Saturday 16 August 2008

မေတ္တာဟူသည်

မေတ္တာဟူသည် ချစ်ခင်မှု၊ အစိုဓာတ်၊ အစေးဓာတ်ဖြင့် စေးကပ်တတ်သောတရားဖြစ်၏၊
ထို့ကြောင့် ဆရာတို့ကမိတ်ဆွေအပေါ်၌ ဖြစ်သောတရားသည် မေတ္တာတရား သည်မေတ္တာတရားဟုဆိုကြ၏
မိတ်ဆွေဟူသည် တစ်ဦးနှင့်တစ်ဦး အစေးကူးသူများ၊အစေးကပ်သူမျာဖြစ်၏။ ထိုအစေးသည် 'ချစ်ခင်မှုမေတ္တာ'
အစေးဖြစ်၏။ တစ်ဦးနှင့်တစ်ဦး မေတ္တာထားနိုင်မှ မိတ်ဆွေဖြစ်၏၊ တစ်ဦးနှင့်တစ်ဦးအစေးကူးနိုင်မှ မိတ်ဆွေဖြစ်၏။
မေတ္တာ၏ တရားကိုယ်ကားအဒေါသစေတသိတ်ဖြစ်၏။ အဒေါသစေသတိတ်နှင့် သတ္တ၀ါတစ်ဦးဦးအပေါ်ကို အာရုံပြုလျှင် ထိုစိတ်သည် စိုဖပ်ဖပ်စေးကပ်လျှက်အာရုံပြုသည်။
ဒေါသ၏ဆန့်ကျင်ဘက်ပြောင်းပြန်အနေအထားနဲ့ကြည့်ပါက မေတ္တာ၏သဘောပေါ်လွင်၏။ ဒေါသသည်စိတ်ကိုဖျတ်ဆီးတတ်သည်။ရုပ်ကိုလည်း ဖျတ်ဆီးတတ်သည်။ အရာအားလုံးကို ဖျတ်ဆီးတတ်
သည်။ မေတ္တာကစိတ်ကိုလည်းကောင်းအောင်ပြုသည်၊ ရုပ်ကိုလည်းကောင်းအောင်ပြုသည်။အရာအားလုံးကိုလည်း
ကောင်းအောင်ပြုသည်။ ဒေါသက စိတ်ကိုလည်းဆိုးစေသည်၊ ရုပ်ကိုလည်းဆိုးစသည် အရာအားလုံးကိုဆိုးစေသည်။ မေတ္တာကစိတ်ကိုလည်းလှစေသည် စိတ်ကိုလည်းလှစေသည်။အရာအားလုံးကို
လှစေသည်။
ဒေါသက ခက်ထန်သည်။ ကြမ်းတမ်းသည်။ပူလောင်သည်။ မေတ္တာကနူးညံ့သည်။ သိမ်မွေ့သည်၊ ပြေပြစ်သည်။
အေးချမ်းသည်၊ ဒေါသက အဖျက်သမားဖြစ်သည်၊ မေတ္တာကအပြုသမားဖြစ်သည်။ မေတ္တာသည်တစ်ပါးသူတို့၏
အကျိုးစီးပွားကို ကျင့်သည်။တစ်ပါးသူတို့၏ အကျိုးစီးပွားကိုသယ်ပိုးဆောင်ရွက်သည်။

မေတ္တာအကျိုး (၁၁)မျိုး

မေတ္တာပွားများသူသည် ချမ်းချမ်းသာသာအိပ်ရ၏။ ချမ်းချမ်းသာသာနိုးရ၏၊ အိပ်မက်လှလှမြင်မက်ရ၏ ၊ လူအများချစ်ခင်၏၊ နတ်အများချစ်ခင်၏။ နတ်အများစောင့်ရှောက်၏၊ မီး၊ အဆိပ်၊လက်နက်စသည်ပြီး၏။
စိတ်တည်ကြည၊ မျက်နှာအဆင်းကြည်လင်၏။ သတိဖြင့်သေမင်းကို ရင်ဆိုင်၏။ နောင်တမလွန် ဗြဟ္မာပြည်လားရာ၏


ဒါနနှင့်မေတ္တာ

'တစ်နေ့သုံးခါ အိုးတစ်ရာဖြင့် ချက်ကာထမင်း ကျွေးမွေးခြင်းထက် မယွင်းစင်စစ်၊ နို့တစ်ညှစ်စာကြိမ်သုံးခါမျှ၊ မေတ္တာပွားများကျိုးကြီးမားသည်၊ ဗုဒ္ဓမြတ်စွာ မိန့်ခွန်းတည်း။'
တတ်နိုင်သူတစ်ဦးက ထမင်းအိုးတစ်ရာ၊ ဟင်းအိုးတစရာဖြင့် နံနက်၊ နေ့၊ ည တစ်နေ့သုံးကြိမ်အလှူကြီးပေးလှူ၏။
ထိုမျှမတတ်နိုင်သူတစ်ဦးက '္တစကြ၀ဠာ အနန္တ၊ သတ္တ၀ါအနန္တ ကျန်းမာပါစေ၊ချမ်းသာပါစေ'ဟု နွားနို့တစ်ညှစ်စာမျှ
နံနက်၊ နေ့၊ည သုံးကြိမ်မေတ္တာပို့၏။ မေတ္တာဘာဝနာပွားများ၏။ ဒါနသမားထက် မေတ္တာသမားကပိုကုသိုလ်ရသည်။
ပိုအကျိုးကြီးသည်။ (နိဒါန၀ဂသံယုတ်၊ သြက္ခာသုတ်)

No comments: