Tuesday 11 December 2012

မေတ္တာဟူသည် ညီမျှခြင်း



မေတ္တာ၏ အခြေခံသည် ကိုယ်ချင်းစာ၊ ကိုယ်ချင်းစာတရားကသာလျှင် မေတ္တာတရားကို မွေးဖွားပေးပြီး
တော့ ‘ မေတ္တာဟူသည် ညီမျှခြင်း အဓိပ္ပာယ်ကို ပေါ်ပေါ်လွင်လွင် ဖော်ဆောင်ပါလိမ့်မယ်။ လိုလျှင်ကူ၊ မလိုလျှင် ငြူစူ၊ တစ်ဖက် ကူသလိုလိုနှင့် ကိုယ့်ဘက် အရချူနေတာ မေတ္တာမဟုတ်ပါ။။
တစ်နေ့သုံးခါ၊ အိုးတစ်ရာ၊ ချက်ကာ ကျွေးထမင်း
နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါ၊ မေတ္တာပို့လွှတ်သွင်း
ဤနှစ်ဦးတွင်၊ မေတ္တာရှင်၊ သာပင်သာဘိခြင်း။

အိုးတစ်ရာနဲ့ ထမင်းချက်ပြီး တစ်နေ့သုံးခါ ကျွေးမွေးဒါနပြုခြင်းထက်…တစ်နေ့သုံးခါ နို့တစ်ညှစ်စာ
မေတ္တာပို့ခြင်းက ပိုပြီးစွမ်းအားကြီးတယ်လို့ ဆိုလိုပါတယ်။

မေတ္တာစိတ်ဆိုတာ..သတ္တ၀ါခပ်သိမ်းတို့အပေါ် နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေချင်တာ၊
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေချင်တာ၊ မငြူမစူ ကြည်ဖြူတာ၊ ဆင်းရဲကင်းစင် ချမ်းသာစေချင်တာ၊
အထင်သေးအမြင်သေး မခန့်လေးစားမလုပ်တာ၊ မိမိကိုယ်နှင့် အမျှထားတာတွေဟာ မေတ္တာစိတ်ပါပဲ။
မိမိ၏ တစ်ဦးတည်းသော သားသမီးအပေါ်ထားသော မေတ္တာစိတ်မျိုးဖြင့် သတ္တ၀ါအားလုံးနှင့် သင့်တင့်မျှတအောင် ဆက်ဆံတက်ပါလျှင် သူ့မှာ ဖြစ်ပေါ်နေသော ရာဂ ဒေါသ စတဲ့ ကိလေသာများ၊
အကုသိုလ်များကိုပင် ဖျက်ဆီးသုတ်သင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး



No comments: