Saturday 27 April 2013

ရုပ်လှချင်ရင် ဂုဏ်တော်ပွားပါ

တကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင် မကပါဘူး။ ရုပ်ကိုလည်း လှစေတာပါ။ ဂုဏ်တော်ကို နေ့စဉ်ပွားနေ ရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်...းလဲ ကြည်လင်လာမယ်။ စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာရင် သွေးသားတွေ ပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ သေွး သားတွေ ပြောင်း လဲကြည်လင်လာတဲ့ အတွက် မျက်နှာရုပ်အဆင်းပါ ပြောင်းလဲ ကြည်လင်လာတော့တာပါ။ ရုပ်ကိုလှလို၊ ဂုဏ်တော်ကို ပွားကိုပွားရမယ်။ ဆိုလိုတာက ဂုဏ်တော်နဲ့ ကိုယ့် ရုပ်ကို ပြောင်းလဲယူလို့ရပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက တပည့်တွေကို ပြောပြထားတာ ရှိပါတယ်။ ဆရာတော်ဘုရားက သူ့ဘဝမှာတစ်ဘဝတည်းနဲ့ ရုပ်သုံးမျိုး ထွက်နေပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပထမအရွယ် ဆရာတော်ဘုရား ရဟန်းငယ်ငယ်ဘဝ အသက် ၂ဝ အရွယ်အထိ မျက်နှာကကြည်ပြီးချိုနေပါတယ်တဲ့။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်၂ဝ ကျော်ဘဝမှာဆရာတော်ဘုရားရဲ့ မိဘတွေက စီပွားရေးတွေ လျှောကျဆုံးရှုံးကုန်ပါတယ်။ အဲဒီတော့ ဆရာတော်ဘုရားရဲ့ မိဘတွေကိုပတ်ဝန်းကျင်က ခပ်တင်းတင်း၊ ခပ်ထန်ထန်ဆက်ဆံလာပါ တယ်။ မိဘတွေကို ဆက်ဆံရုံတင်မကပါဘူး။ ဆရာတော်ဘုရားကိုပါ ခပ်တင်းတင်း ဆက်ဆံလာပါတယ်။ တစ်ဆင့်တက်ပြီး သီတင်းသုံးဖော်တွေကပါ ဆရာတော်ဘုရားကို စီးစီးပိုးပိုး ဆက်ဆံလာတယ်။ ဒါကြောင့် ဆရာတော်ဘုရားကလည်း မခံချင်စိတ်နဲ့ မျက်နှာကိုခပ်ထန်ထန် တည်ထား၊ တင်းထားလိုက်ပါတယ်တဲ့။ ဒီတော့ ဆရာတော်ဘုရားရဲ့မျက်နှာက အမြဲတမ်း တင်းနေပါတော့တယ်။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်အရွယ်ကလေးလည်းရလာတော့ ဆရာတော်ဘုရားက သူ့မျက်နှာကလေး ကိုပြန်ကြည့်ပြီး ''ဟယ်... ငါ့မျက်နှာကတင်းနေတာပဲ။ မဖြစ်သေးပါဘူး။ ငါ့ရဲ့ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ စစ်ကိုင်းဂန္ဓာရုံ ဆရာတော်ဘုရားက ဗုဒ္ဓါနုဿတိဘာဝနာတွေ ပွားများပြီးတော့မှ မျက်နှာကြည်လင် အောင်လုပ်ခဲ့တယ်။ ငါလည်းပဲ ဗုဒ္ဓါနုဿတိကို ပွားပြီးတော့မှ မျက်နှာကြည်လင်အောင်ပြန်လုပ်ဦးမှပဲ''လို့ ဆိုပြီး ဗုဒ္ဓါနုဿတိကိုပွားလည်းပွားရော မျက်နှာက ပြန်ကြည်ပြီးဝင်းလာခဲ့တယ်။ ဘဝတစ်ခုနာါဒမှာ ပထမအရွယ်မှာမျက်နှာကချိုနေတယ်။ ဒုတိယအရွယ်မှာမျက်နှာက တင်းလာတယ်။ တတိယအရွယ်မှာ မျက်နှာက ပြန်ချိုလာတယ်။ ပြန်ပြီးတော့ ကြည်လာတယ်။ ဆရာတော်ဘုရားကကိုယ်တိုင်ပြောပြထားတာပါ။ ဆရာတော် ဘုရားရဲ့ ဓာတ်ပုံတွေကို သတိထားကြည့်ရင် သိသာပါတယ်။ သက်တော်ငယ်ငယ်ကပုံဆိုရင် မျက်နှာက ချိုနေပါတယ်။ အလယ်အလတ်ဆိုရင် မျက်နှာကတင်းနေပါတယ်။ သက်ကြီးပိုင်းရောက်လာတော့ ဆရာတော့်မျက်နှာက ချိုပြီးတော့မှ ကြည်လင်နေပါတယ်။ မျက်နှာတော်မြင်လိုက်ရတာနဲ့ စိတ်ကို အေးချမ်းသွားတော့တာပါ။ ညောင်ပင်အောက်မှာ တင်ပျဉ်ခွေထိုင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံဆို မြင်ရသူတိုင်းစိတ်အေးချမ်းသွားကြတာပါ။ ဆရာတော်ဘုရားက ဂုဏ်တော်ပွားပြီး မျက်နှာကိုပြောင်းလဲခဲ့ပါတယ်။ ဂုဏ်တော်ပွားရင်ရုပ်လှစေတယ်ဆိုတာ ဆရာတော်ဘုရားရဲ့ကိုယ်တွေ့ သာဓကတစ်ခုပါ။ ဆရာတော်ဘုရားရဲ့ မျက်နှာကိုကြည့်ရင် သိနိုင်ပါတယ်။ နောက် ဝိပဿနာအခြေခံသမာဓိရစေတယ်ဆိုတာက ဂုဏ်တော်ပွားရင်ဥပစာရသမာဓိအထိ ရပါတယ်။ ခဏိကသမာဓိရရင်ပဲ ဝိပဿနာတရားအားထုတ်လို့ ရပြီဆေို တာ့  ဥပစာရသမာဓိဆို အထူးပြောစရာ မလို တော့ပါဘူး။ ပိုလို့တောင်ကောင်းပါသေးတယ်။ ဝိပဿနာ တရားအားထုတ်သူ တွေအတွက်လည်းပဲ အလိုအပ်ဆုံး ၀ိပဿနာအခြေခံ သမာဓိကို ရသွားတော့တာပါ။ Crd : ရဝေနွယ် (အင်းမ) Monday, April 22 - 28 , The Voice JournalSee More

No comments: