲ့အခါမျိုးမှာ တရားအမှတ်ပါတဲ့သတိတရားကို ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုအပေါ်မှာ စူးစိုက်ပြီးကျင့်ကြံမယ်ဆိုရင်ဖြင့် ခန္ဓာကိုယ်အဖြစ်ပျက်မှန်သဘောဥာဏ်တွေကို နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။

နှာသီးဖျားမှ ၀င်သွားတဲ့လေရယ်၊ နှာသီးဖျားမှပြန်ထွက်တဲ့လေရယ် အဲဒီလိုမျိုးလေ၀င်လေထွက်အပေါ်မှာ သတိအမှတ်ဖြစ်စေလိုက်တော့ တခြားသောအာရုံများ မှာဖြစ်တဲ့ လောဘ၊ ဒေါသမာန်မာနများကို တဒင်္ဂအနေဖြင့်ပတ်သတ်ပြီးဖြစ်နေပါတယ်။ အကုသိုလ်အလုပ်များကိုမလုပ်စေတော့ဘူးပေါ့။ အပိုအလုပ်တွေနဲ့အစားထိုးပြီးဖြစ်နေပါတယ်။

ရှုမှတ်တဲ့အချိန်မှာတော့ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်တက်ပုံများ၊ ဝေဒနာအတိုးအလျော့တွေဖြစ်လာမှာအသေအချာပါပဲလေ၊ ခန္ဓာကိုယ်ရဲ့အောင့်လာတာမျိုးနာကျင်ကိုက်ခဲတာမျိုး စတဲ့ဖောက်ပြန်ပုံတွေကိုတရားအမှတ်သတိဖြင့် ကပ်ရှုပြီးတော့ပွားများနေရမှာဖြစ်ပါတယ်။

သမာဓိတရား ရင့်ကျက်လာတာနဲ့ဝေဒနာတိုးလာပုံ၊ လျော့သွားပုံတို့ကိုသိလာရမှာဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာတော့ သက္ကာယဒိဋ္ဌိတွေ ပယ်ရှားပြီးဖြစ်နေမှာမလွဲပါဘူး ရှုမြင်သူရဲ့ ဥာဏ်စဉ်အနိမ့်အမြင့်ပေါ်မှာ ကွဲံလွဲတဲ့အကျိုးခံစားခွင့်

တို့ကို ရမှာဖြစ်ပါတယ်။

(ဆက်ရန်)

Saturday 20 September 2008

ဓမ္မရေတံခွန်

ဒေါသတကယ်ပျက်လေမှ လောကအလယ်မျက်ရည်မကျတော့မှာပါ

ဒေါသကိလေသာကို
အကြွင်းမဲ့ ပယ်သတ်နိုင်လို့
ကိုယ့်ရဲ့နှလုံးသားဟာ
ဒေါသကင်းတဲ့နှလုံးသား
ဖြစ်သွားပြီဆိုရင်တော့
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ
ဝမ်းသာစရာနဲ့ပဲကြုံကြုံ
ငိုချင်စိတ်တောင်မရှိတော့ပါဘူး။
မငိုတတ်တဲ့ နှလုံးသားပိုင်ရှင်ဟာ
ဘာအကြောင်းကြောင့်မှ
မျက်ရည်မကျတော့ပါဘူး။
ဝိပဿနာအလုပ်ကို
အချိန်ဆက်နိုင်သမျှဆက်အောင်
အမြဲမပြတ်
ကြိုးပမ်းအားထုတ်သွားမယ်ဆိုရင်
ပုထုဇဉ်ဘ၀နဲ့
ရှိနေသေးတယ်ပဲထားဦး၊
ဝိပဿနာရဲ့ တန်ခိုးကြောင့်
စိတ်ဓာတ်ရင့်ကျက်နေတဲ့အတွက်
ဝမ်းသာစရာနဲ့ပဲကြုံကြုံ
ဝမ်းနည်းစရာနဲ့ပဲကြုံကြုံ၊
အလွယ်တကူမျက်ရည်မကျတော့ပါဘူး
အကောင်းအဆိုး လောကဓံအားလုံးကို
အပြုံးမပျက် ခံနိုင်ရည်ရှိသွားပါတယ်။။။

အချောအလှဖျက်တာ ဒေါသအမျက်ပါ

နဂိုကရုပ်ရည်
ဘယ်လောက်ပဲ ချောမောလှပပါစေ
ဒေါသ၀င်လာပြီဆိုရင်
အရုပ်ဆိုးအကျည်းတန်သွားပါတယ်။
ဒေါသဟာ
လူရဲ့ ပင်ကိုရုပ်အဆင်းကို
ဖောက်ပြန်ပျက်စီးသွားစေပါတယ်။
ကိုယ်အမှုအရာ နှုတ်အမှုအရာတွေ
ကြမ်းတမ်းရိုင်းပျမဲ့ရွဲ့စုတ်ပြတ်ပြီး
ကျက်သရေယုတ်သွားစေပါတယ်။
အသားဖြူတဲ့လူ ဒေါသဖြစ်ရင်
အသားနီသွားမယ်၊
အသားနီတဲ့သူ ဒေါသဖြစ်ရင်
အသားညိုသွားမယ်၊
အသားညိုတဲ့လူ ဒေါသဖြစ်ရင်
အသားပြာသွားမယ်၊
အသားပြာတဲ့လူ ဒေါသဖြစ်ရင်
အသားမည်းသွားမယ်၊
အသားမည်းတဲ့လူ ဒေါသဖြစ်ရင်
အသားမှောင်သွားမယ်၊
မှောင်ပြီးရင်ဘာမှမကျန်တော့ဘူး
လဲသေဖို့ပဲ ရှိတော့တယ်။
ဒါက ဒေါသကြောင့်
ကိုယ်ပျက်စီးပုံ နမှုနာပါ။။။။။

ဒေါသမလာမှ မေတ္တာသမား

ဒေါသဖြစ်စရာ
ဘာမှမရှိလို့
ဒေါသမထွက်တာ
ဘာမှ မထူးဆန်းပါဘူး။
ချီးမွမ်းစရာလည်း
မဟုတ်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့
မတွေ့ကြုံရသေးလို့
ဒေါသမထွက်တဲ့သူကို
ဒေါသကင်းသူလို့
မဆိုနိုင်ပါဘူး။
ဒေါသဖြစ်လောက်တဲ့
အကြောင်းတရားတွေ
အဖြစ်အပျက်တွေနဲ့
ပက်ပင်းတွေ့ကြုံနေရပါရက်နဲ့
ဒေါသမထွက်တဲ့သူကိုမှ
ဒေါသကင်းသူလို့ ဆိုနိုင်ပါတယ်။
ချီးမွမ်းစရာလည်းကောင်းပါတယ်။။

(အရှင်ဆန္ဒဓိက)

Friday 19 September 2008

ပိဋကတ်တော်လာ ငြိမ်းအေးခြင်းနိဗ္ဗာန်(၃)

ဝပ္ပသုတ်တွင် ကိလေသာမှလွတ်မြောက်သောစိတ်ရှိသူသည် မျက်စိဖြင့်အဆင်း၊ နားဖြင့်အသံ၊

နှာခေါင်းဖြင့်အနံ့၊ လျှာဖြင့်အရသာ၊ ကိုယ်ဖြင့်အတွေ့အထိ၊ စိတ်ဖြင့် ဓမ္မာရုံတို့ ဖဿတွေ့ထိ၍ဖြစ်ပေါ်လာသည့် ခံစားမှုဝေဒနာတို့အပေါ်တွင်ဝမ်းသာ ၀မ်းနည်းခြင်းမရှိဘဲ

သတိသမ္ပဇဉ်နှင့်ယှဉ်ကာ လျစ်လျူရှုနေနိုင်ပါသည်။

ဤသို့အားဖြင့် ကိလေသာတို့မှ လွတ်မြောက်အေးငြိမ်းလျက်နိဗ္ဗာန်ကို မျက်မှောက်ပြုနေနိုင်သည်။ မဇ္ဈိမနိကာယ် ပဉ္စတ္တယသုတ်တွင် ဖဿယနတ ခြောက်ပါးတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်၊ ငြီးငွေ့ဖွယ်၊ ထွက်မြောက်ရာတို့ကို ဟုတ်တိုင်းမှန်စွာသိ၍မစွဲလမ်းဘဲလွတ်မြောက်ခြင်းသည် မြတ်စွာဘုရားထိုးထွင်းသိမြင်အပ်သည့် အမြတ်ဆုံးငြိမ်းအေးကြောင်း တရားပေတည်းဟု မိန့်ကြားတော်မှုသည်။ ဓမ္မပဒတွင်လည်း ဘုရားအစရှိသော ပညာာရှိတို့သည် ဈာန်တရားကိုလေ့လာပွားများကြ၍ ကိလေသာငြိမ်းရာနိဗ္ဗာန်အာရုံ၌ မွေ့လျော်ကုန်၏။ကိလေသာငြိမ်းရာကိလေသာသည် အလွန်ကောင်းမြတ်၏ဟု

ဘုရားရှင်တို့ဟောကြားတော်မှုသည်။

ပဋိစ္စသမုပ္ပာဒသုတ်တွင် အကြောင်းကိုစွဲ၍ အကျိုးဖြစ်ပုံတို့ကိုဟောကြားတော်မူသည်။ မိလိန္ဒပဥှာလာ နိရောဓ နိဗ္ဗာနပဥှာတွင်အတွင်းအပ အာယတတို့ကို မနှစ်သက် မစွဲလမ်းမှုကြောင့်တပ်မက်မှုတဏှာချုပ်သည်။ ထို့နောက် ဥပါဒါန်ချုပ်သည်။ ထို့နောက်အိုခြင်း၊ သေခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊ နှလုံးမသာမယာခြင်း၊ပြင်းစွာပင်ပန်းတို့ချုပ်ကုန်သည်။။။

ဤသို့အလုံးစုံသော ဆင်းရဲအစုတို့ချုပ်ခြင်းသည် နိဗ္ဗာန်မည်၏ဟု မိန့်ဆိုထားသည်။

အချုပ်ဆိုရသော် စွဲလမ်းခြင်းတဏှာကုန်ခမ်းခြင်း၊ ရာဂ၊လောဘ၊ ဒေါသချုပ်ငြိမ်းခြင်း၊အာသဝေါတရား၊ ကိလေသာတို့မှ လွတ်မြောက်ခြင်း၊ သင်္ခါရတရားတို့ချုပ်ငြိမ်းခြင်း၊ ချဲ့ထွင်မှတ်သားတက်သော ပပဉ္စသညာတရားစုတို့

ချုပ်ငြိမ်းခြင်း၊ ယင်းတို့မှလွတ်မြောက်ခြင်းတည်းဟူဥော ၀ိမုတ္တိတ၇ားတို့သည် နိဗ္ဗာန်ပင်ဖြစ်သည်။

ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်သည်အမြတ်ဆုံးချမ်းသာဖြစ်သည်။ သင်္ခတတရား၊ အသင်္ခတတရားတို့တွင် တဏှာကုန်ရာ၊ ကိလေသာတို့ကင်းကွာရာ၊ ၀ဋ်ဒုက္ခချုပ်ငြိမ်းရာ

ဖြစ်သော နိဗ္ဗာန်သည်အမြတ်ဆုံးဖြစ်သည်။ လူအများနားလည်ခံစားသည့် အာရုံခြောက်ပါး

ပေါ်တွင်တည်ရှိသော ခံစားမှုဝေဒနာမှ လွတ်မြောက်သည့်ရွင်လန်းချမ်းမြေ့မှုသုခပင်ဖြစ်သည်။

အာရုံခံစားမှုကင်းသောစိတ်၏ ရွင်လန်းချမ်းသာမှုသုခပင်ဖြစ်သည်။

ဤနိဗ္ဗာန်ချမ်းသာကို ဤဘ၀၌ပင် မျက်မှောက်ပြုနိုင်ပါသည်။သီလ၊ သမာဓိ၊ပညာနှင့်ပြည့်စုံသည့်ပုဂ္ဂိုလ်များမျက်မှောက်ပြုနိုင်ဥည်ဟုမြတ်စွာဘု၇ားဟောကြားတော်မှုထားသည်။ သို့အတွက် တရားဘာဝနာများအားထုတ်ကျင့်ကြံပြီး ဤဘ၀၌ပင် မျက်မှောက်ပြုနိုင်သည်။အချုပ်အားဖြင့်ဆိုလျှင် အေးငြိမ်းမှု သဘောတရားပင်ဖြစ်သည်။ ခန္ဓာငါးပါး ရုပ်နာမ်များ၊ အာသဝေါတရားများ၊ ကိလေသာများ ချုပ်ငြိမ်း၍အအေးငြိမ်းးဆုံး

ဓာတ်သဘောတရားပင် ဖြစ်သည်။


..........................။............................

Saturday 13 September 2008

ပိဋကတ်တော်လာ ငြိမ်းအေးခြင်းနိဗ္ဗာန်(၂)

မဟာသမယသုတ်တွင် တဏှာကိုပယ်လျှင်ဇာတိစသော ဆင်းရဲအပေါင်းမှ လွတ်ကင်း၏ဟုပြောကြားတော်မူခဲ့သည်။ ဥပဒါနသုတ်တွင် ဥပဒါန်နှင့်နှောင်ဖွဲ့ခြင်းသံယောဇဉ်၏အကြောင်းဖြစ်သောတရားတို့၌သာယာ

ဖွယ်ဟု ရှုနေသူအား၊ တဏှာသည်ပွားများကြောင်းအပြစ်ဟု ရှုနေသူအား၊

တဏှာချုပ်ကြောင်းတရားဟောကြားတော်မှုသည်။ဒေ၀ဒဟသုတ်တွင် ရဟန်းတို့က

ငါတို့၏ဆရာ မြတ်ဗုဒ္ဓသည် လိုချင်တပ်မက်မှုပယ်ဖျောက်ရေးကို ဟောကြားလေ့ရှိသည်ဟု

ပြောဆိုကြသည်။

ဒုတိယဟာလိဒ္ဒိကာနိသုတ်တွင် တဏှာကုန်ရာနိဗ္ဗာန်ကို အာရုံပြု၍လွတ်မြောက်

သော စိတ်ရှိသည့်လူသည် စင်စစ်ပြီးဆုံးခြင်းရှိသူဟုဟောကြားတော်မူသည်။ သတ္တသုတ်တွင် ခန္တာငါးပါး၌ လိုချင်ခြင်း၊တပ်မက်ခြင်း၊ ဆာလောင်ခြင်းကို ခန္တာငါးပါး၌ငြိကပ်တတ်သောကြောင့်

သတ္တ၀ါဟုခေါ်ဆိုကြောင်း၊ ထိုတရားတို့တွင်လိုချင်တပ်မက် နှစ်သက်ငြိကပ်ခြင်းဟူသော

တဏှာကုန်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်ကြောင်းဟောကြားတော်မူသည်။

ဤသို့အားဖြင့် မြောက်များစွာသောသုတ်များတွင် တဏှာကုန်ခန်းခြင်းသည်နိဗ္ဗာန်ပင်ဖြစ်ကြောင်းဟောကြားတော်မူသည်။မြောက်များလှစွာသောသုတ်များတွင် ရာဂ၊ ဒေါသ၊မောဟတို့ကိုပယ်ဖျောက်ခြင်းသည် နိဗ္ဗာန်ဓာတ်ပင်ဖြစ်သည်ဟုဟောကြားတော်မူခဲ့ပါသည်။ ဗလသုတ်တွင် ရာဂ၊ဒေါသ၊မောဟ

ကင်းပျောက်ခြင်းလျှင် အမြိုက်နိဗ္ဗာန်ဟုဆိုအပ်၏ဟု မိန့်ဆိုသည်။ ဒုတိယအညတရဘိက္ခသုတ်တွင် ရာဂ၊ဒေါသ မောဟတို့ကို ပယ်ဖျောက်ခြင်းဟူသည် နိဗ္ဗာန်ဓာတ်၏အမည်ဟုဟောကြားတော်မူသည်။ အချို့သုတ်များတွင်ကိလေသာတရားများမှ လွတ်မြောက်မှုကို ဟောကြားတော်မူသည်။ စူဠအဿပူရသုတ်တွင် အတွင်းဓာတ်ငြိမ်းချမ်းမှု ရှိသူသည် စိတ်၏လွတ်မြောက်မှု၊ ပညာ၏လွတ်မြောက်မှုကို မျက်မှောက်ပြု၍ အာသဝေါတရား

ကုန်ခမ်းခြင်းကြောင့်ကိလေသာ ငြိမ်းအေးသူဖြစ်၏ဟုဟောကြားတော်မှုခဲ့သည်။ ကိလေသာ

၁၀ပါးဟူသည်မှာ..လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ ၊၀ိစိကိစ္ဆာ ၊ထိန၊ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပတို့ပင်ဖြစ်သည်။

အာသဝေါတရားလေးပါးဆိုသည်မှာ ကာမာသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀၊ အ၀ိဇ္ဇာသ၀တို့ပင်ဖြစ်သည်။နာဂိတသုတ်(အဂုင်္တ္တရနိကာသ) တွင်မြတ်စွာဘုရားသည်ကာမကုန်တို့မှ လွတ်မြောက်မှုချမ်းသာ၊ ကိလေသာဆိတ်သုန်းမှုချမ်းသာ၊ငြိမ်းအေးမှုချမ်းသာ၊ အမှန်သိမြင်မှုချမ်းသာတို့ကိုအလိုရှိတိုင်း

ခံစားနိုင်သည်။ ထိုသို့ရယူမခံစားနိုင်သူတို့သာ ရွံရှာဖွယ်ဖြစ်သောချမ်းသာ၊ အိပ်ငိုက်ခြင်း ချမ်းသာ၊ လာဘ်ရခြင်း၊ အပူဇော်ခံရခြင်း၊ ဂုဏ်သတင်းကြီးခြင်းချမ်းသာတို့ကို သာယာကြကုန်သည်ဟု ဟောကြားတော်မှုသည်။

ဆက်ရန်>>>

Wednesday 10 September 2008

ပိဋကတ်တော်လာ ငြိမ်းအေးခြင်းနိဗ္ဗာန်(၁)

ဗုဒ္ဓဘာသာဝင်တိုင်း၏နောက်ဆုံးရည်မှန်းချက်ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သည်။ နေ့စဉ်ဘုရားရှိခိုးတိုင်းမဂ်ဖိုလ်နိဗ္ဗာန်သို့ လျင်မြန်စွာရောက်ရပါလို၏ မျက်မှောက်ပြုရပါလို၏
ဟုဆုတောင်းလေ့ရှိကြသည်။ဗုဒ္ဓဘာသာဝင်များသည် ဤကဲ့သို့နိဗ္ဗာန်ကိုမြတ် နိုးတောင့်တ
ကြသည်။ယေဘူယျအားဖြင့်နိဗ္ဗာန်ချမ်းသာသည် မိမိတို့လက်ရှိခံစားနေရသည့် ချမ်းသာခြင်းများထက်သာလွန်ကြောင်းသိထားကြ၏၊ တွေ့ကြုံခံစားနေရသည့် ဒုက္ခဆင်းရဲ
အပေါင်းမှလွတ်မြောက်ခြင်းဖြစ်သည်ဟုလည်းနားလည်ထားကြသည်။
မြတ်စွာဘုရား ပထမဦးဆုံးဟောကြားတော်မှုသောဓမ္မစက္ကပ၀တ္တနသုတ်တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည့် သစ္စာလေးပါးတရားအကြောင်းကိုဟောကြားတော်မူခဲ့သည်။
ဥပါဒန်နှင့်တကွဖြစ်သော ခန္ဓာငါးပါးသည်ဒုက္ခအမှန်ပင်ဖြစ်သည်။ ထိုဒုက္ခတို့သည်စွဲလမ်း
ခြင်းတဏှာကြောင့်ဖြစ်သည်။စွဲလမ်းခြင်းတဏှာဆိုသည်မှာ ကာမဂုဏ်တို့ကို စွဲလမ်းသောကာမတဏှာ၊ ဘ၀ကိုစွဲလမ်းသော ဘ၀တဏှာ၊ ဘ၀ပြတ်စဲလိုသောဝိဘ၀တဏှာဟူသော တဏှာသုံးမျိုးတို့ ဖြစ်သည်။
ယင်းတို့ကို အမှန်အတိုင်းသိရှိရန် မဂ္ဂင်ရှစ်ပါးတည်းဟူသော မှန်ကန်သည့်လမ်းစဉ်ကို
ကျင့်ကြံပွားများအားထုတ်ပါက ထိုစွဲလမ်းသော သမုဒယသစ္စာတဏှာတို့အကြွင်းမဲ့
ချုပ်ငြိမ်းသွားပြီး နိရောဓသစ္စာတည်းဟူသောနိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုခံစားနိုင်ကြမည်
ဖြစ်ကြောင်းဟောကြားလမ်းညွှန်တော်မှုခဲ့သည်။ မြတ်စွာဘုရားကိုယ်တော်တိုင် “အိုတဏှာတည်းဟူသော လက်သမား၊ သင့်ကိုငါသိပြီ၊ နောက်ထပ်ဘ၀ခန္ဓာအိမ်ကို တည်ဆောက်ခွင့်မပြုတော့”ဟုကျူးရင့်တော်မူခဲ့သည်။
ဤသို့မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် တရားတိုင်းသည်ဒုက္ခအကြောင်း၊ ဒုက္ခဖြစ်ရသည့်အကြောင်း၊ ဒုက္ခ၏လွတ်မြောက်ရာ နည်းလမ်းအကြောင်းနှင့် ဒုက္ခချုပ်ငြိမ်းခြင်းအကြောင်းတို့ကို နည်းမျိုးစုံဖြင့် သတ္တ၀ါတို့၏ အဇ္ဈတ္တသန္တာန်အလိုက်
ဟောကြားဆုံးမတော်မှုခဲ့သည်။ သံယုတ္တနိကာယ် အသင်္ခတသံယုတ်တွင် ပရိယာယ်ဝေါဟာရ
၃၃ ပုဒ်ဖြင့် နိဗ္ဗာန်နှင့်နိဗ္ဗာန်မျက်မှောက်ပြုကြောင်းတရားတို့ကိုဟောကြားတော်မူထားသည်။
နိဗ္ဗာန်ဆိုသည်မှာ မပြုပြင်အပ်သော အသင်္ခတတရားဖြစ်သည်။ရာဂ၊ ဒေါသ၊ မောဟတို့၏
ကုန်ရာသည် နိဗ္ဗာန်ဖြစ်သည်။ တဏှာကင်းရာ၊ အာသဝေါတရာကင်းရာ ၊ဘေးကင်းရာ၊ ရာဂကင်းရာ၊ လွတ်မြောက်ရာတို့သည်နိဗ္ဗာန်ပင်ဖြစ်သည်။ ဗောဓိပက္ခိယတရား ၃ရပါးသည်
အသင်္ခတဓာတ်ဟူသောနိဗ္ဗာန်သို့ရောက်သည့်လမ်းဖြစ်ကြောင်း ဟောကြားတော်မူသည်။ ဤသို့အားဖြင့် ပရိယာယ်ဝေါဟာရများအသုံးပြုကာ ဟောကြားတော်မူသည်ကို နားလည်သဘောပေါက်ထားရန် လိုအပ်သည်။
ဆက်ရန်>>>

Friday 5 September 2008

ကမ္ဘာစောင့်တရား နှစ်ပါး

ဟီရိသြတ္တပ္ပ တရားနှစ်ပါး၏ နက်နဲမှုကိုမြတ်စွာဘုရားသည် အလေးအနက်ထား၍ဟောကြားခဲ့ပါ၏။
ဤတရားနှစ်ပါးကို ကမ္ဘာစောင့်တရား ဟုလည်းခေါ်၏။
ဤတရားနှစ်ပါးသည် လောကကြီးအား စောင့်ရှောက်လျှက်ရှိသဖြင့်၎င်းတရားနှစ်ပါး ကိုလောကပါလတရားဟုလည်းခေါ်ဆိုကြ၏။
ဟီရိ သြတ္တပ္ပ သမ္ပန္နာ၊
သုက္ကဓမ္မ သမာဟိတာ။
သန္တော သပ္ပုရိသာ လောကေ၊
ဒေ၀ ဓမ္မာတိ ၀ုစ္စရေ။

ဟီရိ သြတ္တပ္ပ သမ္ပန္နာ =ဟီရိတရား၊ သြတ္တပ္ပတရားတို့နှင့်ပြည့်စုံကုန်သည်ဖြစ်၍-အရှက်အကြောက်နှစ်ပါးနှင့်ပြည့်စုံကုန်သည်ဖြစ်၍-၊
သုက္ကဓမ္မ သမာဟိတာ။ =ဖြူစင်သော ကုသိုလ်တရားကိုဆောက်တည်ကုန်သော၊
သန္တော =ကိုယ်နှုတ်နှလုံး အေးချမ်း ငြိမ်းသက်ကုန်သော
သပ္ပုရိသာ =သူတော်ကောင်းတို့ကို၊
လောကေ =လောက၌
ဒေ၀ ဓမ္မာတိ =နတ်တို့၌ ဖြစ်အံ့သော အကြောင်းတရားရှိကုန်၏ဟု
ဝုစ္စရေ = ဆိုအပ်ကုန်၏။
အရှက်အကြောက်တရားနှင့်ပြည့်စုံသည့်ကုသိုလ်တရားနှင့်ပြည့်စုံသော ကိုယ်နှုတ်နှလုံးအေးချမ်းငြိမ်သက်မှုရှိသည့် သူတော်ကောင်းပုဂ္ဂိုလ်တို့ကိုနတ်တို့၌ဖြစ်အံ့သော အကြောင်းရှိကြ
ကုန်၍ ဒေ၀ဓမ္မ ဟုခေါ်ဆို၏။
ဟီရိသည် အရှက်ရှိခြင်းဟူ၍အဓိပ္ပာယ်ရရှိ၏။ ဤအဓိပ္ပာယ်မှာလူသည်--
♦ ကာယကံမြောက် မကောင်းမှုပြုရမည်ကိုရှက်ခြင်း၊
♦ ၀စီကံမြောက် မကောင်းမှုပြုရမည်ကိုရှက်ခြင်း၊
♦ မနောကံမြောက် မကောင်းမှုပြုရမည်ကိုရှက်ခြင်း၊
တို့ဖြစ်၏။
ဟီရိသည်မကောင်းမှုကို ရွံ့ရှာစက်ဆုပ်ခြင်း လက္ခဏာရှိ၏။ အရှက်ရှိသူသည်မကောင်းမှုကို မစင်ပုပ်ကဲ့သို့ ရွံ့ရှာစပ်ဆုပ်၏။ အရှက်ရှိသူသည်စင်ကြယ်သန့်ရှင်းသော သဘောရှိ၏။ အတွင်းစိတ် အဇ္ဇုတ္တ္က၌ ဟီရိတရား- အရှက်တရား ကိန်းအောင်းနေသူသည် မကောင်းမှုဒုစရိုက်အားလုံးကို ရွံရှာစက်ဆုပ်၏။
မည်သူ့တစ်စုံတရာ၏ တိုက်တွန်းမှုမပါဘဲ တစ်ခုခုကိုစိုးရိမ်ကြောက်လန့်၍ မဟုတ်ဘဲ မိမိဘာသာမိမိအကုသိုလ်တရားဟူသမျှကိုရှက်တတ်သော သဘောသဘာဝရှိ၏။ ရိုသေထိုက်သူကိုရိုသေ၏၊
ရိုသေထိုက်သူ၏ စကားကိုရှေးရှုနာခံတတ်သော သဘောရှိ၏။ ဤသည်ကို ဟီရိ အရှက်ရှိသည်ဟုခေါ်ပါ၏။
သြတ္တပ္ပဟူသည်မှာ ကြောက်ခြင်းဟု အဓိပ္ပာယ်ရှိ၏။ သြတ္တပ္ပကြောက်ခြင်းဟူသော အဓိပ္ပာယ်မှာ---
♦ ကာယကံမြောက် မကောင်းမှုပြုရမည်ကို ကြောက်ခြင်း။
♦ ၀စီကံမြောက် မကောင်းမှုပြုရမည်ကို ကြောက်ခြင်း။
♦ မနောကံမြောက်မကောင်းမှုပြုရမည်ကို ကြောက်ခြင်းတို့ဖြစ်၏။
သြတ္တပ္ပသည် မကောင်းမှုတို့ကိုပြုလုပ်ရန်အတွက် ကြောက်ရွံ့ထိတ်လန့်သည့်လက္ခဏာရှိ၏။ မည်ကဲ့သို့ ထိတ်လန့်သနည်းဟုဆိုပါက အချမ်းကိုလိုသူသည် အပူကိုကြောက်သကဲ့သို့ မကောင်းမှုဟုဆိုပါက ကြောက်ရွံ့
ထိတ်လန့်၏။သြတ္တပ္ပတရားသည် အပြင်အပ ဗဟိဒ္ဓသဏ္ဌာန်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာ၏။ အကြောက်တရားသည် သူတစ်ပါးဟူသောအပြင်လောကကြီးကို အကြီးအမှုးထား၍ဖြစ်ပေါ်လာ၏။ါသည်သူတစ်ပါးပစ္စည်းကို ခိုးပါကထောင်ကျမည်၊ ငရဲကြီးမည်။ ထောင်ကျခံရမည်ကိုကြောက်ခြင်းစသည့်
ဗဟိဒ္ဓသဏ္ဌာန်များကို အကြောင်းပြု၍ ကြောက်ခြင်းဖြစ်၏။
ဤအရှက်အကြောက် တရားနှစ်ပါးလုံးတို့သည် အရှက်အကြောက်ရှိသူ၏စိတ်ကို အမြဲထာဝရလွှမ်းမိုး အုပ်စိုး၍ထား၏။မကောင်းမှု ဒုစရိုက်များကိုပြုလုပ် ကျုးလွန်ခွင့်မရ။ပြုလုပ်ချင်စိတ်များကို ဟန့်တားပိတ်ပင်ထိန်းသိမ်း၍ ထားတက်သောကြောင့် ...မိမိတို့တတွေသည်လည်း..ဟိရိသြတ္တပ္ပတရားကို
လက်ကိုင်ထား၍...ဘာဝနာကောင်းမှု၊ သီလကောင်းမှုတို့ဖြင့် ရှေ့ဆက်ရမည့်ဘ၀လမ်းကိုပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်းနဲ့လျှောက်လှမ်းကြပါစို့လို့
တိုက်တွန်းရေးသားလိုက်ရပါသည်။

Thursday 4 September 2008

အမုန်းထွားရင် အရှုံးများမယ်

ဒေါသလွမ်းမိုးနေတဲ့သူအတွက်
မပြောရဲတဲ့စကား၊
မပြုရဲတဲ့အလုပ်ဆိုတာ
တစ်ခုမျှမရှိတော့ပါဘူး။
ဘာမဆို ပြောရဲ၊ ဘာမဆိုပြုရဲပါတယ်။
ဒါပေမဲ့ ဒေါသလွမ်းမိုးနေသူရဲ့သန္တာန်မှာ
အသိဥာဏ် အမှောင်ကျပြီး
မပြောသင့်တာကိုပြောသင့်တယ်ထင်၊
မပြုသင့်တာကို ပြုသင့်တယ်
ထင်နေတဲ့အတွက်
သူပြောလိုက်သမျှ၊ သူပြုလိုကိသမျှ
အရာအားလုံးဟာ
အပြောမှား ၊ အပြုမှားတွေချည်းပဲ
ဖြစ်နေတတ်ပါတယ်။
အပြောမှား၊ အပြုမှားတွေရဲ့
လက်ဆောင်ကတော့
ဒေါသမထွက်ရင် ရမယ့်
ကောင်းကျိုးချမ်းသာတွေ
လက်လွတ်ဆုံးရှုံးသွားရခြင်းပါပဲ။
ဒေါသက အခြေခံတဲ့
အပြောမှား ၊ အပြုမှားတွေကြောင့်
စည်းစိမ်ဥစ္စာ၊ ရာထူးအာဏာ၊
အောင်မြင်ကျော်ကြားမှု၊ ဂုဏ်သိက္ခာကြီးမှု
ချစ်သူခင်သူ၊ မိတ်ကောင်းဆွေကောင်း
အစရှိတဲ့.....
ပစ္စုပ္ပန်ကောင်းကျိုးချမ်းသာတွေ
တစ်မျိုးမဟုတ်တစ်မျိုး
လက်လွတ်ဆုံးရှုံးရပါတယ်။
အသေအချာဆုံး ဆုံးရှုံးမှုကတော့
စိတ်အေးချမ်းသာမှု၊ စိတ်အေးချမ်းမှုပါပဲ။။

(အရှင်ဆန္ဒဓိက)

Tuesday 2 September 2008

သူ့ကံတရားနဲ့ သူပါပဲ

မေတ္တာနဲ့
ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
သူရတာ မဟုတ်ယ သူ့ကံရှိမှ သူရတာ၊
ဂရုဏာနဲ့
ကိုယ်ဆင်းရဲလွတ်စေချင်တိုင်းလည်း
သူလွတ်တာမဟုတ်.
သူ့ကံရှိမှ သူလွတ်တာ၊
မုဒိတာနဲ့
ကိုယ်ချမ်းသာမြဲစေချင်တိုင်းလည်း
သူမြဲတာမဟုတ်.
သူ့ကံရှိမှ သူမြဲတာလို့
သူနဲ့ကံတရား၊ ကံတရားနဲ့သူ
အကြောင်းအကျိုးဆက်စပ်ပြီး
လည်ပတ်နေတာကို
အမြဲဆင်ခြင်ဥာဏ် သက်ဝင်ပြီး
ထာဝစဉ်ကံသတိ၊
ကံအသိရှိနေမယ်ဆိုရင်
ကိုယ်ဖြစ်စေချင်တိုင်းဖြစ်မလာလို့
မကျေမနပ်ဖြစ်ရတာတွေ
ဝမ်းနည်း ပန်းနည်းစိတ်ဆင်းရဲရတာတွေ
ရှိမှာ မဟုတ်တော့ပါဘူး။။
(အရှင်ဆန္ဒာဓိက)

Saturday 30 August 2008

သြ၀ါဒများ

အလုပ်တွေ ရှုပ်နေတာလား၊ အရှုပ်တွေလုပ်နေတာလား....

ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေလုပ်နေတာက

အလုပ်တွေ ရှုပ်နေတာလို့ ပြောနိုင်ပါတယ်။

ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်ဘဲ အလုပ်မဟုတ်ပါဘဲနဲ့

ဘ၀သံသရာ ကိုယ့်နောက်မပါမယ့် အလုပ်တွေချည်း လုပ်နေတာက

အရှုပ်တွေ လုပ်နေတာ....။

( အရှင်အာစာရ လင်္ကာရ)

စိတ်ရဲ့ပုံရိပ်

ကိုယ့်ဘ၀ရဲ့ ပူလောင်မှု၊ ငြိမ်းအေးမှုကို

ကိုယ့်စိတ်ကပဲ ဖန်တီးတယ်...

စိတ်ကပူလောင်ရင် ဘ၀ပူလောင်တယ်...

စိတ်ငြိမ်းအေးရင် ဘ၀အေးငြိမ်းမယ်...

ဘ၀ဆိုတာ စိတ်ရဲ့ပုံရိပ်ပါ..

ဘ၀ဆိုတာ စိတ်ရဲ့ကိုယ်တိုင်ရေးပုံတူ

ပန်းချီကား တစ်ချပ်ပါ...

(အရှင်ဆန္ဒာဓိက)

Tuesday 26 August 2008

ဗုဒ္ဓအလိုကျ ဒါနပြုခြင်း

ဗုဒ္ဓအလိုကျ ဒါနပြုနည်းဖြစ်အောင် အင်္ဂုတ္တိုရ်ပါဠိတော်လာ သပ္ပုရိသဒါနသုတ်ကို လေ့လာကြရမည်။ မြန်မာပြန်လျှင်
သူတော်ကောင်းတို့ ပြုသောဒါနဟု အဓိပ္ပာယ်ရသည်။ အင်္ဂါငါးချက်ရှိသည် ယင်းတို့မှာ...

ရတနာသုံးပါးကိုကြည်ညိုခြင်း
အလှူခံပုဂ္ဂိုလ်ကို ရိုသေခြင်း
လိုအပ်သောအရာကို လှူခြင်း
လှူပြီးဝတ္တုကို မစွန်းငြိခြင်း
မိမိအလှူအတွက် သူတစ်ပါးကို မထိခိုက်ြခင်းတို့ ဖြစ်ပေသည်။

ဆောင်ပုဒ်။ သဒ္ဓါကြည်ညို ရိုသေလှစွာ
အခါကိုသိ၊ မစွန်းငြိဘဲ
မထိမပါး၊ ဤငါးပါး
မှတ်သားသပ္ဒုရိသ
မြတ်ဒါန။
ဒါနတောဘောဂ၀ါ= ဟူသော ဒေသနာအတိုင်းဒါနပြုသူမှန်သမျှ ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများမည်ကား ဧကန်ပင်ဖြစ်၏။ ဧကန်ပင်ဖြစ်၏ ဖော်ပြပါအင်္ဂါငါးချက်နှင့်ညီအောင် လှူဒါန်းနိုင်လျှင် ပစ္စည်းဥစ္စာ ပေါများချမ်းသာ
သည့်အပြင် အကျိုးထူးငါးမျိုးကိုလည်း ပိုမိုရနိုင်ပေသည်။
သဒ္ဒါကြည်ရွှင် ၊ လှူဒါန်းလျှင်
ရုပ်သွင်အဆင်းလှ။
ရတနာသုံးပါးကိုကြည်ညိုသော သဒ္ဒါဓာတ်များများဖြင့် ပေးလှူခဲ့လျှင်ဖြစ်ရာဘ၀တွင် ချမ်းသာသည့်အပြင်
ရုပ်ရည်ချောမောခြင်း ဟူသောအကျိုးထူးတစ်ခုကို ပိုမိုခံစားရပေသည်။ ယခုခေတ်တွင်လည်း တစ်ချို့သူဌေးများ၊
ပစ္စည်းဥစ္စာလည်း ပေါများခ်ျးသာသည်။ ရုပ်လည်းချောမောလှပေသည်။
တစ်ချို့သူဌေးများကား ပစ္စည်းဥစ္စာချမ်းသာ သော်လည်းအရုပ်ဆိုးအကျဉ်းတန်ကြသည်။ ဤသည်ယခင်ဘဝ
ဒါနပြုကြစဉ်အခါတုန်းက ရတနာသုံးပါးကို ကြည်ညိုခြင်း၊မကြည်ညိုခြင်းဟူသောအချက်ကကတ္တား ခြားပေးခြင်းသာ ဖြစ်ပါသည်။
ရိုသေလှူငြား ၊သူ့စကား
အများနာယူကြ။

အလှူခံပုဂ္ဂိုလ်ကို ရိုရိုသေသေလှူဒါန်းလျှင် ပစ္စည်းဥစ္စာ ပေါများချမ်းသာသည့်အပြင်သြဇာအာဏာညောင်းခြင်း၊
ထင်ပေါ်ကျော်ကြားခြင်းဟူသော အကျိုးထူးကို ပိုမိုရရှိသည်။ ဇေတ၀န်ကျောင်း ဒကာ၊ အနာသပိဏ်ဟုဆိုလျှင်
ဗုဒ္ဓဘာသာတိုင်းလိုလိုသိသည်။ ပုဗ္ဗောရုံကျောင်း အမ၀ိသာခါဆိုလျှင်လည်း ထိုနည်းတူပင်။
တကယ်တော့ သူတို့နှစ်ယောက်သည် အိမ်ထောင်သည်များဖြစ်ကြ၏။ ဇေတ၀န်ကျောင်းကို အနာသပိဏ်ရော
သူ့ဇနီးရော နှစ်ယောက်လုံးက လှူဒါန်းကြခြင်းဖြစ်သည်။ ပုဗ္ဗောရုံကျောင်းတိုက်ကိုလည်း ၀ိသာခါရော၊ သူ့ခင်ပွန်းရော နှစ်ယောက်စလုံး လှူဒါန်းခဲ့ကြသည်သာဖြစ်၏။ သို့ဖြစ်ပါလျှက်နှစ်ပေါင်း ၂၅၄၆နှစ်ကျော်လာသည်အထိ အနာသပိဏ်သူဌေးနှင့် ၀ိသာခါတို့၏နာမည်သာလျှင်ထင်ရှားလျှက်ဂှိပြီး သူတို့ပါရမီဖြည့်ဖက်များနာမည်ကား အဘယ်ကြောင့်လူသိနည်းရသနည်း။
အဖြေကား ဒါနပြုကြစဉ်အခါတုန်းက ၀ိသာခါနှင့် အနာသပိဏ်တို့က သက္ကစ္စဒါနအားကောင်းခဲ့ပြီး သူတို့ပါရမီဖြည့်ဖက်များက သက္ကစ္စဒါနအားမကောင်းခဲ့သောကြောင့်ပါတည်း။ အနာသပိတ်သူဌေး၏ ဇနီးသည်အမည်ကို ပုညလက္ခဏဒေ၀ီဟုခေါ်၍ ၀ိသာခါ၏ခင်ပွန်းအမည်ကို ပုဏ္ဏာဝပုန ဟုခေါ်ပါသည်။။။။

Monday 25 August 2008

ဆရာကြီးဦးရွှေအောင်၏ ဓမ္မပဒ

ဒါန
ဒါနဟူသည် ပြုလုပ်ရလွယ်ကူသော်လည်း အသိဥာဏ်ယှဉ်သူများအတွက်ကြီးမားသော အကျိုးအာနိသင်ရှိ၏။
ဒါနသည် နှမြောခြင်း'မစ္ဆရိယ' ကိုကျော်လွန်ပြီး ၊လိုချင်ခြင်း 'လောဘ'ကိုပယ်သတ်နိုင်မှသာ ပေးလှူနိုင်ခြင်းမျိုး
ဖြစ်သဖြင့် ပါရမီဆယ်ပါးတွင် ပထမဦးဆုံးလာသော ပါရမီဖြစ်သည်။
(ဒေ၀ဒတ်ဝတ္တု)

ပညာပါရမီမရင့်သေးသူတို့၏ ခံယူချက်နိယာမ

'လှုမှုရေးရာ အဖြာဖြာ၌ ပညာသည် ပဓာနမကျ၊ ခံစားမှုသည်သာ ပဓာနကျ၏၊ လောကုတ္တရာရေးရာ အဖြာဖြာ၌ကား ခံစားမှုသည်ပဓာနမကျ၊ ပညာသည်သာ ပဓာနကျ၏' ဟူ၍ အဆိုအမိန့်ရှိလေရာ၊ တစ်ခါတစ်ရံ
ပုထုဇဉ်တို့သည် အချို့သော ကိစ္စများ၌မလုပ်သင့်မှန်းသိပါလျှက် မခံချင်သောစိတ် ၊ခံစားချက် ပြင်းထန်သောစိတ်ဖြင့်ဇွတ်လုပ်တတ်ကြ၏ ။ ဖြစ်ချင်ရာဖြစ်ဟု သဘောထားတတ်ကြ၏။ ဤသည်မှာပညာပါရမီ မရင့်သေးသူတို့၏ ခံယူချက်နိယာမတည်း
(ဒေ၀ဒတ်ဝတ္တု)

Saturday 23 August 2008

ဓမ္မဆောင်ပုဒ်များ(၂)

တရားတိုးတက်ကြောင်း (၇)ပါး

ကိစ္စမများ၊ အအိပ်ပါး၍ ၊စကားလည်းနဲ၊ ဖော်ရှောင်
လွှဲလျက်၊ မတွဲမိတ်ဆိုး၊ လိုဆိုးကင်းလတ်၊ ပြီးမသတ်ဘဲ
မရပ်မနား၊ ရှုမှတ်ငြား၊ တရားမြန်မြန်ရမည်တည်း။။ ( ဒီ ၂။ ၆၆)

တရားဆုတ်ယုတ်ကြောင်း (၇)ပါး

ကိစ္စထွေပြား ၊အအိပ်များ၍၊ စကားလည်းပြော၊
ဖော်မက်မောလျက်၊ ဆိုးသောမိတ်ရှိ၊ လိုဆိုးပြည့်၍၊
မိမိတရား၊ မပြီးငြားဘဲ၊ စိတ်အားလက်လျှော့၊
အိမ်ပြန်ပေါ့၊ ဘယ်တော့ တရားရမည်နည်း။။

ပဓာနိယင်္ဂတရား (၅)ပါး

ယုံကြည်ကျန်းမာ၊ ဖြောင့်မှန်စွာ၊ ပညာ ၀ီရိယ။
ယောဂီအင်္ဂါ၊ ဤငါးဖြာ၊ သေချာမှတ်ပါကြ။
အင်္ဂါငါးပါး၊ ပြည့်စုံငြား၊ တရားသေချာရ။
အင်္ဂါငါးပါး၊ မစုံငြား၊ တရားမှန်မရ။

သောတာပန်ဖြစ်ကြောင်း (၄)ပါး

သူတော်သူမြတ်၊ ဆည်းကပ်မှန်စွာ။
သူမြတ်တရား၊ နာကြားသေချာ။
သင့်အောင်စိတ်ထား၊ တရားကျင့်ရာ။
သောတာစစ် ၊ဖြစ်ဖို့ကြောင်းလေးဖြာ။

ဗဟ္မ၀ိဟာရ=ဗြဟ္မစိုရ်တရားလေးပါး

မေတ္တာ =သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်။
ကရုဏာ =ဆင်းရဲသော သတ္တ၀ါကိုသနားကြင်နာခြင်း။
မုဒိတာ =သူတပါး ကြီးပွားချမ်းသာသည်ကို ၀မ်းသာခြင်း။
ဥပေက္ခာ=မိမိကံအလျှောက် ဖြစ်ကြရတာပဲဟု အလယ်အလတ်သဘောထားခြင်း။

မေတ္တာပို့

သဗ္ဗေသတ္တာ =သတ္တ၀ါမှန်သမျှ
အဝေရာ ဟောန္တု=ဘေးရန်ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု= စိတ်ဆင်းရဲကင်းကြပါစေ။
အနီဃာ ဟောန္တု= မိမိကိုယ်ကို ချမ်းသာစွာဆောင်နိုင်ကြပါစေ။ (မေတ္တာပို့)
ဒုက္ခာ မုစ္စန္တု =ဆင်းရဲခြင်းမှလွတ်ကင်းကြပါစေ။။ (ဂရုဏာပို့)
ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =ရပြီးသားစည်းစိမ် ချမ်းသာမှ မကင်းကွာ မယုတ်လျော့ကြပါစေနှင့်။ (မုဒိတာပို့)
ကမ္မဿကာ =မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြပါတကား။
(ဥပက္ခာပွား)
ဒါယကာကျင့်ဝတ် (၅)ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွှက်ချစ်ကြဉ်၊ ခင်မင်နှုတ်ချို ၊လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ၀တ်အားထွေ၊ ပြုလေ ဒါယကာ၊

ဥစ္စာပျက်ကြောင်း (၆)ပါး

သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊
မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။။

AM

Thursday 21 August 2008

ဓမ္မဆောင်ပုဒ်များ(၁)

ကောင်းမှု

ဘ၀ပေါင်းစု၊ သောင်းအထုတွင်၊ ကောင်းပြုကောင်းပြော၊ ကောင်းသဘောနှင့်၊ ကောင်းသောနှလုံး၊ တဖြောင့်သုံး၍
သက်လုံးစင်ဖြူ ၊ထိုသည့်သူကား၊ "ငါမှုကောင်းမှု၊ အစုစုကို၊ ဆည်းပြုခဲ့မိ၊ ရတော်ဘိ"ဟု၊ မိမိပြုမှု၊ သန့်စင်ဖြူ၍၊ ပြစ်မြူမနှော၊ ဤသဘောကို၊တွေးတောမိတိုင်း၊ ပီတိလှိုင်းဖြင့်၊ ယှက်သိုင်းရစ်လည်၊ ချမ်းမြေ့ကြည်လျှက်၊ ဤသည်ဘ၀၊ နောင်ဘ၀နှင့် ဘ၀ဆက်ဆက်သံသာစက်တွင်၊ စိတ်လက်ကြည်သာ ရုပ်လန်းဖြာ၍ ၊ ချမ်းသာကောင်းကျိုး ဒီရေတိုးသို့၊ ဖွဲ့ဖြိုးကြီးကျယ် ပွင့်လန်းကြွယ်သည်၊ ထက်ဝယ်နတ်ထံစံဖို့တည်း။။။

မကောင်းမှု

ဘ၀စုစု၊သံသာထုတွင်၊ အပြုအပြော ၊သဘောမဖြူ၊ ထိုသည့်သူကား၊ "ငါမှုမကောင်း၊ မှုအပေါင်းကို၊ ရင့်ညောင်းကြာရှည်၊ ပြုမိသည်မှာ၊မှားခဲ့စွာ" ဟု၊ကိုယ့်ဟာကိုယ်ပြု၊ ပြစ်သောင်ထု၏၊ ညစ်ကျုဖြစ်တုံ၊ အိုးမလုံက၊ အအုံပွင့်ရာ၊ ဆိုပမာသို့၊ မသာနှလုံး၊မရွှင်ပြုံးနိုင် ။သောကလှိုင်လျက်၊ သည်းဆိုင်ကြွေမျှ ၊ညှိုးခွေလျ၍၊ စိတ်ကမလန်း၊ ရင်ညှိုးနွမ်းလျက်၊ ပင်ပန်းရိရှား၊ အောက်လမ်းသွားသည်၊ လေးပါးအပါယ်ဖြောင့်ဖြောင့်တည်း။။

ဓမ္မကြေးမုံ

သန့်ရှင်းကြည်လင်၊ ကြေးမုံပြင်ဝယ်၊ သင့်သွင်ရူပ၊ လှမလှကို၊ နေ့ညမရွှေး၊ ကြည့်စစ်ဆေး၍
၊ယင်ချေးမှဲ့ပြောက်၊ ၀က်ခြံပေါက်နှင့်၊ ညှင်းပြောက်တင်းတိတ်၊ ဖုအကျိတ်ကို၊ ဆေးသိပ်ပယ်ရှား၊ ပမာလားသို့၊
မြတ်ဖျားဗုဒ္ဓ၊ ဟောညွှန်ပြသည့်၊ ဓမ္မကြည်လင်၊ ကြေးမုံပြင်ဝယ်၊ သင့်သွင်မန စိတ်အလှကို၊ နေ့ညမရွေး၊ တင်စစ်ဆေးလော့၊ ညစ်ကြေးကိလေတွေ့ခဲ့ပေသော်၊ ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ မလင့်မကြာ၊ သင့်ခန္ဓာသည်၊ ချမ်းသာဖုံးလိမ့်မှန်စွာတည်း။

ဘ၀င်မမြင့်နှင့်

ပညာကင်းဘိ၊ မနှိုင်းညှိဘဲ၊ ဇာတိပုသ။ မဟတ္တဖြင့်၊မာနအရာ ၊ကဲမိုးစွာလျက်၊ ငါသာမင်းဟူ၊ပဇာတူဟု၊ အယူမောက်ကြွား၊ မထောင်လွှားနှင့်၊ တောင်ကားမြင့်ကြီး၊ မီးကားရှိန်ပူ ၊သံမူမာကျော၊ ဘက်မဲ့သောဟု ၊ရေကြော
သတ္တိ၊ မသိ၍သာ၊ ကြိမ်းပရာသို့၊ပမာပုံမှီး၊ မာန်မှုကြီး၍၊ တောင်မီးသံလား၊ မကြုံဝါးလင့် ၊ရေအားကြုံတွေ့၊ ၀ဲဟုန်မွှေ၍၊ တိုက်ဝှေ့သောခါ၊ မကြာမတင်၊ အလျင်သဖြင့်၊ တောင်မြင့်မီးပူ၊သံမာမူလည်း ၊မြူသာဖြစ်၍ စင်စစ်ကြွေမွ၊ ပျောက်ပျက်ရ၏။။ (မဃဒေ၀၊၂၀၃)

Wednesday 20 August 2008

သင်ကောဘယ်လိုလူစားလဲ

လူတွေလူတွေ တူရာစုပြီး အုပ်စုခွဲခြား စိစစ် ကြည့်လိုက် ရင်တော့များများစားစားမရှိပါဘူး၊တိတိကျကျရေတွက်ကြည့်လိုက်ရင် လူလေးမျိုးလေးစားပဲ ရှိပါတယ်။ အောက်ပါအတိုင်းပဲ ဆိုပါစို့-
၁။ ကံအလွန်ကောင်းသူများ၊
၂။ ကံကောင်းသူများ၊
၃။ ကံဆိုးသူများ၊
၎။ အလွန်တရာ ကံဆိုးရှာလွန်း
တဲ့ လူများ။
ကံအလွန်ကောင်းသူများကတော့ဓမ္မဆိုတဲ့တရားရဲ့အဆုံးအမကို နားဝင်လက်ခံယုံကြည်သူတွေပဲ၊ သူတို့ဟာအကုသိုလ်ဒုစရိုက်တရားတွေ ကင်းစင်နည်းပါးပြီး လောကကောင်းကျိုး၊လောကလူသားများရဲ့အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကိုသာရှေးရှုလုပ်ဆောင်ကြတဲ့ လူစားတွေ။ တရားနဲ့အညီနေထိုင်တယ်၊ တရားနဲ့အညီ ကျင့်သုံးတယ်။ တရားရဲ့ အဆုံးအမတွေကိုသက်ဝင်ယုံကြည်တဲ့အတွက် မတရားတာမလုပ်ဘူး၊ မသမာမှုကိုရှောင်ကြဉ်တယ်။ မမှန်တာမလုပ်ဘူး၊ မဟုတ်တာကိုမပြောဘူး၊ သူတစ်ဖက်သားကို တမင်ထိခိုက်နစ်နာအောင် မပြုလုပ်ဘူး။သူ့ရည်ရွယ်ချက်ကလောကကောင်းကျိုး သယ်ပိုးဖို့ရန် ဖြစ်ပါတယ်။ သူ့အပြုအမူတွေက နူးညံ့ပျော့ပျောင်းတယ်။ မေတ္တာဓာတ်ပါတော့အေးမြတယ်။ သူက လူတစ်ဖက်သားကို ကြင်နာမှု၊ စာနာမှု၊ ငဲ့ညှာမှုနဲ့သာဆက်ဆံတယ်။ တိုးတက်အောင် ကူညီမှု၊ ဖြည့်ဆည်းမှု၊ အားပေးမှုတွေနဲ့လက်တွဲတယ်။
သူတို့ဟာ လုပ်သမျှ အောင်မြင်ခဲ့တာပဲ။သူတို့က ကံအကောင်းဆုံး လူစားတွေ။ဒုတိယ ကံကောင်းသူအမျိုးအစား
လူတွေက တရားဓမ္မကို သိသူ၊ သိကြပါတယ်။ ကြားဖူးနားဝ ရှိသူလည်းရှိကြပါတယ်။ သူတို့က တရားဓမ္မကို
သိပေမယ့် ကျင့်တော့ အပြည့်အဝမကျင့်နိုင်ကြဘူး။ ဒါပေမယ့် ဖောက်ဖျက်ကြသလား ဆိုပြန်တော့လည်း
မဖောက်ဖျက်ကြ၊ မကျူးလွန်ကြ။သူတို့က ဝါရိတ္တသီလ၊ စာရိတ္တသီလတို့ကိုတော့ အလေးအနက်ထားတယ်။
မသတ်ဘူး။မခိုးဘူး၊ မဝှက်ဘူး၊ မလုယက်ဘူး။အရက်သေစာ မသောက်စားပါဘူး။မုသားမပြော။ သူများသားမယားကို မပြစ်မှား။ဝေနေယျာအများအပေါ် မေတ္တာထားပါတယ်။
ဒီလူတွေဟာ ကံကောင်းတတ်ကြတယ်။ ဘဝမှာဆိုးဆိုးရွားရွားပြင်းပြင်းထန်ထန် လိမ့်လဲသွားအောင် မကြုံကြ
ရပါ။ သင့်တင့်မျှတစွာ အေးချမ်းသာယာစွာ နေရတယ်။တတိယလူစု။ကံဆိုးသူတွေ။
လူပေ၊ လူတေ၊ လူပွေ။ လောကကြီးမှာ ပျော်သလိုနေမယ်။ သူတို့မှာဘုရားမသိ၊ တရားမရှိ၊ သံဃာမရှိ။
သူထင်ရာသူလုပ်တယ်။ သူ့စိတ်နဲ့တွေ့ရင် ကောင်းတယ်။ သူမထင်ရင်မထင်သလို ပြုမူတယ်။ မူမရှိဘူး၊
တရားဓမ္မဆိုတာ ကျင့်သုံးလိုက်နာစရာလို့ နားမလည်ဘူး။ ဓမ္မနဲ့ ကြာလေဝေးတော့ အဓမ္မသမားတွေ ဖြစ်လာ
တယ်။ ခက်ထန်လာတယ်၊ ကြမ်းတမ်းလာတယ်။ရက်စက်ဖို့လည်းဝန်မလေး။တွေးကြည့်ရင်တော့ ကြက်ဟင်းခါးသီးကို စိုက်ခဲ့ကြလို့ သူတို့ဘဝ အခါးသီးတွေ စားနေကြရတာ။ ဘဝရဲ့ ခါးသီး
ကြမ်းရှမှုတွေကြောင့် သူတို့က ပိုမိုယုတ်မာပက်စက် လာကြပြန်ပါရော။
တရားဓမ္မ လမ်းမှန်ပြမယ့်သူနဲ့ မနီးသမျှ ဒီလူစားတွေရဲ့ဘဝဟာ ရေဝေးကြာလို နွမ်းသွေ့ကြရရှာမှာပဲ။ ကြက်
ဟင်းခါးပင်စိုက်ပြီး စပျစ်သီးစားချင်လို့တော့ဘယ်ရမှာလဲ။ မိမိစိုက်တာနဲ့အညီ ဘယ်သူမဆို ကိုယ်စိုက်ပျိုးတဲ့
အသီးကိုသာ ဆွတ်ခူးကြရစမြဲ မဟုတ်ပါလား။လူဖြစ်လာရ လူ့ဘဝ၊ကံအဆိုးဆုံးပေတာတုံးတဲ့ လူသားတွေ ရှိပေသေးတယ်။ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုတဲ့ စကားရှိတယ်။ လူ့ဘဝဟာ ရခဲတယ်။ လူ့အဖြစ်ဟာရဖို့ရာတော်တော်ခဲယဉ်းတယ်။ လူဖြစ်လာရင် လူ့လောကကောင်းကျိုးကိုတော့ ပြုသင့်
တာပေါ့။ အဲဒါ ကုသိုလ်ခေါ်တယ်။ကောင်းမှုလေ။မပြုချင်လည်းနေ။ဖျက်ဆီးရင်တော့ အကုသိုလ်
ဆိုက်ပြီ။လောကကောင်းကျိုးကို အလုံးစုံပျက်သုဉ်းသွားအောင်ချေမှုန်းတိုက်ဖျက်ပစ်မယ် ကြုံးဝါးပြီး လုံးလုံးကြီးမှားပြီဆိုရင်တော့ လူဖြစ်လာတဲ့ အတိတ်ကံကို မိမိကိုယ်တိုင် အမြစ်ကိုတူးဖြိုပြီး
မိုက်မဲတာနဲ့ အတူတူပါပဲ။ လွဲသွားပြီ။ပင်စည်လဲတော့မည်။ အကိုင်းအခက်တွေ ထင်းဖြစ်ရတော့မည်။
အရင်းလဲရင် အဖျားထင်းဖြစ်ဆိုတဲ့ စကားပုံဆိုရိုးစကားဟာ ဒီလိုလူစားတွေအတွက် ထားခဲ့တာ။ ကိုယ်
ခိုနားတဲ့အရိပ်ရဲ့ အခက်ကို ချိုးပြီဆိုမှတော့ နေထိုးပြီပေါ့။ အရိပ်အကိုင်းကို ခုတ်ချင်တာကိုး။ ဘဝဟာ
ပူလောင်ရမှာပဲ။မိုက်မဲမှုရဲ့ ဒဏ်ကို ဘယ်သူမပြုမိမိမှု ခံစားရပေလိမ့်မယ်။ လောကရှိ
လူသားတိုင်းမှာပြုကျင့်အပ်တဲ့ဝတ္တရားနှစ်ရပ်ရှိပါတယ်-
-ဗဟုဇနဟိတာယ၊ လူအများကောင်းကျိုးကိုဆောင်ရန်။
-ဗဟုဇနသုခါယ၊ လူအများရဲ့ချမ်းသာရေးကို ဆောင်ကြဉ်းပေးရန်တို့ဇြစ်တယ်။
လူသားတချို့ရဲ့မိုက်မှားရိုင်းစိုင်းမှုကြောင့်ကမ္ဘာ့စစ်ကြီးတွေ၊ဒေသန္တရစစ်တွေ၊ သွေးပင်လယ်ဝေအောင်
ဖြစ်ခဲ့ကြပြီ၊ ဖြစ်နေကြဆဲ။ လူတချို့ရဲ့ တစ်ကိုယ်ကောင်း အတ္တဆန္ဒကြီးမားပြင်းထန်မှုကြောင့် ဘာမဆို
အရာရာကို အကောင်းတစ်ခုမှမမြင်၊လုံးဝဥဿုံ ပျက်သုဉ်းရေးသို့သာနှစ်ပေါင်းများစွာ ခေါင်းမာမာနဲ့
မိုက်မဲနေတာမျိုးတွေလည်း ရှိတတ်တာပါပဲ။

ယံကမ္မံကရိဿာမိ
ကလျာဏံ ဝါ ပါပကံ ဝါ
တဿဒါယဒေါ
ဘဝိဿာမိဘိ။

အကြင်၊ ကောင်းသော ကံကိုပြုပါကကောင်းကျိုးရ၏။ မကောင်းသောကံကိုပြုပါကမကောင်းကျိုးရ၏
လို့ ဘုရားရှင်က အဘိဏှသုတ္တန်မှာဟောကြားတော်မူတယ်။ကောင်းကျိုးပြုမှ ကောင်းကျိုးရပေမယ်။
နိုင်ငံတကာ အခြေအနေတွေကိုကြည့်ရင် အကောင်းအဆိုး၊ အကြောင်းအကျိုးတွေ မြင်ရ
ပါမယ်။ ကောင်းတဲ့အပြုအမူတွေကို လုပ်မှ ကောင်းကျိုးမုချရမယ်။မကောင်းတဲ့ အကုသိုလ် ဒုစရိုက်
တရားတွေကို စွန့်ပယ်ဖယ်ရှားရပါမယ်။ အချိန်တန်ပြီ။လောဘမလွန်ကဲစေနဲ့။ ဒေါသကို ထိန်းပါ။ အဝိဇ္ဇာ မောဟကိုဝိဇ္ဇာဖြစ်အောင် တရားဓမ္မနဲ့ နီးစပ်
ဖို့ရာ ကြိုးစားပါ။ ကံဆိုးသူဟာကံကောင်းသူ ဖြစ်လာမယ်။ ကံကောင်းသူဟာ ကံအကောင်းဆုံးလူ
ဖြစ်လာမယ်။ ကံတရားကို လူကပြုပြင်လို့ရတယ်။ ကံကိုလူက စီမံတာပါ။ ကံက လူကို ဖန်တီးစီမံတာ
က မိမိရဲ့ စေတနာအရ တုံ့ပြန်ရရှိတာ ပြောခြင်းပါ။စေတနာကောင်းရင် ကံကောင်းတယ်။ စေတနာမှန်
ရင် ကံမြင့်မယ်။ စေတနာချမ်းသာမှကံချမ်းသာပါလိမ့်မယ်။ လောကမှာ
လူလေးစား ရှိကြတယ်။ သင်က ဘယ်လိုလူမျိုးလဲ။



Tuesday 19 August 2008

သီလဆိုတာ

သီလဆိုတာ ကိုယ်နှုတ်များကို၊ ကောင်းစွာထားဖို့ စောင့်ရသလေ။

ကိုယ်နှုတ်လုံလျှင် လူယဉ်ကျေးကွယ့်၊ ကောင်းကျိုးပေးမြဲ အမှန်ပေ။

စိတ်ပါလုံလျှင် ပိုလို့ကောင်းသကွယ့် ၊ ကောင်းသထက်ကောင်းအောင်ကျိုးစားလေ။

စိတ်ပါလုံအောင် ဘာဝနာပွားဖို့၊ မြတ်ဘုရားက မိန့်ခဲ့ပေ။

ကိုယ်နှုတ်စိတ်ထား၊ ဤသုံးပါး ၊ လုံငြားချမ်းသာပေ။

သီလ၏အကျိုး

ကောင်းဆိုးနှစ်တန် ကံတရားနှင့်၊ သုံးပါးရတနာယုံလျှင်လေ။
ဆိုးကံပြုရန် ရှက်ကြောက်များလို့၊ သီလတရားလုံခြုံပေ။
သီလလုံလျှင် ကြည်ရွှင်လန်းလို့၊ ၀မ်းသာအားရနှစ်သိမ့်ပေ။
နှစ်သိမ့်သောခါ ကိုယ်စိတ်ငြိမ်းလို့၊ ငြိမ်းအေးချမ်းသာရသလေ။
ချမ်းသာလေဘိ ၊ သမာဓိ၊ ရ၏ဥာဏ်မြင်တွေ။

ီိသီလပျက်စီးခြင်း၏ ဆိုးကျိုးများ

သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ ပျက်စီးငြားမှု၊ စီးပွားလည်းပျက်၊
နာမည်ပျက်၍၊ ရွံ့ရှက်ကြောက်လျင်း၊ ပွဲလယ်ချဉ်း၏၊
သေခြင်းဆိုက်လတ်၊ သတိလွတ်လျက်၊ ရောက်လတ်ဒုဂ္ဂတိ၊
ဆင်းရဲဖိသည်၊ ရ၏ဆိုးကျိုးများစွာတည်း။။

သီလစင်ကြယ်ခြင်း၏ ကောင်းကျိုးများ

သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမှု၊ စီးပွားတိုးလျက်၊
နာမည်တက်၍၊ ရွ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏၊ သေခြင်းဆိုက်လတ်၊
သတိကပ်လျက်၊ ရောက်လတ်နတ်ဝယ်၊]ဤငါးသွယ် ၊ရဖွယ်ကောင်းကျိုးတည်း။။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

ငါးအာရုံ အင်အစု
ခင်မှုနှင့် နေ့ကုန်
နင်ယခု မေ့ပုံလို
တွေ့မကြုံ စခန်း။

ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ ခမန်း။

အောက်ဝီစိ သောင်းအငူမှာ
ခေါင်းမပြူ စတမ်း။

နှစ်အရှည် နစ်မည်လမ်းကိုလ
နင်မျှောစမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်
နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်။

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှူံးနင့်ပြင် ရှိသေးလေလိမ့်လား။

Monday 18 August 2008

ကံ - ကံ၏အကျိုး

၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်။
၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်။
၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။
၉။ ကောင်းဆိုးနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

``မြတ်ယုတ်မျိုးရိုး ၊ တန်းခိုးထင်တိမ်၊ စည်းစိမ်သုခ၊ ရမရနှင့်၊ ရောဂါနည်းများ၊ ပိုင်းခြားခန့်တွက်၊ အသက်တိုရှည်၊ လှသည်ရှုပ၊ မလှရုပ်ပါ၊ ပညာရှိမဲ့၊ တစ်ဆယ့်လေးပါး၊ ဤအပြားလည်း၊ သိကြားပရမီသွာ၊ ဗြဟ္မာနတ်ခေါင်၊ တောတောင်မီးရေ၊ မိုးလေခပင်း၊ ဖန်ဆင်းမတတ်၊ ကမ္မဿကာ၊ မှတ်ထင်ရာသည်။´´

Saturday 16 August 2008

မေတ္တာဟူသည်

မေတ္တာဟူသည် ချစ်ခင်မှု၊ အစိုဓာတ်၊ အစေးဓာတ်ဖြင့် စေးကပ်တတ်သောတရားဖြစ်၏၊
ထို့ကြောင့် ဆရာတို့ကမိတ်ဆွေအပေါ်၌ ဖြစ်သောတရားသည် မေတ္တာတရား သည်မေတ္တာတရားဟုဆိုကြ၏
မိတ်ဆွေဟူသည် တစ်ဦးနှင့်တစ်ဦး အစေးကူးသူများ၊အစေးကပ်သူမျာဖြစ်၏။ ထိုအစေးသည် 'ချစ်ခင်မှုမေတ္တာ'
အစေးဖြစ်၏။ တစ်ဦးနှင့်တစ်ဦး မေတ္တာထားနိုင်မှ မိတ်ဆွေဖြစ်၏၊ တစ်ဦးနှင့်တစ်ဦးအစေးကူးနိုင်မှ မိတ်ဆွေဖြစ်၏။
မေတ္တာ၏ တရားကိုယ်ကားအဒေါသစေတသိတ်ဖြစ်၏။ အဒေါသစေသတိတ်နှင့် သတ္တ၀ါတစ်ဦးဦးအပေါ်ကို အာရုံပြုလျှင် ထိုစိတ်သည် စိုဖပ်ဖပ်စေးကပ်လျှက်အာရုံပြုသည်။
ဒေါသ၏ဆန့်ကျင်ဘက်ပြောင်းပြန်အနေအထားနဲ့ကြည့်ပါက မေတ္တာ၏သဘောပေါ်လွင်၏။ ဒေါသသည်စိတ်ကိုဖျတ်ဆီးတတ်သည်။ရုပ်ကိုလည်း ဖျတ်ဆီးတတ်သည်။ အရာအားလုံးကို ဖျတ်ဆီးတတ်
သည်။ မေတ္တာကစိတ်ကိုလည်းကောင်းအောင်ပြုသည်၊ ရုပ်ကိုလည်းကောင်းအောင်ပြုသည်။အရာအားလုံးကိုလည်း
ကောင်းအောင်ပြုသည်။ ဒေါသက စိတ်ကိုလည်းဆိုးစေသည်၊ ရုပ်ကိုလည်းဆိုးစသည် အရာအားလုံးကိုဆိုးစေသည်။ မေတ္တာကစိတ်ကိုလည်းလှစေသည် စိတ်ကိုလည်းလှစေသည်။အရာအားလုံးကို
လှစေသည်။
ဒေါသက ခက်ထန်သည်။ ကြမ်းတမ်းသည်။ပူလောင်သည်။ မေတ္တာကနူးညံ့သည်။ သိမ်မွေ့သည်၊ ပြေပြစ်သည်။
အေးချမ်းသည်၊ ဒေါသက အဖျက်သမားဖြစ်သည်၊ မေတ္တာကအပြုသမားဖြစ်သည်။ မေတ္တာသည်တစ်ပါးသူတို့၏
အကျိုးစီးပွားကို ကျင့်သည်။တစ်ပါးသူတို့၏ အကျိုးစီးပွားကိုသယ်ပိုးဆောင်ရွက်သည်။

မေတ္တာအကျိုး (၁၁)မျိုး

မေတ္တာပွားများသူသည် ချမ်းချမ်းသာသာအိပ်ရ၏။ ချမ်းချမ်းသာသာနိုးရ၏၊ အိပ်မက်လှလှမြင်မက်ရ၏ ၊ လူအများချစ်ခင်၏၊ နတ်အများချစ်ခင်၏။ နတ်အများစောင့်ရှောက်၏၊ မီး၊ အဆိပ်၊လက်နက်စသည်ပြီး၏။
စိတ်တည်ကြည၊ မျက်နှာအဆင်းကြည်လင်၏။ သတိဖြင့်သေမင်းကို ရင်ဆိုင်၏။ နောင်တမလွန် ဗြဟ္မာပြည်လားရာ၏


ဒါနနှင့်မေတ္တာ

'တစ်နေ့သုံးခါ အိုးတစ်ရာဖြင့် ချက်ကာထမင်း ကျွေးမွေးခြင်းထက် မယွင်းစင်စစ်၊ နို့တစ်ညှစ်စာကြိမ်သုံးခါမျှ၊ မေတ္တာပွားများကျိုးကြီးမားသည်၊ ဗုဒ္ဓမြတ်စွာ မိန့်ခွန်းတည်း။'
တတ်နိုင်သူတစ်ဦးက ထမင်းအိုးတစ်ရာ၊ ဟင်းအိုးတစရာဖြင့် နံနက်၊ နေ့၊ ည တစ်နေ့သုံးကြိမ်အလှူကြီးပေးလှူ၏။
ထိုမျှမတတ်နိုင်သူတစ်ဦးက '္တစကြ၀ဠာ အနန္တ၊ သတ္တ၀ါအနန္တ ကျန်းမာပါစေ၊ချမ်းသာပါစေ'ဟု နွားနို့တစ်ညှစ်စာမျှ
နံနက်၊ နေ့၊ည သုံးကြိမ်မေတ္တာပို့၏။ မေတ္တာဘာဝနာပွားများ၏။ ဒါနသမားထက် မေတ္တာသမားကပိုကုသိုလ်ရသည်။
ပိုအကျိုးကြီးသည်။ (နိဒါန၀ဂသံယုတ်၊ သြက္ခာသုတ်)

Friday 15 August 2008

ဆုံးမသြ၀ါဒ

ပုထုစဉ်ပီပီမကောင်းမှုမှပျော်တက်သောစိတ်ကိုကိုသိုလ်ကောင်းမှု၌ပျော်နိုင်စေရန်
ရည်သန်၍ မစိုးရိမ်ဆရာတော်ကြီးက အောက်ပါသြ၀ါဒကိုပေးသနားတော်မှုခဲ့ပါ
သည်..ခိုင်းစေမှလုပ်တက်သူကို
ကျွန်မျိုးမှတ်၊အခါအခွင့်ကိုကြည့်ပြီးမိမိအလိုလိုလုပ်သင့်သမျှအလုပ်ကိုလုပ်တက်သောသူကို
သခင်မျိုးမှတ်၊လုပ်ငန်းအရပ်ရပ်၌သာရာစရာအသာဒနှင့်အပြစ်တင်စရာအာဒီနဝ
နှစ်မျိုးရှိတက်သည်။ အသင့်အတင့်နှလုံးသွင်းခြင်းတို့ဖြင့်ထိုနှစ်မျိုးလုံးကိုသည်းခံနိုင်အောင်
ကျင့်ရမည်။မိမိကိုသူများချီးမြှောက်စေလိုလျှင်မိမိကအရင်ဦးအောင်သူများကို
ချီးမြှောက်ပါလေ။

မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ်တွင်လည်း..


"နောင်ရင်းညီရင်း ၊နွယ်မကင်းသား၊ သားရင်းမျိုးဖော်
အကျော်ထင်ရှား၊ ဆွေတော်များကို၊တရားမပျက်
မေတ္တာဆက်၍၊ မဖျက်ဆီးမှု၊ ချီးမြှောက်ပါလော
သူ့ကို့ချီးမြှောက်၊ကိုယ့်ဂုဏ်မြောက်၏၊
ယွင်းဖောက်အလို ၀န်မတိုနှင့်
သူ့ကိုဂုဏ်နှိမ့်ကိုယ့်ဂုဏ်နိမ့်၏" ဟုစပ်ဆိုထားပါသည်။

မိမိကိုသူတပါးက လေးစားလိုလျှင်မိမိကအလျင်ဦးအောင် သူတစ်ပါးကိုလေးစားပါလေ။ မိမိကိုသူများက ပူဇော်စေလိုလျှင် မိမိကအရင်ဦးအောင် သူများကိုပူဇော်ပါလေ။မိမိကိုသူတပါးက ရှိခိုးကျိုးနွံစေလိုလျှင် မိမိကအလျင်ဦးအောင် သူများကိုရှိခိုးကျိုးနွံပါလေ။ မိမိမကျေနပ်သောကာယကံဝစီကံများကို အခြားလူများကလည်း ကျေနပ်လိမ့်မည်မဟုတ်ဟု ကိုယ်ချင်းစာပါ။
အကောင်းကြိုက်လျှင် သူများထက်ပိုပြီးအပင်ပန်းခံရမည်ကို မကြောက်ပါနှင့်။ ဘုရားဝတ်တက်လိုစိတ်မရှိလျှင်
ပေ၍၀တ်တက်ဝတ်ကပ်ပြုပါ။ တံမြတ်လှည်းခြင်းစသော သေနာသန၀တ်များကိုပြုလုပ်လိုစိတ်မရှိလျှင် ပေ၍အဆိုပါဝတ်များကိုပြုပါ။စာအံ၊စာကျက်၊ စာကြည့်လိုစိတ်မရှိလျှင် ပေ၍စာအံ၊ စာကျက်၊စာကြည့်ကျင့်ကို ကျင့်ပါ။အချုပ်အားဖြင့် ကုသိုလ်ရေးရာအလုပ်ဟူသမျှကိုလုပ်လို စိတ်မရှိသော်လည်းပေ၍လုပ်ပါလေ။
(ကျေးဇူးတော်ရှင်ပထမ မစိုးရိမ် ဆရာတော်ဘုရားကြီး)

အားမှသေမှာလား သေမှအားမှာလား



ကမ္ဘာပေါ်မှာနေ့စဉ်နှင့်အမျှ
လူတွေမရေမတွက်နိုင်အောင် သေနေကြတာ၊
အားလို့သေတဲ့ မသာ
တစ်ယောက်မှမရှိပါဘူး။
အားတဲ့ကြားထဲက
သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူကိုလည်းခေါ်မှာပါ၊
မအားတဲ့သူကိုလည်းခေါ်မှာပါ၊
သေမင်းမှာတပည့်မွေးပြီး
တပည့်မွေးပြီး လူရွေးတဲ့သူမရှိပါဘူး။
ဒီတော့မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေး လိုက်သွားရမှာပဲ
ဆိုတာကို ကြိုတင်ပြီးတော့
နှလုံးသွင်းဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့
တရားဓမ္မကို
မျက်နှာလွှဲတဲ့အဖြစ်ကို
ရောက်မှာမဟုတ်တော့ပါဘူး။
(အရှင်ဆန္ဒာဓိက)

အားမှလုပ်မယ် အားမှလုပ်မယ်ဆိုပြီး အားရက်ကိုစောင့်မယ်ဆိုလို့ရှိရင်
"ခေါင်း"ထဲဝင်တဲ့နေ့ပဲ။ ဒီလိုဖြစ်ရင် အားရက်ကို မစောင့်နဲ့တော့။
ဒီကနေ့သည် ကိုယ့်အတွက်မနက်ဖြန်သည်ကို့်အတွက် မဟုတ်ဘူးလေ။အနာဂတ်ဆိုတာ
မသေချာဘူးတဲ့။ မတော်ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက်မကွေးခင်
ဆိုသလို ညသေသွား ဘယ်နှယ်လုပ်မလဲ ကိုယ်ကျိုးမနည်းဘူးလား။
(၀ိပဿနာမြင်ကွင်းဓမ္မရသစာစုမှ)

Friday 1 August 2008

“ မိမိ ကိုယ်ပိုင် စာရိတ္တ အရှိ စာရင်း ”

- ကိုယ့် ကတိကို တည်အောင်ထိန်းပါ ။
- အားလုံးကို ကြင်နာသနားပါ ။
- ကိုယ့် ကို ကိုယ်ညှာတာပါ ။
- ရိုးသားပါ ။
- အားမာန်သစ်မွေးပါ ။
- မိမိ၏ ပင်ကိုစွမ်းရည်ကို ဖော်ထုတ်ပါ ။