Monday 30 March 2009

အချိန်မှီနောင်တ

မြင်သူရင်မော
တပ်မက်မောတဲ့
လှသွေးကြွယ်ဒေ၀ီ
မဟေသီလေမို့
ငါ၏ အလှဂုဏ်ထွန်းလင်းသည်ကို
ငါသည်ကြည်နှုးခဲ့ပြီလေ။

ငါပျိုးသည်ပန်း
အသွင်ဆန်း၍
လန်းဆန်းတင့်တယ်
ဤမြေပြင်ဝယ်
လှရက်ပေသည်
မြင်သူလိုချင် တပ်မက်မောသမို့
ငါသည်ကြည်နှုး ရပြီလေ။

ခုတော့ ငါသည်
လှပမှုကင်း
ရွယ်အိုသက်ဆင်း
နောက်ဆုံးလမ်းသို့ လျှောက်နေပြီမို့
ပန်းနှင့်ထပ်တူ
ကြွေကျမည်ကို
တွေးကာဝမ်းနည်း
ကုန်ချိန်တမ်းတ
သံဝေဂထားလျက်
မြတ်တရား ကျင့်ကြံပွားကာ
နေ၀င်ချိန်ကို စောင့်စားရပြီလေ.။။

ငြိမ်းအေးထွန်း (၀န်းသို)
www.nyeinayetun.blogspot.com



Type the rest of your post here.

No comments: